Read more about the article ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
Executive function for children

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။ ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် ဘယ်လို လေ့ကျင့် ပေးလို့ ရမလဲ အစရှိတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Executive Function ဆိုတာဘာလဲ Executive function ဆိုတာ လူတစ်ယောက် နေ့စဉ် လုပ်ကိုင်ဆောင်ရွက် နေမှုတွေကို ထိန်းချုပ်တဲ့ တွေးခေါ်မှု စွမ်းရည် (congnitive abilities that control and regulate most of what we do day-to-day) ပဲ ဖြစ်ပါတယ်။ ဒီ Executive Function (EF) မှာ  အလုပ်တွေကို အစပြုနိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာကို ဘယ်သူမှ အတင်းခိုင်းလို့ မဟုတ်ပဲ ကိုယ့်အသိနဲ့ ကိုယ် စလုပ်တာ)လုပ်ရမယ့် အလုပ်တွေကို ဘယ်လို လုပ်မလဲ ဆိုတာ plan လုပ်နိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာ လုပ်ရာမှာ ဘယ်ဘာသာကို စလုပ်မလဲ၊ ပြီးရင် ဘယ်ဘာသာတွေ ဆက်လုပ်မလဲ plan ချနိုင်တာ)အလုပ်တွေကို အစီအစဉ်တကျ လုပ်နိုင်တဲ့ (organization) စွမ်းရည် (ဥပမာ အိမ်စာ မလုပ်မီ လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာ၊ အစရှိတာတွေ ကြိုတင် ပြင်ဆင် ထားတာမျိုး)သင့်တော်တဲ့ ရည်မှန်းချက် (goal) သတ်မှတ်နိုင်တဲ့ စွမ်းရည် - အိမ်စာ အားလုံးကို ည ၈ နာရီ မတိုင်မီ အကုန် ပြီးအောင်…

Continue Readingကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
Read more about the article ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Teach counting to toddlers

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ ဒါဆို ဘယ်လို သင်ကြမလဲ။  ကလေး တစ်နှစ်ကျော် လောက်ကစပြီး ကလေးကို သင်္ချာနဲ့ ပါတ်သက်တဲ့ အခြခံတွေ စပြီး သင်ပေးပါ။ ကလေးရဲ့ အသက်ကနေ စပြီး သင်ပေးပါ။ ဥပမာ ကလေး အသက် ၁ နှစ်ဆိုရင် လက်တစ်ချောင်း ထောင်ပြီး ကလေးကို သားသား (မီးမီး) အသက်က တစ်နှစ် ဆိုပြီး သင်ပေးပါ။ ပြီးရင် ကလေးကို ပြန်ပြီး မီးမီး အသက်က ဘယ်နှစ်နှစ်လဲ ဆိုပြန်မေးပါ။ ပထမတော့ ကလေးက ပြန်ပြီး လက်ချောင်းလေးတွေ ထောင်ပြတတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ် ထပ်ခါထပ်ခါ သင်ပေးရင် မကြာမီ ကလေးက သူ့ အသက် မေးရင် လက်ချောင်းလေး ထောင်ပြီး ပြန်ဖြေတတ်လာ ပါလိမ့်မယ်။ ဒီလို ကလေးက ပြန်ဖြေနိုင်တဲ့ အခါမျိုးမှာ “သားသားမှန်တယ်” ဆိုပြီး ပြောဖို့လဲ မမေ့ပါနဲ့။ ဒီလို သင်တဲ့ အခါ အရေးကြီးတာကတော့ ကလေးကို ပျော်ရွှင်စေဖို့ ဆိုတာပါပဲ၊ ကလေးက အမှန် မဖြေနိုင်လို့ ဆူတာမျိုး မပြုလုပ်ပါနဲ့။ ကလေးအတွက် စိတ်ဖီစီးမှု မဖြစ်ဖို့ အရေးကြီးပါတယ်။ သင်ပေးလို့ နေ့ချင်းညချင်း ၁၂၃၄ ရေတတ်ဖို့က အဓိက မဟုတ်ပါဘူး။ ဂဏန်းတွေရဲ့ သဘောသဘာဝကို ကလေးနားလည် သွားဖို့က အဓိက ဖြစ်ပါတယ်။ အခြားရောဘယ်လိုနည်းလမ်းတွေနဲ့သင်ပေးလို့ရသေးလဲ အခြားနည်းလမ်းတွေနဲ့လဲ သင်ပေးနိုင်ပါတယ်။ ဥပမာ…

