Opposites! Cloth Book

Ks12,000

Size: 18 x 20 cm
Product Code: Z143
Material: Fabric/Cloth
Pages: 8 pages

 

In stock

SKU: B9143 Category: Tags: , , ,

Description

Opposite!

ဒီစာအုပ်လေးကတော့ ဆန့်ကျင်ဘက်ပုံလေးတွေကို ချစ်စရာကောင်းတဲ့ အရုပ်အရှင်လေးတွေနဲ့ ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ပထမဆုံး စာရွက်လေးမှာတော့ ဆင်လေးရဲ့ နှာမောင်းလေးကို ဒီတိုင်းကြည့်ရင်တော့ တိုပါတယ်။ ဒါကို “Short” လို့ ဖော်ပြပေးထားပါတယ်။ နှာမောင်းလေးကို ဆွဲလိုက်ရင်တော့ ရှည်ထွက်လာပါတယ်။ ဒါကို “Long” လို့ ဖော်ပြထားပါတယ်။ နောက်တစ်ခုကတော့ ဆင်ကြီးကို အကြီးကြီးပဲလို့ တင်စားထားပါတယ်။ ဒါကို “Big” ဆိုပြီး ဖော်ပြထားပါတယ်။ ဆင်ကြီးရဲ့ နားရွက်လေးကိုတော့ သေးသေးလေးလို့ ပြောထားပါတယ်။ ဒါကိုတော့ “Little ” ပေါ့။

ဒုတိယ စာရွက်လေးမှာတော့ နေလုံးကြီးပုံနဲ့ ညဘက်ကြယ်လေးတွေ ထွက်နေတဲ့ပုံကို ဖော်ပြပေးထားပါတယ်။ ဒါကို ” Day” နဲ့ “Night” လို့ ဖော်ပြထားပါတယ်။ နောက်တစ်ခုကတော့ တံခါးပေါက်တစ်ခုကို အဖွင့်နဲ့ အပိတ်ကို ပြထားပါတယ်။ ဒါကို ” Open” နဲ့ “Closed” လို့ ဖော်ပြထားပါတယ်။

တတိယ စာရွက်လေးမှာတော့ လိပ်ကလေးနဲ့ ခွေးလေးရဲ့ပုံကို ပြထားပါတယ်။ ဒါကတော့ အနှေးနဲ့အမြန်ကို ပြချင်တာပါ။ “Slow” နဲ့ “Fast”ပေါ့။ နောက်တစ်ခုကတော့ မျောက်လုံးနဲ့ယုန်လေးက လျှောစီးလေးတစ်ခုကို စီးနေကြတာပါ။ အပေါ်တက်လိုက် အောက်ကျလိုက်နဲ့ ဆော့နေတာကို “Up”နဲ့ “Down” ဆိုပြီး ဖော်ပြထားပါတယ်။

နောက်ဆုံးစာရွက်လေးကတော့ သစ်ကုလားအုပ်နဲ့ ခွေးပုလေးကို ယှဉ်ပြီး ပြထားတာပါ။ “Tall” နဲ့ ” Short” ဆိုပြီး ဖော်ပြထားပါတယ်။ ခုလို ချစ်စရာကောင်းတဲ့ ဆန့်ကျင်ဘက် အရုပ်ရှင်လေးတွေကိုတော့ သားသားမီးမီးလေးတို့ နှစ်သက် သဘောကြကျမယ်လို့ ထင်ပါတယ်နော်။ ပိတ်စသားတွေမို့ ညစ်ပေသွားလဲ ပြန်ပြီး လျှော်ပေးလို့ ရပါတယ်။ တကယ်ကို အရည်အသွေးကောင်းတဲ့ စာအုပ်ကောင်းလေးတွေပါ။

 


Opposites Cloth Book

Additional information

Weight 0.1 kg
Dimensions 18 × 20 cm
Condition

New

Country of Origin

China

Material

Fabric

Google Products Categories

7198

Age

, ,

Brand

Reviews

There are no reviews yet.

Be the first to review “Opposites! Cloth Book”

Your email address will not be published. Required fields are marked *