Read more about the article ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ
ကလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးရေး အတွက် ကလေးတွေကို ငယ်ငယ်ကတဲက စလို့ ပုံမှန် စာဖတ်ပြသင့်ပါတယ်။

ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် ကလေးတွေကို စာကျယ်ကျယ် ဖတ်ပြခြင်းအားဖြင့် သူတို့ရဲ့ ဦးဏှောက်ထဲက စကားလုံးတွေ နားလည်နိုင်မှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းနဲ့ စိတ်ကူးဉာဏ် ကွန်းမြူးမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေဟာ ပိုမိုအလုပ်လုပ် ပြီး အားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒီလို စာဖတ်ပြခြင်း ခံရတဲ့ ကလေးတွေ ကျောင်းတက်လို့ စာစသင်တဲ့ အခါမှာ စကားလုံးတွေကို နားလည်နိုင်စွမ်းနဲ့ စာကြောင်းတွေ နားလည်နိုင်စွမ်း အားကောင်းလို့ စာဖတ်သင်ရတာ ပိုလွယ်တယ်လို့ ဆိုကြပါတယ်။ ကလေးတွေကို စာဖတ်ပြရာမှာ ဘယ်အရွယ်ကမဆို စတင်ဖတ်ပြ နိုင်ပါတယ်။ ကလေးမွေးကင်းစ လသားအရွယ်ကတဲက စတင်ဖတ်ပြခြင်းအားဖြင့် ကလေးရဲ့ စကားလုံးတွေ နားလည်နိုင်စွမ်းအား ကောင်းလာနိုင်တယ်လို့တောင် အချို့ကလေး ဖွံ့ဖြိုးမှု ပညာရှင်တွေက ဆိုကြပါတယ်။ အထူးသဖြင့် ကလေးကို ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကား တစ်ခုခုမှာ ထူးချွန်စေချင်ရင် (ဥပမာ အင်္ဂလိပ်စာ ထူးချွန်စေချင်ရင်) ဒီဘာသာစကားနဲ့ ရေးသားထားတဲ့ ပုံပြင်နဲ့ အခြားစာအုပ်တွေကို ကလေးစ စကားမပြောတတ်မီ အချိန်ကတဲက ပုံမှန်ဖတ်ပြနေရင် ဒီဘာသာစကားကို သင်တဲ့အခါမှာ ပိုမိုလွယ်ကူနိုင်တယ်လို့ ဆိုကြပါတယ်။ အောက်မှာ ကလေးကို အသံကျယ်ကျယ်နဲ့ စာဖတ်ပြသင့်တဲ့ အကြောင်း (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) စာဖတ်နိုင်အားကို ကောင်းစေတယ် စာဖတ်ခြင်းကြောင့် စာဖတ်နှုန်း မြန်လာစေသလို စကားလုံးတွေကို မှတ်မိမှု၊ စကားလုံးတွေကို နားလည်မှုလဲ တိုးတက်လာပါတယ်။ ဒါ့အပြင် ဒီစကားလုံးတွေရဲ့ အသုံးအနှုံး (usage) လဲ နားလည်သဘောပေါက်လာစေပါတယ်။…

Continue Readingဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ
Read more about the article ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ
ကလေးကို မရိုက်ပဲ ဆုံးမနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ

  • Post author:
  • Post category:Parenting

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကလေးတွေကို ဆုံးမတဲ့ နေရာမှာ ဘာ့ကြောင့် မရိုက်သင့်တာလဲ ဆိုတာကို ရေးသားခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ကလေးတွေကို မရိုက်ပဲနဲ့ ဘယ်လိုစည်းကမ်း ထိန်းသိမ်းမလဲ ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို တိုးတက်အောင်မြင် ဖြစ်ထွန်းစေချင်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ သားသမီးတွေ ဖြစ်ဖို့ လိုအပ်သလို သင်ကြားပေးတာ၊ လိုအပ်သလို စည်းကမ်းထိန်းသိမ်းတာတွေ ပြုလုပ်ကြရပါတယ်။ ဒီလိုစည်းကမ်းထိန်းတဲ့ နေရာမှာ၊ သင်ကြားပေးတဲ့ အခါမှာ တစ်ခါတစ်ရံ ပြောရဆိုရ ခက်တဲ့အခါမျိုးမှာ ကလေးကို ရိုက်နှက်ဆုံးမ ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို ရိုက်နှက်ဆုံးမရင် ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများတတ်တာမို့ မရိုက်သင့်ပါဘူး။ ဒါဆိုဘယ်လို ကလေးကို စည်းကမ်းထိန်းမလဲ။ ဘယ်လို ကိုယ်ညွှန်ကြားချက်အတိုင်း လိုက်ပါဆောင်ရွက်အောင် လုပ်မလဲ။ ကလေးတွေကို စည်းကမ်းထိန်းတဲ့နေရာမှာ ပထမဆုံး အောက်ပါအချက်တွေကို သတိပြုဖို့ လိုအပ်ပါတယ်။ စောစောစီးစီး စပါ။ ကလေးငယ်ငယ်လေး ကတဲက စည်းကမ်းကို စထိန်းပါ။ ကလေးငယ်တုန်းမှာ လုပ်ချင်ရာ လုပ်ခွင့်ပေးထားပြီး အသက် ၅ နှစ် ၆ နှစ်လောက် ကျတော့မှ ရုတ်တရက် ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ထလုပ်ရင် ကလေးက ဘာကြောင့် အခုမှ လာပြီး စည်းကမ်းတွေ တင်းကြပ်ရတာလဲ ဆိုတာကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးငယ်စဉ်ကတဲက စည်းကမ်းကို စပြီး ထိန်းပါ။ကလေးတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းရမယ့် အမူအကျင့်တွေကို ကြိုတင်ပြီး ကလေးတွေ နားလည်အောင် ရှင်းပြထားပါ။ ကလေးက သူဘာ့ကြောင့် အပြစ်ပေး ခံရလဲ ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဥပမာ - အခြားကလေးတွေကို မကိုက်ရဘူး ကိုက်ရင် အပြစ်ပေးခံရမယ် ဆိုတာကို ကြိုပြီး ရှင်းပြထားပါ။ ကြိုမရှင်းပြပဲ (ကြိုပြီး စည်းမျဉ်းမထုတ်ထားပဲ) ဖြစ်လာမှ ထပြီး အရေးယူ အပြစ်ပေးရင် ကလေးက ဘာလို့အပြစ်ပေး ခံရမှန်း နားမလည် ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ဥပဒေကို အရင်ထုတ်ပါ။ကလေးနဲ့ လိုက်ဖက်တဲ့ အပြစ်ဒါဏ်ပေးမှုကို ကျင့်သုံးပါ။ ကလေးရဲ့ အသက်အရွယ် အလိုက် အပြစ်ဒါဏ် ပေးသင့်တဲ့ အမူအကျင့်ကို ကြိုတင်သတ်မှတ်ပါ။ ဥပမာ - လသားလေးက အမေကို ကိုက်ရင် သူကိုက်ချင်လို့…

Continue Readingကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ
Read more about the article ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ
ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေနိုင်ပါတယ်။

ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ

  • Post author:
  • Post category:Parenting

မိဘတော်တော်များများဟာ ကလေးတွေ ပြောမရ ဆိုမရ ဖြစ်လာရင် စိတ်တိုပြီး ကလေးကို ရိုက်ချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ တချို့မိဘတွေကလဲ စိတ်မထိန်းနိုင်ပဲ ကလေးကို ရိုက်မိတတ်ကြပါတယ်။ အချို့ရှေးဆန်တဲ့ မိဘတွေကတော့ ကလေးကို ရိုက်နှက်ဆုံးမဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ရှိကြပါတယ်။ ဒီခေတ်မှာတော့ မိဘ တော်တော်များများဟာ ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက် နားလည်လာကြပေမယ့် စိတ်ဒေါသအလျှောက် တခါတလေ ရိုက်နှက်မိ တတ်ကြပါတယ်။ ဒါ့ကြောင့် ဘာကြောင့် ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မပြုလုပ်သင့်ဘူးလဲဆိုတဲ့ အကြောင်း (၉) ချက်ကို အောက်မှာ တင်ပြဆွေးနွေးထားပါတယ်။ (၁) ရိုက်နှက်ဆုံးမတာဟာ ကလေးကို “အားကြီးသူက မှန်တယ်” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို သင်ပေးပါတယ် သင့်ကလေး မှားယွင်းမှု တစ်ခုခု လုပ်မိလို့ ကလေးကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် သင်ဟာ ကလေးကို “အားကြီးတဲ့သူ၊ ခွန်အားကြီးတဲ့သူက မှန်တယ်မှားတယ်ဆိုတာ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်” ဆိုတဲ့ အယူအဆကို သင်ကြားပေးသလို ဖြစ်နေပါတယ်။ ဆိုလိုတာက သင့်ကလေး ကြီးလာတဲ့ အခါမှာလဲ သူဟာ သူ့ထက် အားနဲသူတွေအပေါ်မှာ မှန်တယ်မှားတယ် ဆိုတာကို ဆုံးဖြတ်နိုင်ခွင့်ရှိတယ်လို့ သင်ပေးနေ သလိုပါပဲ။ (၂) အသက်ကြီးသူက အသက်ငယ်သူကို ရိုက်နှက်ပိုင်ခွင့် ရှိတယ်လို့ ကလေးက မှတ်ယူသွားမယ် ကလေးကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေဟာ အသက်ငယ်တဲ့ သူတွေကို ရိုက်နှက်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို ကလေးကို သင်ပေးသလို ဖြစ်နေပါတယ်။ အားကြီးသူက အားငယ်သူကို ရိုက်နှက်ခွင့် ရှိတယ်လို့ ကလေးက မှတ်ယူသွားနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ကလေးက အခြားကလေးကို ရိုက်နှက်ထိုးကြိတ်လို့ ကိုယ်က ကိုယ့်ကလေးကို ရိုက်နှက်ဆုံးမတယ်ဆိုရင် ကလေးက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး (ကလေးကို မရိုက်ဖို့၊ မထိုးဖို့လဲ ဆုံးမတယ်၊ မိဘလုပ်သူကကျတော့ ကလေးကို ရိုက်တယ်ဆို ကလေးက ဘယ်လိုနားလည်ရမှန်း မသိဘူး ဖြစ်တတ်ပါတယ်။) (၃) အကြမ်းဖက်ရိုက်နှက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်နိုင်တယ် ဆိုတဲ့အတွေး ကလေးမှာ ဝင်သွားနိုင်တယ် ကလေးက တစ်ခုခု အမှားလုပ်မိလို့ ကလေးကို ရိုက်နှက်ဆုံးမတာ၊ ကလေးက ကိုယ်ပြောတာ နားမထောင်လို့ ကလေးကို ရိုက်နှက်တာဟာ ကလေးကို “အကြမ်းဖက် ရိုက်နှက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းလို့ရတယ်” ဆိုတဲ့ အယူအဆ…