Continue Readingကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Read more about the article ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်
Tips to help your baby remember

ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

သင့်ကလေးရဲ့ အတွေ့အကြုံတွေ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေဟာ သူ့ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ သင့်ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှုကို အားကောင်းအောင် အောက်ပါနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ သင့်ကလေး ငယ်စဉ်က ကစားခဲ့တဲ့ အကြိုက်ဆုံး အရုပ်ကလေးတွေ၊ မိသားစုနဲ့ အတူထွက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အမှတ်တရ အဖြစ်အပျက်တွေ အားလုံးကို ကလေးကြီးလာသည်အထိ အကုန်လုံးတော့ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ဒီအမှတ်ရစရာ အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လို့ပါ။ ဒီလို အမှတ်တရ အဖြစ်အပျက် တွေကနေ တဆင့် ကလေးတွေဟာ သူတို့ရဲ့ ပါတ်ဝန်းကျင် လောကကို နားလည်သဘောပေါက် လာကြတာပါ။ သင့်ကလေးရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံဟာ လူကြီးတစ်ယောက်ရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံနဲတော့ မတူပါဘူး။ ကလေးငယ်တွေဟာ အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနိုင်စွမ်း မရှိကြ သေးပါဘူး။ ဒါပေမယ့် ကလေးရဲ့ ဦးဏှောက် သေးသေးလေးဟာ ဒီအရွယ် ကတဲက အစွမ်းကုန် စပြီး အလုပ်လုပ် နေပါပြီ။ မွေးကင်းစမှာ ကလေးတွေဟာ နို့စို့ခြင်း၊ အစာမျိုခြင်း၊ အသံထွက်ခြင်း၊ လှုပ်ရှားခြင်း အစရှိတဲ့ ပြုမူဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ မှတ်ဉာဏ်တွေက စပြီး ဖွံ့ဖြိုးလာပါတယ်။ အသက် ၆ ပါတ်လောက်ကစလို့ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို စပြီး မှတ်မိလာကြပါတယ်။ ဖေဖေ မေမေ ကို စသိလာတယ်။ ပါတ်ဝန်းကျင်က အသံတွေကို စပြီး မှတ်မိလာတယ်။ သူတို့အမည်ကို သိလာတယ်။ အမှတ်ရစရာ ခရီးထွက်တာကို မှတ်မိတာမျိုး အစရှိတဲ့ မှတ်ဉာဏ်ကတော့ ကလေး အသက် ၃ နှစ်လောက် ရောက်တော့မှ စပြီး ဖွံ့ဖြိုး လာတာပါ။ ဒီ မှတ်ဉာဏ် ဖွံ့ဖြိုးမှု အဆင့်ဆင့်ဟာ သူ့အလိုလို သဘာဝအတိုင်း ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေ အနေနဲ့ ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှု တိုးတက်တာကို အားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အတွေ့အကြုံအသစ်တွေပေးပါ အတွေ့အကြုံ အသစ်တွေကို ကလေးက ကြုံတွေ့ရတိုင်း ကလေးရဲ့ ဦးဏှောက်ထဲက မှတ်ဉာဏ်ကို…

Continue Readingဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်
Read more about the article ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့
Raising a confident daughter

