You are currently viewing Across နဲ့ Through ဘယ်လိုသုံးမလဲ
Across and Through usage

Across နဲ့ Through ဘယ်လိုသုံးမလဲ

Across နဲ့ through နဲ့ ဘယ်လိုကွာသလဲ ဆိုတော့ on နဲ့ in ကွာသလို ကွာပါတယ်။

Across ကို မျက်နှာပြင် ပေါ်မှာ တစ်နေရာက တစ်နေရာကို ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။

We walk across the ice.
(ရေခဲပြင်ပေါ် လမ်းလျောက်သွားတာ ဖြစ်လို့ across ကိုသုံးပါတယ်။)
I walk across the square to the tea shop.
(ရင်ပြင်ပေါ်က ဖြတ်လျှောက်သွားတာမို့ across ကို သုံးပါတယ်)
We drove across the desert.
(သဲကန္တာရ ပေါ်က ဖြတ်ပြီး ကားမောင်းသွားတာမို့လို့ across ကိုသုံးပါတယ်)

Through ကိုကျတော့ ဘေးပါတ်လည်မှာ အရာဝတ္ထု၊ ပစ္စည်း၊ လူ အစရှိတာတွေ ကြားကနေ ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။

I walk through the wood.
(သစ်တောထဲက ဖြတ်သွားတဲ့ အခါ ဘေးပါတ်လည်မှာ သစ်ပင်တွေ ရှိနေတာမို့ through ကိုသုံးတာပါ)
We drove through several towns.
(မြို့တွေကြားက ဖြတ်မောင်းတဲ့ အခါမှာ ဘေးပါတ်ခြာလည်မှာ တိုက်တာ အိမ်ခြေတွေ ရှိနေတာကြောင့် through ကိုသုံးတာပါ။)
I walk through the crowd.
(လူတွေကြားက ဖြတ်လျှောက်သွားတဲ့ အခါမှာ ပါတ်ခြာလည်မှာ လူတွေရှိနေတာကြောင့် through ကို သုံးပါတယ်။)