Continue Readingဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ
Read more about the article ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ
ကလေးတွေကို မိဘစကား နားထောင်အောင် ငယ်စဉ်ကတဲက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ

  • Post author:
  • Post category:Parenting

အခုခေတ်လို တီဗီတွေ၊​ ဗီဒီယိုဂိမ်းတွေ၊ လက်ကိုင်ဖုန်းဂိမ်းတွေ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ကလေးတွေရဲ့ မိဘတွေအပေါ် အာရုံစိုက်မှုဟာလဲ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတိုင်းလိုလို ကိုယ့်ကလေးက ကိုယ်ပြောတာကို မကြားတာ၊ ကြားပေမယ့် တစ်ခါထဲနဲ့ ပြန်မဖြေတာ၊ ကိုယ်ပြောတာကို တုန့်ပြန်မှုရဖို့ ၃-၄ ခါ ထပ်ခါထပ်ခါ ပြောရတာတွေ မကြာခန ကြုံကြရ မှာပါ။ ကလေးတွေရဲ့ ဗီဇကိုကလဲ သူတို့ကြားချင်တာကို ကြားပြီး သူတို့မကြားလိုတာကို မကြားပဲ နေတတ်တဲ့ အမူအကျင့် ရှိကြပါတယ်။ ဒီလိုကြုံလာတာ များလာရင် မိဘလုပ်သူကလဲ စိတ်တိုပြီး ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက စကားပြောတဲ့အခါ ကလေးလုပ်သူက ချက်ခြင်း အာရုံစိုက် နားထောင်အောင် ကလေးကို ဘယ်လိုလေ့ကျင့် သင်ကြားပေးမလဲဆိုတာ ဒီအပါတ် ဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ စိတ်အာရုံကို ထွေပြားစေတဲ့ အနှောက်အရှက်တွေကို အရင် ဖယ်ရှားပါ ကလေးက တီဗီကြည့်နေတဲ့ အခါမျိုး၊ ဂိမ်းကစားနေတဲ့ အခါမျိုးတွေ၊ ဖုန်းထဲကနေ ယူကျုဗီဒီယို ကြည့်နေတဲ့ အခါမျိုးတွေမှာ အခန်းရဲ့ တဖက်ခြမ်းကနေ အော်ပြီးပြောတမျိုးဟာ ဘာမှ အကျိုးရလာဒ် မရှိနိုင်ပါဘူး။ ဒီလိုအခါမျိုးမှာ ကလေးကို စကားမပြောမီ၊ မေးခွန်းမမေးမီ၊ ဒါမှမဟုတ် ညွှန်ကြားချက် တစ်ခုခု မပေးမီမှာ အရင်ဆုံး စိတ်အာရုံကို ထွေပြားစေတဲ့ အရာတွေကို အရင် ဖယ်ရှားပါ။ တီဗီကို ပိတ်လိုက်တာ၊ ဒါ မှမဟုတ် အသံတိုးလိုက်တာ၊ ဂိမ်းကို ခနရပ်လိုက်တာ အရင်လုပ်ပြီးမှာ ကလေးကို စကားပြောပါ။ ဖြစ်နိုင်ရင် မျက်လုံးချင်းဆုံပြီး ပြောပါ။ လိုအပ်ရင် ကလေးရဲ့ ပုခုံးကို ကိုင်ပြီး စကားပြောတာမျိုးဟာ ကလေးရဲ့ စိတ်အာရုံ စူးစိုက်မှုကို ပိုရနိုင်ပါတယ်။ ကြိုတင်သတိပေးပါ ကိုယ်လုပ်စေချင်တဲ့ ညွှန်ကြားချက်ကို ၅ မိနစ် ကြိုပေးပါ။ ဥပမာ တီဗီကြည့်နေတဲ့ ကလေးကို နောက် ၅ မိနစ်နေရင် တီဗီပိတ်ပြီး ရေချိုးရတော့မယ်နော်လို့ ကြိုပြောပါ။ ၅ မိနစ် ပြည့်တာနဲ့ တီဗီပိတ်ပြီး ရေချိုးပါစေ။ ဒီလိုပဲ ဖုန်းပွတ်နေတဲ့ ကလေးကို စာလုပ်ချိန် ရောက်ရင် နောက် ၅ မိနစ်နေ ကျောင်းစာစလုပ် ရတော့မယ်နော် ဆိုပြီး ကြိုသတိပေးပါ။ ကလေးအတွက် အပြောင်းအလဲလုပ်ဖို့…