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့

  • Post author:
  • Post category:Parenting

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ယှဉ်ရင် ငယ်စဉ်မှာ ပိုပြီး အစကောင်းကြပါတယ်။ သူတို့ဟာ စကားစပြောတာ စောသလို၊ ပေါင်းသင်းဆက်ဆံရေးမှာလဲ ပိုကောင်းကြပါတယ်။ အတန်းထဲမှာ ဆိုရင်လဲ ထိပ်ဆုံးက နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်လောက်က စလို့ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က ပေးလာတဲ့ ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးလာ နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် - "မိန်းကလေး တစ်ယောက်မှာ ရုပ်လှဖို့က စာတော်ဖို့ထက် ပိုအရေးကြီးတယ်" ဆိုတာမျိုးတွေ၊ "မိန်းကလေးက လင်ကောင်းသားကောင်းရဖို့ အရေးကြီးတယ်" တို့၊ နောက်ပြီး ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ ပြောဆိုမှုတွေ၊ စာတော်တဲ့ မိန်းကလေးတွေမို့ ယောကျ်ားလေးတွေရဲ့ သတိထား ခံရမှုတွေ၊ အစရှိ တာတွေအားလုံးဟာ သမီးမိန်းကလေးတွေကို စိတ်ရှုပ်ထွေးလာစေနိုင်ပြီး ပညာရေးပိုင်းမှာ ထိခိုက်လာတာ၊ မိမိကိုယ်ကကို ယုံကြည်ချက် (confidence) နဲလာတာ မျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်မှာ သမီးမိန်းကလေး ရှိမယ်ဆိုရင် သမီးမိန်းကလေးရဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှု (self confidence) ကောင်းမွန်အောင် ဘယ်လို အားပေး ကူညီ နိုင်မလဲ ဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ (၁) မိမိလိုလားချက်တွေ၊ မိမိဖြစ်ချင်တာတွေကို ရဲရဲရင့်ရင့် ထုတ်ဖော်ပြောရဲအောင် ငယ်ငယ်ကတဲက သင်ကြားပေးပါ သင့်သမီးကို ငယ်ငယ်ကတဲက သူလိုချင်တာတွေ၊ သူဖြစ်ချင်တာတွေကို မိဘတွေ၊ ဆရာသမားတွေ၊ လူကြီးတွေကို ဖွင့်ဟပြောရဲအောင် လေ့ကျင့်ပေးပါ။ လိုချင်တာကို ဖွင့်မပြောရဲပဲ အုံ့ပုံး နေတာမျိုးကို အားမပေးပါနဲ့။ သူလိုချင်တာ ရတာမရတာက တပိုင်း၊ ဘာလိုချင်လဲ ဆိုတာကို ဖွင့်ပြောတာက တပိုင်းဆိုတာ သူနားလည်အောင် ပြောပြပါ။ ကိုယ်လိုချင်တာကို ဖွင့်မပြောရင် ဘယ်သူမှ မသိနိုင်ဘူး ဆိုတာလဲ သူနားလည်ပါစေ။ ဒီလိုပြောရဲဖို့ဆို မိဘက သူလိုချင်တာ လုပ်မပေးနိုင်ရင်တောင် ဘာ့ကြောင့် မပေးနိုင်ရတာလဲ သူနားလည်အောင် ရှင်းပြပါ။ နောက်တခါ ကလေးကို လုပ်ပေးမယ်လို့ ပြောပြီးရင်လဲ ဖြစ်အောင် လုပ်ပေးပါ။ နို့မဟုတ်ရင် သမီးလုပ်သူက ပြောလဲ လေကုန်တာပဲ အဖတ်တင်တယ်လို့ မြင်သွားရင် နောက်ပြောတာ့မှာ မဟုတ်ပါဘူး။ ကြာလာရင် ကိုယ်လိုချင်တာ ရဖို့ ဝန်လေးသွား တတ်ပါတယ်။ (၂) ကိုယ်နဲ့ ရွယ်တူတွေက ဖိအားပေးတာ၊ အနိုင်ကျင့်တာတွေကို ရင်ဆိုင်နိုင်အောင် သင်ပေးပါ သမီးမိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်ပြားစေတဲ့…

Continue Readingကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့
Read more about the article ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ
Toys can aid child's development

ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ

ကလေးတစ်ယောက် သူ့ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူ့ကို ထိန်းကျောင်းတဲ့ မိခင် (သို့) ကလေးထိန်းရဲ့ လက်ပါ်မှာ အစပြုပြီး တဖြည်းဖြည်း ဖွံ့ဖြိုး လာတာပါ။ သူတို့လေးတွေ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူတို့ရဲ့ အရှေ့မှာ ဘာတွေမြင်ရ တွေ့ရလဲ ဆိုတာက အများကြီး လွမ်းမိုးနေပါတယ်။ သူတို့တွေ မိခင်ရဲ့ ဝမ်းထဲမှာ ရှိနေချိန်ကစလို့ ဆယ်ကျော်သက် အရွယ် ဝင်သည့်အချိန်အထိ သူတို့ဟာ ရေမြှုပ်လိုပါပဲ။ သူတို့ပါတ်ဝန်းကျင်က မြင်သမျှ၊ ကြားသမျှကို စုပ်ယူပြီး ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့ အမြင်ကို ပုံဖော်ကြတာပါ။ ဒီအချက်ဟာ အခြေအနေပေါ်မူတည်ပြီး ကောင်းကျိုးရော၊ ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကို အကြိုးရှိစွာ အသုံးချ တတ်မယ် ဆိုရင်ိတော့ ကလေးရဲ့ အနာဂါတ်အတွက် အခြေခံကောင်းတွေကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ ရင်သွေးကို ကျန်မာသန်စွမ်းပြီး တာဝန်သိတတ်တဲ့ လူချွန်လူကောင်းလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင် ပေးလိုတာဟာ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ ကလေးတွေကို ကာယ၊ ဉာဏ ဖွံ့ဖြိုးတဲ့ လူချွန်လူကောင်းလေးတွေ ဖြစ်လာအောင် ကစားစရာ တွေက ဘယ်လိုအထောက်အကူ ပြုနိုင်မလဲ ဆိုတာကို ဆက်လက် အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးတွေဟာ စာသင်တာထက် ကစားရာကနေ ပိုပြီး သင်ယူနိုင်ကြတယ် ဒါ့ကြောင့်မို့လို့လဲ မူလတန်းကြို ကျောင်းတွေမှာ ကလေးတွေကို ကစားနည်းတွေနဲ့ တွဲဖက်ပြီး သင်ကြားခြင်းတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ ဥပမာ ကလေးကဗျာလေးတွေနဲ့ စာသင်တာမျိုးပေါ့။ သူတို့လုပ်ကိုင်နေတာကို ပျော်ရွှင်တဲ့ ကလေးတွေဟာ သင်ကြားတတ်မြောက်မှုလဲ ပိုကောင်းပါတယ်။ ဒီလို စိတ်ဝင်စားစရာ လုပ်ဆောင်မှု (activity) တွေကနေ သင်ကြားတာဟာ စာအုပ်ကြီး ထိုးပေးပြီး အတင်း စာဖတ်ခိုင်းတာထက် ပိုပြီး ထိရောက်ပါတယ်။ ရုပ်ပုံတွေဟာ စာလုံးတွေထက် ပိုပြီးထီရောက်တယ် သင့်ကလေးဟာ စာဖတ်တာကို ဝါသနာ ပါတယ်ဆိုရင်တောင် ကလေးတွေဟာ ရုပ်ပုံတွေကို ပိုပြီးနှစ်သက်တယ် ဆိုတာကို သတိမမေ့သင့်ပါ။ စာအုပ်ထဲက ဆေးရောင်တောက်တောက်လေးနဲ့ ရုပ်ပုံတွေကို ဖြစ်စေ၊ ဗီဒီယို ကြည့်ရတာပဲဖြစ်စေ၊ အရောင်လှလှနဲ့ အရုပ်ကလေးတွေကို ဖြစ်စေ မျက်မြင် ဆွဲဆောင်မှုရှိတဲ့ အရာတွေကို သူဟာပိုနှစ်သက်ပါလိမ့်မယ်။ ဒါ့ကြောင့်လဲ ကလေးကစားစရာ အများစုဟာ ဆေးရောင်တောက်တောက် လှလှ…

Continue Readingကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ
Read more about the article Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ
Daily English Lessons

Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ

Actual က အမှန် (real) လို့ အဓိပ္ပါယ် ရပါတယ်။ Actually ကတော့ "တကယ်က"၊ အမှန်ကတော့လို့ အဓိပ္ပါယ် ရပါတယ်။ ဒီနှစ်ခုလုံးကို (၁) မှားယွင်းတဲ့ အချက်အလက်တွေကို အမှန်ပြင်တဲ့ နေရာမှာ သုံးပါတယ်။ ဥပမာ။ The book says he was 47 when he died, but his actual age was 43."Hello John. Nice to see you again". "Actually, my name is Richard". (၂) မထင်မှတ်တဲ့ အချက်အလက်၊ ကိစ္စ၊ အကြောင်းအရာ တစ်ခုခုကို ပြောဆိုရင်လဲ သုံးပါတယ်။ဥပမာ။"Have you seen the last Spider-Man movie?". "Actually, I've got two tickets." She was so angry that she actually tore up the letter.

Continue ReadingActual နဲ့ Actually ကို ဘယ်လိုသုံးမလဲ
Read more about the article Across နဲ့ Through ဘယ်လိုသုံးမလဲ
Across and Through usage

Across နဲ့ Through ဘယ်လိုသုံးမလဲ

Across နဲ့ through နဲ့ ဘယ်လိုကွာသလဲ ဆိုတော့ on နဲ့ in ကွာသလို ကွာပါတယ်။ Across ကို မျက်နှာပြင် ပေါ်မှာ တစ်နေရာက တစ်နေရာကို ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။ We walk across the ice. (ရေခဲပြင်ပေါ် လမ်းလျောက်သွားတာ ဖြစ်လို့ across ကိုသုံးပါတယ်။)I walk across the square to the tea shop. (ရင်ပြင်ပေါ်က ဖြတ်လျှောက်သွားတာမို့ across ကို သုံးပါတယ်)We drove across the desert.(သဲကန္တာရ ပေါ်က ဖြတ်ပြီး ကားမောင်းသွားတာမို့လို့ across ကိုသုံးပါတယ်) Through ကိုကျတော့ ဘေးပါတ်လည်မှာ အရာဝတ္ထု၊ ပစ္စည်း၊ လူ အစရှိတာတွေ ကြားကနေ ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။ I walk through the wood. (သစ်တောထဲက ဖြတ်သွားတဲ့ အခါ ဘေးပါတ်လည်မှာ သစ်ပင်တွေ ရှိနေတာမို့ through ကိုသုံးတာပါ)We drove through several towns.(မြို့တွေကြားက ဖြတ်မောင်းတဲ့ အခါမှာ ဘေးပါတ်ခြာလည်မှာ တိုက်တာ အိမ်ခြေတွေ ရှိနေတာကြောင့် through ကိုသုံးတာပါ။)I walk through the crowd.(လူတွေကြားက ဖြတ်လျှောက်သွားတဲ့ အခါမှာ ပါတ်ခြာလည်မှာ လူတွေရှိနေတာကြောင့် through ကို သုံးပါတယ်။)

Continue ReadingAcross နဲ့ Through ဘယ်လိုသုံးမလဲ
Read more about the article Above and Over
Above နဲ့ Over ဟာ အဓိပ္ပါယ် တူပေမယ့် သုံးပုံခြင်း မတူပါဘူး။

Above and Over

Above ရော Over ရော နှစ်ခုလုံးက “အထက်မှာ” လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမယ့် သုံးပုံခြင်း မတူပါဘူး။ Example:The snow came up above/over our knees.There’s a spider on the ceiling just above/over your head. အရာဝတ္ထု တစ်ခုက အခြားတစ်ခုရဲ့ အပါ်တည့်တည့်မှာ ရှိမနေဘူးဆိုရင် Above ကို သုံးပါတယ်။ Example: We’ve got a little house above the lake. (Not “over the lake”) အရာဝတ္ထု တစ်ခုက အခြားတစ်ခု အပေါ်မှာ ရှိနေတယ်၊ ဖုံအုပ်ထားတယ် ဆိုရင် Over ကိုသုံးပါတယ်။ Example:There is cloud over Yangon. အရာဝတ္ထု တစ်ခုက အခြားတစ်ခု အပေါ်မှာ ဖြတ်ကျော်သွားတယ်၊ ဖြတ်ကျော်နေတယ် ဆိုရင်လဲ Over ကိုသုံးပါတယ်။ (Across ကိုလဲ သုံးလို့ရပါတယ်)။ Example: Electricity cables stretch over/across the fields.The plane was flying over/across the Indian Ocean. ပိုများတယ် (More than) ဆိုတဲ့ အဓိပ္ပါယ် နဲ့လဲ Over ကို သုံးပါတယ်။ Example:How old are you? I am over thirty.He’s over two meters tall.There were over fifty people at the party. ဒေါင်လိုက် စကေး (vertical scale) ကိုရည်ညွှန်းပြီးပြောတဲ့ အခါကျရင်တော့ Above ကို သုံးပါတယ်။ Example:Above zero degree Celsius.Above sea-level.Above average. နောက်ရက်တွေမှာ နောက်ထပ် စိတ်ဝင်စားစရာ English သင်ခန်းစာလေးတွေ ဆက်ပါအုံးမယ်။

Continue ReadingAbove and Over
Read more about the article Tips for Reading together with kids
Tips for Reading together with kids

Tips for Reading together with kids

ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ကလေးက ပုံပြင်ကို ဖတ်နိုင်ရင် ကလေးကို ချီးကျူးပါ။ မဖတ်နိုင်ပေမယ့် ကြိုးစားပြီး ရသလောက် ဖတ်ရင်လဲ ကလေးရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ချီးကျုးပါ။စကားလုံးတွေရဲ့ အသံထွက်တွေကို ကလေးက မထွက်နိုင်တဲ့ အခါမျိုးမှာ စကားလုံးရဲ့ ပထမဆုံး အသံထွက်ကို ပြောပြပြီး ကလေးကို Hint ပေးပါ။ ဒါမှမဟုတ် စကားလုံးရဲ့ အသံထွက် တစ်ခုချင်းစီကို ကလေးကို ပေါင်းခိုင်းပါ။ အဓိပ္ပါယ်ကို ပြောပြဖို့လဲ မမေ့ပါနဲ့။နောက်နေ့မှာလဲ ဒီပုံပြင်ကို ပြန်ဖတ်ပါ။ အနည်းဆုံး ပုံပြင်တစ်ပုဒ်ကို နှစ်ခေါက်တော့ ရအောင် ဖတ်ပါ။ များများဖတ်လေ စကားလုံးတွေကို ကလေးက များများ စွဲလေ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် စာဖတ်နိုင်တယ် ဆိုတာ အလွန်ဂုဏ်ယူဖွယ်ရာ ဖြစ်လို့ စာဖတ်နိုင်တာကို သူသိရင် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်မှု စွမ်းအားလဲ တိုးတက်လာပါလိမ့်မယ်။

Continue ReadingTips for Reading together with kids