Read more about the article Rivet: Free English Books For Kids
Rivet: Better Reading Practice

Rivet: Free English Books For Kids

ဒီတစ်ခေါက်တော့ အင်တာနက် ပေါ်မှာ English children books တွေကို free ရနိုင်တဲ့ App လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကလေး စာအုပ် လေးတွေကို တရားဝင် (ခိုးကူးမဟုတ်ပဲ) ကလေးတွေ ဖတ်ရှုနိုင်မယ့် App လေးပါ။ ဒီ App လေးကို Google ကနေ ငွေကြေးထောက်ပံ့မှုနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကလေး စာအုပ်ပေါင်း ၃၅၀၀ ကျော် ရှိပြီး နေ့စဉ် စာအုပ် အသစ်တွေ တိုးပွားလာနေပါတယ်။ App ရော စာအုပ် အားလုံးရောက FREE ပါ။ Non-profit ဖြစ်တဲ့အတွက် App မှာ မျက်စေ့နောက်စရာ ကြော်ငြာတွေလဲ မပါပါဘူး။ Google က ဖန်တီးတာ ဖြစ်လို့ ကွာလတီကလဲ ရှယ်ကောင်းပါတယ်။ ဒီ App လေးရဲ့ အမည်ကတော့ Rivet ပါ။ နာမည် အပြည့်အစုံကတော့ Rivet: Better Reading Practice ဖြစ်ပါတယ်။ ဒီ App ကို iOS အတွက် App Store ပေါ်ကနေ အခမဲ့ ဒေါင်းနိုင်ပြီး Android ဖုန်းတွေ အတွက်တော့ Google Play Store ကနေ ဒေါင်းနိုင်ပါတယ်။  App ကို အသုံးပြုဖို့ register မှတ်ပုံတင်စရာ မလိုပေမယ့် မှတ်ပုံတင် ထားခြင်းဖြင့် ကလေး တစ်ယောက်ထက်ပိုရင် profile ခွဲထားနိုင် သလို မိမိကလေးရဲ့  progress ကိုလဲ မှတ်သားထားနိုင်မှာ ဖြစ်လို့ မှတ်ပုံတင်ထားတာက ကလေးအတွက် ပိုအကြိုးဖြစ်ထွန်းစေပါတယ်။ Reading level ကို ၈ ပိုင်း ခွဲခြားထားပါတယ်။ Level 1 က စာစဖတ်ကာစ ကလေးတွေအတွက် ဖြစ်ပြီး Level 8 ကတော့ Intermediate level လောက် ရှိမယ်ထင်ပါတယ်။ မြန်မာပြည် ကျောင်းတွေက ကလေးတွေ အတွက်ကတော့ ၁ တန်းကနေ ၈ တန်းလောက် level ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အထက်တန်း ကျောင်းသားတွေ အတွက်လဲ English စာ လေ့ကျင့်ဖို့ အသုံးဝင်ပါတယ်။ အသံထွက် မသိတဲ့…

Continue ReadingRivet: Free English Books For Kids