Continue Readingကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ
Read more about the article ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment  ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ
Marshmallow experiment က ကလေးတွေဘဝ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်ကိုအချို့ကို ထောက်ပြခဲ့ပါတယ်။

ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ

၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ စတင်းဖို့ တက္ကသိုလ်က စိတ်ပညာပါမေက္ခ ဝေါ်လ်တာမစ်ချဲ (Walter Mischel) ဟာ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီစမ်းသပ်မှုကို ဘယ်သူမှ အရေးတယူ မရှိကြပါဘူး။ ဒါပေမယ့် နောက်နှစ် ၄၀ လောက်အကြာမှာတော့ ဒီစမ်းသပ်မှုရဲ့ ရလာဒ်တွေဟာ ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်လို့သွားပါတော့တယ်။ Marshmallow Experiment ဆိုတာဘာလဲ ဒီစမ်းသပ်မှုက တကယ့်ကို ရိုးရိုးလေးပါ။ အခန်းတစ်ခန်းထဲမှာ စားပွဲတစ်လုံးနဲ့ ကုလားထိုင် တစ်လုံးရှိတယ်။ စားပွဲပေါ်မှာ ပန်းကန်တစ်ချပ်နဲ့ marshmallow တစ်ခုထည့်ထားတယ်။ Marshmallow ဆိုတာ အနောက်တိုင်းက ကလေးတိုင်းကြိုက်တဲ့ အချိုမုန့် တစ်မျိုးပါ။ (အောက်ကပုံမှာ ကြည့်ပါ)။ စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးကို သုတေသန ပညာရှင်က အခန်းထဲ ခေါ်လာတယ်။ ပြီးတော့ ကလေးကို ပြောပြတယ်။ ကလေးကို အခန်းထဲမှာ တစ်ယောက်ထဲ ထားခဲ့မယ်။ တစ်ယောက်ထဲ ကျန်တဲ့ အချိန်မှာ ဒီစားပွဲပေါ်က မုန့်ကို စားနိုင်တယ်။ ဒါပေမယ့် သုတေသန ပညာရှင် ပြန်လာတဲ့ အချိန်အထိ ကလေးက မုန့်ကို မစားသေးပဲ စောင့်နေနိုင်မယ်ဆိုရင် ကလေးကို နောက်ထပ် မုန်တစ်ခု ထပ်ပေးမယ်။ ကလေးက မုန့်ကိုစားလိုက်ပြီးပြီ ဆိုရင်တော့ နောက်မုန့်တစ်ခု မရတော့ဘူး။ ပြီးတော့ သုတေသန ပညာရှင်က ကလေးကို အခန်းထဲမှာ ထားခဲ့ပြီး ၁၅ မိနစ်နေတော့ ပြန်လာကြည့်တယ်။ မုန့်မစားရသေးရင် ကလေးကို ကတိအတိုင်း နောက်မုန့်တစ်ခု ထပ်ပေးတယ်။ ကလေးတွေ အခန်းထဲမှာ တစ်ယောက်ထဲ ရှိချိန်မှာ ရုပ်ရှင်ရိုက်ထားပါတယ် (အဲဒီတုန်းက ဗီဒီယို မပေါ်သေးဘူးလေ)။ တချို့ကလေးတွေက တစ်ယောက်ထဲ ရှိတာနဲ့ မုန့်ကို ကောက်စားတော့တာပဲ။ တချို့ကလေးတွေက မိနစ်အနည်းငယ် တောင့်ခံနိုင်ပေမယ့် နောက်ဆုံးတော့ တောင့်မခံ နိုင်တော့ပဲ မုန့်ကို စားမိပါတယ်။ ကလေးအချို့ကသာ ၁၅ မိနစ်ပြည့်အောင် မုန့်ကို မစားပဲ တောင့်ခံနိုင် ကြပါတယ်။ စမ်းသပ်မှုက ဒါပါပဲ။ ဒါဆို ဘာ့ကြောင့် ဒီစမ်းသပ်မှုရဲ့ ရလာဒ်က ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်သွားရတာလဲ။ ဒီစမ်းသပ်မှုရဲ့ တကဲ့အဖြေက နောက် နှစ် ၄၀ အကြာမှာမှ ထွက်ပေါ်လာလို့ပါ။ စိတ်အလို ဆန္ဒနောက် မလိုက်ခြင်းရဲ့…

Continue Readingကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ
Read more about the article သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား
သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား ဆိုတာကို အောက်ပါအချက်တွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

  • Post author:
  • Post category:Parenting

မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ် ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ အိမ်မှာ ပြဿနာ မရှိလှပေမယ့် အခြားသူတွေ၊ သူငယ်ချင်းတွေနဲ့ကျတော့ သူလိုချင်တာမှန်သမျှ မရနိုင်၊ သူဖြစ်ချင်တာ မှန်သမျှ မဖြစ်နိုင်တဲ့အတွက် ကလေးက သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေ၊ ကစားနည်းတွေမှာ အဆင်ပြေအောင် မကစားနိုင်ပါဘူး။ ဒီအမူအကျင့်ဟာ အသက်ကြီးတဲ့အထိ ပါသွားရင် အလုပ်ခွင်မှာ အများနဲ့ ပေါင်းသင်ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ သင့်ကလေးဟာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် မပေါင်းနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့ အပေးအယူ မလုပ်တတ်ဘူး၊ သူငယ်ချင်းတွေအကြောင်း တချိန်လုံး၊ မကြာခဏ ညည်းညူတတ်တယ်ဆိုရင် သူတို့ဟာ လိုတာရရမယ်၊ ဖြစ်ရမယ်ဆိုတဲ့စိတ် ဝင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို မိဘက ဂရုပြု စောင့်ကြည့်သင့်ပါတယ်။ (၂) လိုချင်တာရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာကို ကလေးက နားမလည်ဘူး ကလေးက လိုတာအကုန်ရနေတော့ လိုချင်တာရှိရင် ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာ နားမလည်ပါဘူး။ အသက်ကြီးလာတဲ့ အခါကျတော့ ကြိုးစားအားထုတ်ချင်စိတ် လျှော့နည်းသွား တတ်ပါတယ်။ သင့်ကလေးဟာ သူမြင်သမျှကို လက်ညှိုးထိုး တောင်းဆိုတတ်တယ်၊ မိဘက သူတောင်းဆိုတာ ဝယ်မပေးရင် စိတ်ဆိုးပြီး မိဘကို အပြစ်တင်တတ်တယ်၊ ဒါမှမဟုတ် သူလိုချင်တာ မှန်သမျှ မိဘက ဝယ်ပေးရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုရင် သင်အလိုလိုက်တာ နဲနဲ များသွားလို့ ဖြစ်နိုင်ပါတယ်။ (၃) အခက်အခဲ ကြီးကြီးမားမား အကြုံဖူးတဲ့အတွက် အခက်အခဲကြုံလာရင် ဘယ်လိုဖြေရှင်းရမှန်း မသိဘူး ဖြစ်နေတတ်တယ် ကလေးက အခက်အခဲ တစ်ခုခု…

Continue Readingသင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား
Read more about the article ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ
အင်္ဂလိပ်စာ ဖတ်တဲ့ reading skill ကို phonics နည်းသုံးပြီး သင်တာဟာ အလွန်ထိရောက်ပါတယ်။

ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ

ဒီနေ့တော့ အိမ်မှာကလေးတွေကို ဖိုးနစ်နည်းနဲ့ စာသင်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ် အက္ခရာ (alphabet) တွေကို အသံထွက် မှန်မှန်ထွက်အောင် လေ့ကျင့်နိုင်ဖို့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ဆက်ပေးထားပါတယ်။ ဖိုနစ်နည်းနဲ့ စာသင်ရာမှာ ABC စတာတွေကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး မသင်ပါဘူး။ ဒီအစား သူတို့ရဲ့ အသံထွက်ကို သင်ပါတယ်။ ဥပမာ - အ၊ ဘ၊ ခ၊ ဒ ဆိုပြီး ABCD တွေရဲ့ အသံထွက်ကို သင်ပေးတာပါ။ အင်္ဂလိပ် အက္ခရာတွေရဲ့ ဖိုးနစ် အသံထွက်တွေကို မြန်မာလို ရေးပြလို့ ဘယ်လိုမှ အသံထွက်အမှန် မရနိုင်ပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်မယ့် မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေ (ဒီစာမျက်နှာကို LIKE လုပ်ကြတဲ့ အထဲမှာ ဆရာ၊ ဆရာမတွေလဲ ပါလို့ပါ) အနေနဲ့ ပထမဆုံး ကိုယ်ကိုယ်တိုင်က ဖိုးနစ်အသံထွက်တွေကို အသံထွက်မှန်မှန်နဲ့ ရွတ်ဆိုနိုင်အောင် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာ မမှန်ကန်ခဲ့ရင် နောက်အဆင့်တွေမှာ မမှန်နိုင် တော့ပါဘူး။ ဒါ့ကြောင့် ဒီဗီဒီယိုလေးကို ကြည့်ပြီး အသံထွက်မှန်အောင် အရင်လေ့ကျင့်ကြပါ။ ပါးစပ်နဲ့ လျှာအထားအသိုကိုလဲ လေ့လာပြီး လိုက်ကျင့်ကြပါ။ L, M, N အသံတွေ ဘယ်လိုထွက်လဲဆိုတာလဲ တွေ့နိုင်ပါတယ်။ အောက်ကလင့်ကို ဖုန်းထဲက Youtube မှာ ဖွင့်ပြီး ဗီဒီယိုကို ဒေါင်းထားနိုင်ပါတယ်။ ကိုယ်က အသံထွက်တွေ ပိုင်ပိုင်နိုင်နိုင် ရှိပြီဆိုရင် ကလေးကို စသင်နိုင်ပါပြီ။ ABCD အက္ခရာတွေကို တစ်ခုချင်း ကတ်ပြားတွေပေါ်မှာ အရောင်စုံလေးတွေနဲ့ ခြယ်ပြီး Flash Card တွေ အရင်လုပ်ပါ။ ပြီးရင် ကလေးကို ဒီ ဖလက်ရှ်ကတ်လေးတွေ တစ်ခုခြင်းပြပြီး အသံထွက်လေးတွေ ဆိုပြပါ။ ကလေးကိုလဲ လိုက်ဆိုခိုင်းပါ။ တစ်ခါသင်ရင် စစချင်းမှာ ၃-၄ ကတ်လောက်ပဲ သင်ပါ။ တစ်နေ့ကို ၃-၄ ကြိမ်လောက် အနည်းဆုံး ရအောင် သင်ပေးပါ။ ကလေးကို နောက်ဖေးတည်နေတဲ့ အချိန်တွေ၊ အစာကျွေးနေတဲ့ အချိန်တွေ အစရှိတဲ့ အချိန်တွေမှာဆိုလဲ သင်ပေးပါ။ ပထမပိုင်းမှာ စာလုံးအသေးတွေ အရင်သင်ပါ (စာလုံးအသေးတွေက အသုံးများလို့ပါ)။ နောက်မှ စာလုံးကြီးတွေ သင်ပေးပါ။ ဖြစ်နိုင်ရင် ကတ်ပြားပေါ်မှာ ရုပ်ပုံလေးတွေပါဆွဲပြီး…

Continue ReadingABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ
Read more about the article သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ
သင့်ကလေး အင်္ဂလိပ်စာ တော်ဖို့အတွက် မိဘတွေက အများကြီး အကူအညီ ပေးနိုင်ပါတယ်။

သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ

ယခုခေတ်မှာ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကလေးတွေငယ်ငယ်ကတဲက စပြီး သင်ပေးနေ ကြပါပြီ။ အင်္ဂလိပ်စာကို ငယ်ငယ်ကတဲက သင်ကြားပေးခြင်းဖြင့် ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းကိုလဲ အများကြီး တိုးတက်လာစေပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ ကျူရှင်မှာ အပ်ပြီး သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကလေးကို တကယ်အင်္ဂလိပ်စာ တတ်စေ တော်စေ ချင်တယ်ဆိုရင် အိမ်မှာလဲ ကလေးအင်္ဂလိပ်စာ လေ့လာနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာလေ့လာသင်ယူနိုင်အောင် အားပေးကူညီဖို့၊ အခွင့်အလမ်းတွေ ဖန်တီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဉာဏ် ၉ ချက်ကို ဆွေးနွေးထားပါတယ်။ (၁) သင်ကိုယ်တိုင် အင်္ဂလိပ်စာ သင်ပါ သင့်ကလေးကို အင်္ဂလိပ်စာ တော်စေတတ်စေချင်တယ်ဆိုရင် သင်လဲ အင်္ဂလိပ်စာ အတိုင်းအတာ တစ်ခုအထိတော့ ပြောတတ်၊ ဖတ်တတ်၊ ရေးတတ် သင့်ပါတယ်။ သင့်ကလေးကို အင်္ဂလိပ်စာ သင်တန်းကို စေလွှတ်သင်ကြားတယ်ဆိုရင် သင်လဲ တနည်းနည်းနဲ့ အင်္ဂလိပ်စာကို လေ့လာပါ။ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ ဖတ်ရှုပြီး ကိုယ့်အင်္ဂလိပ်စာ နားလည်မှု အဆင့်ကို မြှင့်တင်ပါ။ မိဘက ဒီလို အင်္ဂလိပ်စာကို အလေးထားတယ်ဆိုတာ ကလေးကတွေ့ရင် အင်္ဂလိပ်စာ တတ်ချင်သင်ချင်စိတ် တိုးပွားလာပါလိမ့်မယ်။ နောက်တစ်ခုက ကလေးတွေဟာ အင်္ဂလိပ်လို ပြောရင် မှားမှာစိုးတော့ အင်္ဂလိပ်လို ပြောရမှာ ဝန်လေးကြပါတယ်။ မိဘကိုယ်နှိုက်က ကလေးနဲ့အတူ အင်္ဂလိပ်စာ သင်ပြီး မှန်မှန်မှားမှား အင်္ဂလိပ်လို ပြောတာဟာ ကလေးကို အင်္ဂလိပ်လို ပြောဖို့ အားပေးရာလဲ ရောက်ပါတယ်။ (၂) ကစာနည်းတွေကို အင်္ဂလိပ်လို ကစားပါ ကလေးတွေဟာ ကစားခုန်းစားတဲ့ နေရာမှာ အင်္ဂလိပ်လို ပြောဆိုရင် အင်္ဂလိပ်လို တတ်တာပိုမြန်ပါတယ်။ ကလေးတွေဟာ ဘာသာစကား တစ်ခုကို သင်ယူရာမှာ “စမ်းသပ်” တဲ့နည်းနဲ့ သင်ယူကြတာပါ။ ဆိုလိုတာက စမ်းသပ်ပြောဆိုရင်း အပြောမှားတဲ့ စကားလုံးတွေကို အမှန်ပြန်ပြင်ရင်းနဲ့ ဘာသာစကားကို သင်ယူကြတာပါ။ အဲ့တာကြောင့် စကားစပြောခါစ ကလေးတွေဟာ စကားလုံးအမှားတွေ၊ အသုံးအနှုံး အမှားတွေ အများကြီးနဲ့ ရီစရာကောင်းအောင် ပြောကြတာပါ။ ဒီလိုပဲ အင်္ဂလိပ်စာကို သင်ယူရာမှာလဲ နေ့စဉ်သုံးနှုံး ပြောဆိုမယ်ဆိုရင် ကလေးက အတတ်မြန်ပါတယ်။ ဒီလိုပြောဆိုဖို့ အကောင်းဆုံးကတော့ ကလေးနဲ့ ကစားတဲ့ အချိန်မှာ…

Continue Readingသင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ
Read more about the article ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ
ကလေးတွေကို မိဘတွေကိုယ်တိုင် အိမ်မှာ အင်္ဂလိပ်စာ သင်ပေးနိုင်ပါတယ်။

ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ

မိဘတော်တော်များများဟာ အိမ်မှာ ကိုယ့်ကလေးကို အင်္ဂလိပ်စာ သင်ပေးချင် ကြပါတယ်။ ကလေးကို အင်္ဂလိပ်စာ ကျူရှင်ပို့တဲ့ မိဘတွေတောင်မှပဲ အိမ်မှာတတ်နိုင်သရွေ့ သင်ပေးချင် ကြပါတယ်။​ဒါပေမယ့် ဘယ်လိုသင်ရမလဲဆိုတာ မိဘတော်တော်များများက မသိကြပါဘူး။ အောက်မှာ မိမိကလေးကို အသက် အပိုင်းအခြားအလိုက် ဘယ်လို အင်္ဂလိပ်စာ သင်ပေးရမလဲဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ချင်တယ်၊ ဘယ်ကဘယ်လို စရမှန်း မသိဘူး ဖြစ်နေတယ် မိဘတော်တော်များများက အိမ်မှာကလေးကို အင်္ဂလိပ်စာ စသင်ပေးချင် ပေမယ့် ဘယ်ကစရမှန်း မသိ ဖြစ်နေတတ်ကြပါတယ်။ အချို့ကလဲ ကိုယ့်အင်္ဂလိပ်စာ အခြေခံက အကောင်း ကြီးမဟုတ်တော့ မစရဲတဲ့သူတွေလဲ ရှိပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ဖို့ဆိုတာ မိဘလုပ်သူက အင်္ဂလိပ်စာ အရမ်းကောင်းနေစရာ မလိုပါဘူး။ အဓိက အရေးအကြီးဆုံး လိုအပ်ချက်က မိဘလုပ်သူက ကလေးကို အင်္ဂလိပ်စာ တတ်အောင် သင်ပေးလိုတဲ့ ပြင်းပြတဲ့ စိတ်ရယ်၊ နောက်ပြီး ကလေးကို အင်္ဂလိပ်စာ သင်ချင်လာအောင် အားပေးအားမြှောက် လုပ်ပေးဖို့နဲ့ ကလေးက အင်္ဂလိပ် စာလုံးလေးတွေ တတ်လာတဲ့ အခါမှာ ချီးမွမ်းဂုဏ်ပြုဖို့ပဲ ဖြစ်ပါတယ်။ ကလေးက ချက်ချင်း အင်္ဂလိပ်လို စပြီး မပြောလို့ ဘာမှစိုးရိမ်စရာ၊ အားငယ်စရာ မလိုပါဘူး။ ကလေးတွေ အင်္ဂလိပ်လို စပြောဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုလိုအပ်ပါတယ်။ မိဘက စိတ်မပျက်ပဲ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမယ်ဆိုရင် သိပ်မကြာမီ ကာလတစ်ခုအတွင်းမှာ ကလေးက အင်္ဂလိပ်လို စပြောလာပါလိမ့်မယ်။ ပုံမှန် အချိန်သတ်မှတ်ချက် တစ်ခုထားပြီး ကလေးကို အင်္ဂလိပ်စာ သင်ပေးပါ ကလေးကို အိမ်မှာ အင်္ဂလိပ်စာ သင်တာကို ပုံမှန် အချိန်သတ်မှတ်ချက် တစ်ခုထားပြီး (အချိန်ဇယားဆွဲပြီး) သင်ကြားပေးပါ။ တစ်ကြိမ်ကို အချိန်အကြာကြီး သင်တာထက် အချိန်တိုတို နဲ့ ခွဲသင်တာက ပိုအကျိုးရှိပါတယ်။ စသင်စမှာ ကလေးငယ်တွေဆို ၁၅ မိနစ်လောက်ဆိုရင် လုံလောက်ပါတယ်။ ဒီထက်ပိုကြာရင် ကလေးက စိတ်ဝင်စား အာရုံစိုက်နိုင်စွမ်း လျှော့နည်းသွားပါမယ် ကလေးကြီးရင်တော့ အချိန်နည်းနည်း ပိုယူနိုင်ပါတယ်။ နေ့စဉ် အင်္ဂလိပ်စာ သင်ချိန်ကို အချိန်တစ်ခု သတ်မှတ်ပြီး သင်ပေးပါ။ စာသင်တဲ့အခါ သင်ခန်းစာတွေကို ကလေးတွေ စိတ်ဝင်စားမယ့် သင်ခန်းစာမျိုးတွေ ရွေးချယ်ပေးပြီး တစ်နေ့နဲ့ တစ်နေ့ မရိုးအောင် အပြောင်းအလဲ…

Continue Readingကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ

သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

  • Post author:
  • Post category:Parenting

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ - ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ သိပါလိမ့်မယ်။ ကိုယ့်သားသမီး တစ်ခုခု ဖြစ်နေမှန်းလဲ မိဘလုပ်သူက သိတယ်၊ ဘာဖြစ်နေမှန်းလဲ မသိ၊ သိအောင်မေးတော့လဲ မဖြေဆိုတော့ စိတ်ပူတာရော၊ စိတ်တိုတာရော ပေါင်းပြီး တော်တော် ခံရခက်တဲ့ ခံစားမှုပါ (ကလေးမရှိသေးသူတွေ၊ ကလေးငယ်ငယ်လေးပဲ ရှိသေးတဲ့ မိဘတွေ ရီမနေ ကြပါနဲ့၊ သိပ်မကြာခင် ကြုံရမှာမို့ အားမွေးထားကြပါ)။ ဒီထက်ပိုဆိုးတာကတော့ မိဘလုပ်သူက သတိမထားမိလို့ ကိုယ့်သားသမီး ရင်ထဲမှာ တစ်ခုခု ခံစားနေရတာ မသိလိုက်ပဲ နောက်ကျမှ သိတာမျိုးဆိုရင် မကောင်းပါဘူး။ ဒါ့ကြောင့် မိဘလုပ်သူတွေ အနေနဲ့ ကိုယ့်သားသမီး ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ အကြံဉာဏ်လေးတွေ ပေးလိုက်ပါရစေ။ (၁) ကလေးကို စောင့်ကြည့်ပါ ကျွန်တော်ကျွန်မတို့ မြင်တဲ့ကြားတဲ့ အရာတိုင်းကို ဂရုပြု မှတ်သားမိကြရဲ့လား။ ကိုယ့်ရှေ့မှာ မြင်တာကြားတာကို ဂရုမပြုမိတာမျိုး ဘယ်နှစ်ခါ ကြုံဖူးကြပါသလဲ။ အထူသဖြင့် အခုခေတ်လို အင်တာနက်တွေ၊ Facebook တွေ၊ မိုဘိုင်းဖုန်းပေါ်က ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ခေတ်ကြီးမှာ တစ်ခါတစ်လေ ကိုယ့်ရှေ့တင် ဖြစ်သွားတာကို သတိမထားလိုက်မိတာ၊ တစ်ဖက်သား ကိုယ့်ကိုပြောတဲ့ စကားကို မကြားလိုက်မိတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ဒီလို ကိုယ်ကတစ်ခုခုကို အာရုံစိုက်နေမိတဲ့ အချိန်မျိုးမှာ ကိုယ့်ကလေးက မျက်စေ့မျက်နှာ ပျက်နေတာမျိုး၊ ငေးမှိုင်နေတာမျိုး၊ တိတ်တဆိတ် ငိုယိုနေတာမျိုးတွေကို သတိမထားလိုက်မိရင် ဒီလို သားသမီးက ကိုယ့်ရဲ့ အားပေးမှုကို အလိုအပ်ဆုံးအချိန်မှာ ကိုယ့်က…

Continue Readingသင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား