သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

  • Post author:
  • Post category:Parenting

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ - ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ သိပါလိမ့်မယ်။ ကိုယ့်သားသမီး တစ်ခုခု ဖြစ်နေမှန်းလဲ မိဘလုပ်သူက သိတယ်၊ ဘာဖြစ်နေမှန်းလဲ မသိ၊ သိအောင်မေးတော့လဲ မဖြေဆိုတော့ စိတ်ပူတာရော၊ စိတ်တိုတာရော ပေါင်းပြီး တော်တော် ခံရခက်တဲ့ ခံစားမှုပါ (ကလေးမရှိသေးသူတွေ၊ ကလေးငယ်ငယ်လေးပဲ ရှိသေးတဲ့ မိဘတွေ ရီမနေ ကြပါနဲ့၊ သိပ်မကြာခင် ကြုံရမှာမို့ အားမွေးထားကြပါ)။ ဒီထက်ပိုဆိုးတာကတော့ မိဘလုပ်သူက သတိမထားမိလို့ ကိုယ့်သားသမီး ရင်ထဲမှာ တစ်ခုခု ခံစားနေရတာ မသိလိုက်ပဲ နောက်ကျမှ သိတာမျိုးဆိုရင် မကောင်းပါဘူး။ ဒါ့ကြောင့် မိဘလုပ်သူတွေ အနေနဲ့ ကိုယ့်သားသမီး ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ အကြံဉာဏ်လေးတွေ ပေးလိုက်ပါရစေ။ (၁) ကလေးကို စောင့်ကြည့်ပါ ကျွန်တော်ကျွန်မတို့ မြင်တဲ့ကြားတဲ့ အရာတိုင်းကို ဂရုပြု မှတ်သားမိကြရဲ့လား။ ကိုယ့်ရှေ့မှာ မြင်တာကြားတာကို ဂရုမပြုမိတာမျိုး ဘယ်နှစ်ခါ ကြုံဖူးကြပါသလဲ။ အထူသဖြင့် အခုခေတ်လို အင်တာနက်တွေ၊ Facebook တွေ၊ မိုဘိုင်းဖုန်းပေါ်က ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ခေတ်ကြီးမှာ တစ်ခါတစ်လေ ကိုယ့်ရှေ့တင် ဖြစ်သွားတာကို သတိမထားလိုက်မိတာ၊ တစ်ဖက်သား ကိုယ့်ကိုပြောတဲ့ စကားကို မကြားလိုက်မိတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ဒီလို ကိုယ်ကတစ်ခုခုကို အာရုံစိုက်နေမိတဲ့ အချိန်မျိုးမှာ ကိုယ့်ကလေးက မျက်စေ့မျက်နှာ ပျက်နေတာမျိုး၊ ငေးမှိုင်နေတာမျိုး၊ တိတ်တဆိတ် ငိုယိုနေတာမျိုးတွေကို သတိမထားလိုက်မိရင် ဒီလို သားသမီးက ကိုယ့်ရဲ့ အားပေးမှုကို အလိုအပ်ဆုံးအချိန်မှာ ကိုယ့်က…

Continue Readingသင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား
Read more about the article လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)
ကလေးတွေ လူမှုဆက်ဆံရေးမှာ ကျွမ်းကျင် လိမ္မာအောင် လူကဲခတ်နည်းတွေကို ငယ်ငယ်ကတဲက သင်ပေးသင့်ပါတယ်။

လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

ကလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင် သူတို့တွေဟာ လူတဖက်သားရဲ့ အရိပ်သုံးပါးကို နားလည်တဲ့ ကလေးတွေ ဖြစ်ဖို့လိုပါတယ်။ တဖက်သားက ကိုယ်ပြောတဲ့ စကားကို စိတ်ဝင်စားမှု ရှိတယ် မရှိဘူး၊ တဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်၊ ကိုယ်ပြောတာကို သူလက်ခံတယ် အစရှိတာတွေကို သိဖို့ဆိုတာ တဖက်သူရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာ စကားပြောတဲ့ လေယူလေသိမ်း အစရှိတာတွေကနေ အတွေ့အကြုံအရ မှန်းဆယူရတာ တွေပါ။ ကလေးတွေကို လူကြီးမိဘတွေက ဒီအတွေ့အကြုံတွေကို သင်ကြားပို့ချ ပေးမယ်ဆိုရင် သူတို့တွေဟာ အရွယ်နဲ့ မလိုက်အောင် လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ လူအချင်းချင်း ဆက်ဆံရေးမှာ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို ခွဲခြားသိခြင်းဟာ ဆက်ဆံရေး အောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ဒီလို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေကို ခွဲခြားသိနိုင်အောင် ကလေးကို ငယ်ငယ်ကတဲက ဒီအမူအရာတွေ တွေ့ရင် သင်ပြပေးပါ။ အိမ်ကမိသားစုဝင်တွေရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို သင်ပေးနိုင်သလို တီဗီကြည့်ရင်လဲ သရုပ်ဆောင်တွေမှာ တွေ့ရတဲ့ မျက်လုံးအမူအရာ၊ မျက်နှာအမူအယာ၊ လေယူလေသိမ်း စတာတွေကို ပြပြီး ဒါတွေဟာ ဘာကိုဆိုလိုတာလဲ ဆိုတာကလေးကို သင်ပေးပါ။ ပထမ အဆင့်မှာ ကလေးက ဒီအမူအရာတွေရဲ့ အဓိပ္ပါယ်နဲ့ ဆိုလိုရင်းကို သိစရာ မလိုသေးပါဘူး။ ဒီအမူအရာတွေကို ခွဲခြားသိတတ်ရင် လုံလောက်ပါတယ်။ မျက်လုံးချင်း ဆုံတတ်အောင် (Eye contact) လေ့ကျင့်သင်ကြားပေးပါ လူအချင်းချင်း ဆက်ဆံတဲ့ နေရာမှာ မျက်လုံးချင်းဆုံမှု (Eye contact) ဟာ အလွန်အရေးကြီးပါတယ်။ လူလူချင်း မျက်လုံးချင်းဆုံဖို့ ဝန်လေးတာဟာ လူတစ်ယောက်ရဲ့ ရှက်ရွှံ့မှု၊ စိတ်မလုံခြုံမှု၊ လူမှုဆက်ဆံရေးမှာ သက်တောင့်သက်သာ မရှိမှုတွေကို ပြနေပါတယ်။ မျက်လုံးချင်းဆုံတာ များလွန်းတဲ့ အခါကျတော့လဲ တဖက်သားကို ခြိမ်းချောက်နေသလိုမျိုး ဖြစ်နေတတ်ပါတယ်။ စကားပြောနေတုန်း မျက်လုံးချင်း မဆုံပဲ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေရင် သင်ပြောနေတာကို တဖက်သား စိတ်မဝင်စားဘူး ဆိုတာပြနေပါတယ်။ စကားပြောနေတုန်း မျက်လုံးချင်း မကြာခနဆုံမယ်ဆိုရင် (တချိန်လုံး မျက်လုံးကိုချည်း ကြည့်နေတာမျိုး မဟုတ်ပါဘူး) တဖက်သားဟာ သင်ပြောနေတာကို စိတ်ဝင်တစား နားထောင်နေတယ်လို့ ညွှန်ပြနေပါတယ်။ သင်ကလေးကို ဒီမျက်လုံးအမူအကျင့်တွေ သင်ပေးပြီး တဖက်သားနဲ့ ဘယ်လိုဆက်ဆံရမယ် ဆိုတာ သင်ပြပေးပါ။…

Continue Readingလူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)
Read more about the article အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်
ကိုယ်ဟာ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကို အောက်ပါအချက်တွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်

  • Post author:
  • Post category:Parenting

အောင်မြင်တဲ့ မိဘတွေဖြစ်ဖို့ အချက်တွေကို သင်သိပါသလား။ သိတာမခက်ပါဘူး။ အင်တာနက်ထဲမှာ မိမိကလေးကို အောင်အေင်မြင်မြင် ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင် ပေးရမလဲဆိုတာ ရေးထားတဲ့ ဆောင်းပါးတွေ အများကြီးပါ။ ဒါပေမယ့် ဒီအတိုင်း တကယ်လိုက်လုပ်ရတာကော လွယ်ကူပါရဲ့လား။ ဒီအကြံဉာဏ်တွေအတိုင်း လိုက်လုပ်ပါပြီတဲ့၊ တကယ်ရော သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တဲ့ မိဘတွေ ဖြစ်သွားရောလား။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့ မိဘဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ အောက်ပါ အချက် (၆) ချက်ဟာ အောင်မြင်တဲ့ မိဘတွေ ဖြစ်ကြောင်း ညွှန်ပြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) သင့်ကလေးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူ့ရဲ့ အနာဂါတ် အိမ်မက်တွေကို သင်နဲ့အတူ မျှဝေ ရင်ဖွင့်မယ် ကလေးတိုင်းဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ အနာဂါတ် စိတ်ကူးတွေ၊ အနာဂါတ်အတွက် အိမ်မက်တွေကို လူတိုင်းနဲ့ မျှဝေတာ မဟုတ်ပါဘူး။ သူတို့ ယုံကြည်တဲ့၊ သူတို့အပေါ် တကယ်နားလည်မှု ပေးနိုင်မယ့်၊ သူတို့အပေါ် ပျက်ရယ်ပြုတာမျိုး မလုပ်မယ့်သူမျိုးကိုသာ မျှဝေတာပါ။ အကယ်လို့ မိဘလုပ်တဲ့သူက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးမစိုက်ဘူး၊ နားလည်မှု မပေးနိုင်ဘူးလို့ သူတို့ထင်ရင်၊ သူတို့ရဲ့ အနာဂါတ်အိမ်မက်တွေကို နားလည်လက်ခံ နိုင်မှု မရှိဘူးလို့ သူတို့ထင်ရင် သူတို့ဟာ သူတို့မိဘတွေနဲ့ ဒီစိုးရိမ်မှုတွေ၊ အနာဂါတ်အိမ်မက်တွေကို မျှဝေမှာ မဟုတ်ပါဘူး။ သားသမီးလုပ်တဲ့သူက သူတို့ရဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ခံစားမှု၊ အနာဂါတ် စိတ်ကူအိမ်မက်တွေ အစရှိတာတွေကို သင့်ကိုမျှဝေပြောပြတယ်ဆိုရင် သင်ဟာ သူတို့ရဲ့ ယုံကြည်မှုကို ခံရတဲ့ အောင်မြင်တဲ့ မိဘတစ်ယောက် ဖြစ်လို့ပါပဲ။ (၂) သင့်ကလေးဟာ သင်နဲ့နှစ်ယောက်ထဲရှိတဲ့ အချိန်တွေကို လိုလားတယ်ဆိုရင် မိဘကို ချစ်တဲ့၊ အားကိုးတဲ့၊ ယုံကြည်တဲ့ ကလေးဟာ မိဘနဲ့ အတူနှစ်ယောက်ထဲ ရှိတဲ့ အချိန်တွေကို တန်ဖိုးထား လိုလားတောင့်တ ကြပါတယ်။ ဒီအချိန်မှာ သူဟာမိဘရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရတာကိုး။ မိဘအပေါ် ယုံကြည်အားကိုးမှု အပြည့်အဝ မရှိတဲ့ ကလေးတွေကတော့ မိဘနဲ့ နှစ်ကိုယ်ထဲ ရှိဖို့ထက် အခြားသူတွေနဲ့ ရှိမယ့်အချိန်တွေကိုပဲ လိုလားပါတယ်။ အကယ်လို့ သင့်ကလေးဟာ သင်နဲ့ နှစ်ယောက်ထဲ ရှိချိန်တွေကို တောင်ဆိုတယ်ဆိုရင် သင်ဟာအောင်မြင်တဲ့ မိဘဖြစ်လို့ ဝမ်းသာဂုဏ်ယူသင့်ပါတယ်။ ကလေးတိုင်းကို တစ်ယောက်ချင်းစီအတွက် အနည်းဆုံး…

Continue Readingအောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်
Read more about the article ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့
ကလေးကို ကတိပေးပြီးရင် မဖျက်ပါနဲ့။ ကတိကို အဖြည့်ဆည်း ပေးနိုင်ဘူး ဆိုရင် အစကတဲက ကတိမပေးပါနဲ့။

ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့

ကျွန်တော်တို့ မိဘလုပ်တဲ့သူ တော်တော်များများမှာ မကောင်းတဲ့ အကျင့််တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ကလေး အရမ်းပြောရခက်လာရင် စကားနည်း ရန်ဆဲ နောင်ခါလာ၊ နောင်ခါဈေး၊ နောက်မှကြည့်ရှင်းမယ် ဆိုပြီး ကလေးကို အလွယ်တကူ ကတိပေးလိုက်တာပါ။ ပေးလိုက်တဲ့ ကတိကလဲ ဘာမှာ ကြီးကြီးမားမား မဟုတ်ပါဘူး။ အိပ်ရာကနိုးရင် ဈေးခေါ်သွားမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက် ဈေးသွားမှပဲ အရုပ်ဝယ်ပေးမယ် ဆိုတာမျိုး၊ အသေးအမွှား လေးတွေပါ။ ကလေးက မေ့သွားမှာပဲ ဆိုပြီး လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကလေးက မမေ့တဲ့ အခါကျတော့ (ကလေးတွေဟာ လူကြီးတွေထက် အမှတ်သညာ ကောင်းကြပါတယ်)၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကတိကို ဖျက်ဖို့ကြိုးစား ကြပါတယ်။ လူကြီးလုပ်တဲ့ သူရဲ့ စိတ်ထဲမှာတော့ ဒါအသေးအမွှားပါလို့ ထင်ပေမယ့် ကလေးအတွက်ကတော့ အလွန်တရာ ပြစ်မှုကြီးမားသော ကတိဖောက်ဖျက်မှုကြီးပါပဲ။ ဒီလို လူကြီးလုပ်တဲ့သူက ကတိမတည်တဲ့ အခါမျိုးတွေ များလာတော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာ နိုင်ပါတယ်။ အောင်မှာ ဘာ့ကြောင့် လူကြီးတွေဟာ ကလေးတွေကို ပေးတဲ့ ကတိတွေကို စောင့်ထိန်းသင့်သလဲ၊ အလွယ်တကူ မဖျက်ပစ် သင့်သလဲဆိုတဲ့ အကြောင်းပြချက် (၅) ချက်ကို ဖော်ပြပေး ထားပါတယ်။ (၁) ကလေးတွေကိုပေးတဲ့ ကတိကို စောင့်ထိန်းခြင်းအားဖြင့် ကလေးတွေဟာ လူကြီးမိဘတွေပြောတဲ့စကားတွေကို ယုံကြည်မှု ရစေပါတယ် ကျွန်တော်တို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဆိုဆုံးမတဲ့ စကားတွေကို ကလေးက အလေးထား နားထောင်ပြီး ယုံယုံကြည်ကြည်နဲ့ လိုက်နာစေလိုပါတယ်။ ဒါပေမယ့် အကယ်လို့ မိဘလုပ်သူက ကလေးကို ကတိတွေပေးပြီး မတည်ပဲ ဖျက်ပစ်တတ်တယ်ဆို ဒီမိဘက ပြောတဲ့စကားတွေကို ဘယ်ကလေးက ယုံကြည်တော့မှာလဲ။ ဒီတစ်ခါလဲ အင်ပါပဲ ဆိုပြီးတော့ပဲ ကလေးက တွေးတော့မှာပေါ့။ မိဘက ကတိတည်ခြင်းအားဖြင့် ကလေးက မိဘပြောတဲ့ စကားတွေကို ယုံကြည်စေတဲ့အတွက် မိဘစကား နားထောင်တဲ့ သားသမီးကောင်းလေးတွေ ဖြစ်လာဖို့ လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ဒါ့ကြောင့် စကားနားထောင်တဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်စေချင်ရင် အရင်ဆုံး ကိုယ်က ကလေးကို ပေးတဲ့ ကတိကို တည်အောင် အရင်လိုက်နာ လုပ်ဆောင်ပေးပါ။ (ကတိမတည်နိုင်ရင် အစကတဲက မပေးပါနဲ့။ ပေးပြီးရင်လဲ အလွယ်တကူ မဖျက်ပြစ်ပါနဲ့။) (၂) လူကြီးက…

Continue Readingကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့
Read more about the article ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
ကလေးတွေဖတ် ဖို့ စာအုပ်တွေ ရွေးချယ်ရာမှာ အသက်အရွယ်အလိုက် သင့်တော်တဲ့ စာအုပ်တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး ကဗျာလေးတွေ ရွတ်ဆိုရတာ၊ နားထောင်ရတာကိုလဲ နှစ်သက်ကြပါတယ်။ ရှုပ်ထွေးတဲ့ ဝါကျတွေကို နားလည်နိုင်စွမ်း မရှိသေးတဲ့အတွက် သူတို့ကို ဖတ်ပြမယ့် စာကြောင်းတွေဟာ ရှင်းလင်းလွယ်ကူတဲ့ စာကြောင်းတွေ၊ စကားလုံးတွေ ဖြစ်ဖို့လိုပါတယ်။ စာတွေကို ဖတ်ပြတာထက် စာမပါတဲ့၊ ဒါမှမဟုတ် စာလုံးနဲနဲပဲ ပါတဲ့ ရုပ်ပုံစာအုပ်တွေကို နှစ်သက်ကြပါတယ်။ ဒီလို စာမဲ့ရုပ်ပုံ စာအုပ်တွေဟာ ကလေးတွေရဲ့ ပုံပြောစွမ်းအားနဲ့ စိတ်ကူးကွန့်မြူးမှုစွမ်းအားတွေကိုလဲ အားပေးပါတယ်။ ဒါ့ကြောင့် ဒီအရွယ် ကလေးတွေအတွက် အရောင်အသွေး စိုပြည်တဲ့ ကတ်ထူစာအုပ် (Board Books) တွေနဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ စာအုပ်တွေဟာ ကလေးတွေအတွက် အထူးသင့်လျှော်ပါတယ်။ Board Books မူကြိုအရွယ် (၃ နှစ်က ၅ နှစ်အကြား) ဒီအရွယ်ကလေးတွေဟာ ပိုမိုခက်ခဲတဲ့ စကားလုံးနဲ့ ဝါကျတွေကို စတင်နားလည်နိုင်ပါပြီ။ Activity လေးတွေလုပ်ရတာ၊ ဟန်လုပ်ကစားရတာတွေကိုလဲ နှစ်သက်ကြပါတယ်။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေနဲ့ ပုံထဲက ရုပ်ပုံတွေကို ဆက်စပ်ကြည့်ရတာလဲ ပျော်ရွှင်ကြပါတယ်။ ကလေးကဗျာတွေရွတ်ဆိုရတာ ပျော်ရွှင်ကြပါတယ်။ သူတို့အတွက် လွယ်ကူတဲ့ ပုံပြင်စာအုပ်လေးတွေ၊ Pop Up စာအုပ်တွေ၊ activity တွေပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။ Picture Story Books မူလတန်းအရွယ် (၅ နှစ်က ၈ နှစ်အကြား) ဒီအရွယ် ကလေးတွေဟာ စာဖတ်စသင်တဲ့ အရွယ်တွေ ဖြစ်ပါတယ်။ အစပိုင်းမှာ လွယ်ကူတဲ့ ဝါ…

Continue Readingကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
Read more about the article The 5 Love Languages of Children
ကလေးတွေကို သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာစာစကားနဲ့ ပြောဆိုဖို့ လိုအပ်ပါတယ်။

The 5 Love Languages of Children

သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ ကောင်းစွာ အခံစားရတတ် ကြပါဘူး။ ကလေးငယ်တစ်ယောက်ကို မိဘက ချစ်တယ်လို့ ပါးစပ်က ပြောရုံနဲ့ ကလေးက နားလည်မယ်၊ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရမယ်လို့ တစ်ထစ်ချ မှတ်ယူလို့ မရပါဘူး။ ကလေးကို သူလိုချင်တာတွေ အကုန်လုပ်ပေးရုံ၊ သူလိုချင်တာအားလုံး ဝယ်ပေးရုံနဲ့လဲ ကလေးက မိဘရဲ့ ချစ်ြခင်းမေတ္တာကို ခံစားရချင်မှ ခံစားရမှာပါ။ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ကလေးက ခံစားနားလည် သိရှိဖို့ဆိုရင် သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောမှ ကလေးက နားလည်မှာပါ။ ကလေးနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကား ငါးမျိုးရှိပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့ ဘာသာစကား မတူညီတဲ့ အတွက် ကလေးတစ်ယောက်ချင်းစီကို သူနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောဖို့လိုပါတယ်။ ချစ်ခြင်းမေတ္တာ ဘာသာစကား (၁)။ ထိတွေ့မှု ကလေးအများစု နားလည်တဲ့ ချစ်မေတ္တာ ဘာသာစကားကတော့ ထိတွေ့မှုပါ။ ထိတွေ့မှုဆိုတာမှာ ကလေးကို မိဘက ယုယထွေးပွေ့တာ၊ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ အစရှိတာတွေ အကုန်ပါပါတယ်။ ကလေးငယ်ငယ်မှာ မိဘက ကလေးကို ယုယုယယ ချီပိုးတာ၊ မွှေးမွှေးပေးတာတွေဟာ ချစ်မေတ္တာကို ကလေးနားလည်တဲ့ ဘာသာစကားနဲ့ ပြဆိုတာပါပဲ။ မိဘ အတော်များများဟာ ကလေးနည်းနည်း ကြီးလာရင် ကိုယ့်ကလေးကို ယုယုယယ ထွေးပွေ့ဖို့ မေ့လျှော့ သွားကြပါတယ်။ အချို့မိဘတွေကလဲ ငွေရှာတဲ့ အလုပ်ပဲ လုပ်နေတော့ ကလေးကို ပွေ့ဖက်နမ်းရှုံ့ဖို့ အချိန်မရ ကြပါဘူး။ ဒီအခါ ကလေးက သူ့ကို…

Continue ReadingThe 5 Love Languages of Children
Read more about the article အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ
ကလေးအသက် ၃ နှစ်လောက်က စပြီး စာဖတ်ဖို့ သပြီး သင်ပေးလို့ ရပါပြီ။

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် ဆိုတာမျိုး မသတ်မှတ်ပဲ ကလေး ပျော်သလောက် ပေးဖတ်ဖို့ လိုပါတယ်။ ကလေးက မဖတ်ချင်တာကို အတင်း ဖတ်ခိုင်း၊ ဖတ်ပြနေရင် ကလေးက စာဖတ်ရမှာ မုန်းသွားပါလိမ့်မယ်။ ကလေးတွေ ကိုယ်တိုင် စာစမဖတ်ခင်မှာ ပထမ အဆင့်အနေနဲ့ ကလေးဟာ သူများဖတ်ပြတာကို နားထောင်တတ်တဲ့ အကျင့်ရဖို့ လိုပါတယ်။ ကလေးကို ပုံပြင်လေးတွေ ပြောပြတာ၊ ကလေး ကဗျာလေးတွေ ဖတ်ပြတာ၊ ကလေးသီချင်းလေးတွေ ဆိုပြတာတွေ ကို ကလေးငယ်စဉ်ကတဲက ပုံမှန်အလေ့အကျင့် လုပ်လာဖို့ လိုပါတယ်။ စာအုပ်လေးတွေနဲ့ ကစားစေတာ၊ စာအုပ်ထဲက ပုံလေးတွေ ပြတာတွေ၊ ဒီ့ထက်နဲနဲ ကြီးလာရင် ပုံလေးတွေ ဆေးရောင်ချယ်တာတွေ စတဲ့ ကစားနည်းတွေကို ကစားစေခြင်းဖြင့် ကလေးတွေကို စာအုပ်နဲ့ ယဉ်ပါးလာအောင် လုပ်ပေးဖို့ လိုပါတယ်။ စာစဖတ်ဖို့ ကလေးတွေမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိဖို့လိုမလဲ ကလေးတွေကို စာစဖတ်ဖို့ လေ့ကျင့်သင်ကြားပေးတော့မယ်ဆိုရင် အောက်ပါစွမ်းဆောင်ရည်တွေ ရှိနေဖို့ လိုပါတယ်။ စာအုပ်တွေနဲ့ ကစားရတာ၊ စာအုပ်တွေကို ကိုင်တွယ်ရတာ ပျော်မယ်။သူတို့နာမည်ကို သူတို့သိမယ်။လွယ်ကူတဲ့ စာလုံးလေးတွေနဲ့ သူတို့ရဲ့ ရုပ်ပုံလေးတွေကို ဆက်နွယ်တတ်မယ် ဥပမာ၊ Mum ဆိုတာကို အမေနဲ့ ဆက်စပ်ပြတတ်မယ်၊ cat ဆိုတာကို ကြောင်နဲ့ ဆက်စပ်ပြတတ်မယ်။သိပ်အများကြီး သိဖို့ မလိုပါဘူး။ အဓိကက ဒီလိုဆက်စပ်တတ်တဲ့ အရည်အချင်း ရှိဖို့ပဲ လိုပါတယ်။အချို့စကားလုံးတွေရဲ့ အသံထွက်တွေကို သိမယ်စာဖတ်လိုတဲ့ စိတ်ရှိမယ်မှတ်နိုင်စွမ်းအား ရှိမယ်။…

Continue Readingအသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ
Read more about the article Oxford Reading Tree
အင်္ဂလိပ်စာဖတ် စသင်ခါစ ကလေးတွေအတွက် Oxford Reading Tree က အထူးသင့်လျော်ပါတယ်။

Oxford Reading Tree

ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာသင်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးဖို့ လိုပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တဲ့ နေရာမှာ တွေရာစာအုပ်တွေ လျှောက်ပေးဖတ်နေမယ့်အစား ကလေးရဲ့ အသက်၊ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို တဆင့်ချင်း ပေးဖတ်သွားတာဟာ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်တိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလို အဆင့်အလိုက် အင်္ဂလိပ်စာ စာအုပ်တွေ အဆင့်သတ်မှတ်ရာမှာ Oxford Reading Tree ဟာ နံမည်ကျော်ပါတယ်။ အင်္ဂလန်က အစိုးရ မူလတန်းကျောင်း ၈၀% လောက်ဟာ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ ဒီ Oxford Readig Tree Grading System ကို အသုံးပြုကြပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာလဲ ဒီ Oxford Reading Tree စနစ်ကို အသုံးပြုပြီး ကလေးတွေအတွက် အင်္ဂလိပ်စာ စာအုပ်တွေ ကို အဆင့်သတ်မှတ်ကြပါတယ်။ ဒီ Oxford Reading Tree စနစ်နဲ့ တိုက်ပြီး ထုတ်ဝေတဲ့ ကလေးအင်္ဂလိပ်စာအုပ်ပေါင်း စုစုပေါင်း အုပ်ရေ ၈၀၀ ကျော်ရှိပါတယ်။ စာအုပ်အားလုံးလိုလိုဟာ အုပ်ရေသိန်းချီရိုက်နှိပ်ထုတ်ဝေရအောင် နံမည်ကျော် လူကြိုက်များတဲ့ စာအုပ်တွေ ဖြစ်ကြပါတယ်။ ဒီစနစ်နဲ့ ထုတ်ဝေတဲ့ နာမည်ကျော် ကလေးစာအုပ်တွဲတွေကတော့ Floppy's Phonics Biff, Chip and Kipper Traditional Tales Songbirds Phonics inFact နဲ့ Story Sparks တို့ပဲဖြစ်ကြပါတယ်။ Oxford Reading Tree ကို အသက် ၄ နှစ်ကနေ ၇ နှစ်ထိ ကလေးတွေအတွက် ရည်ရွယ်တာဖြစ်ပြီး အဆင့် ၃ ဆင့် သတ်မှတ်ထားပါတယ်။ အဲ့ဒီအဆင့်တွေကတော့ အသက် ၄ နှစ်ကနေ ၅ နှစ်ကြား Year: Reception အင်္ဂလိပ်စာ စတင်သင်ကြားစ ကလေးတွေအတွက် ရည်ရွယ်ပါတယ်။ ဒီ အဆင့်မှာ အဆင့် ၄ ဆင့် ထပ်ခွဲထားပါတယ်။ အဆင့်တိုင်းကို အရောင်တွေနဲ့ ခွဲခြားပြီး သတ်မှတ်ထားပါတယ်။ Band: Lilac (ခရမ်းနုရောင်) | Oxford Level: 1 Band:…

Continue ReadingOxford Reading Tree
Read more about the article မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးခြင်းဖြင့် အောင်မြင်တဲ့ ကလေးတွေ ဖြစ်လာအောင် အားပေးကူညီ နိုင်ပါတယ်။

မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။ ၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် ပေးတာမျိုး၊ အရုပ်နှစ်မျိုးထဲက ဘယ်အရုပ်ကို ဝယ်မလဲ ရွေးချယ်ခွင့် ပေးတာမျိုး။ ၂။ ကလေးအတွက် အကုန်လုံး လူကြီးတွေက လုပ်မပေးပါနဲ့ ကလေးကို သူလုပ်နိုင်မယ့် အရာတွေကို သူ့ဟာသူ လုပ်ပါစေ။ လူကြီးတွေက ကလေးတွေအတွက် အကုန်လုပ်ပေးတဲ့ အချက်ထဲမှာ အဓိက အကြောင်းရင်း တစ်ချက်ကတော့ ကလေးကလုပ်ရင် အချိန်ကြာတော့ လူကြီးလုပ်တဲ့ သူက စိတ်မရှည်တော့ပဲ လုပ်ပေးလိုက်တာပါ။ ဥပမာ ကလေးက အင်္ကျီဝတ်ရင် အချိန်ကြာတော့ လူကြီးလုပ်သူက စိတ်မရှည်ပဲ ဝတ်ပေးလိုက်တာမျိုးပေါ့။ စိတ်ရှည်ပါ။ ကလေးအတွက် အင်္ကျီဝတ်တာဟာ သူကျော်လွှားရမယ့် အခက်အခဲ တစ်ခုဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မြင့်တက်လာမှာ ဖြစ်ပါတယ်။ ၃။ ဘယ်သူမှာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ဘူးဆိုတာ ကလေးသိအောင် ရှင်းပြပါ ကလေးက တစ်ခုခုကို မလုပ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ပြည့်စုံအောင် မလုပ်နိုင်တဲ့အခါ ဝမ်းနည်းပြီး စိတ်ဓါတ်ကျတတ်ပါတယ်။ ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ သူ့အနေနဲ့ ကိစ္စအားလုံးကို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်အောင်လုပ်စရာ မလိုဘူးဆိုတာ နားလည်အောင် ရှင်းပြပါ။ မိဘကလဲ ကိုယ့်ကလေး မလုပ်နိုင်ရင် ဆူတာ၊ အပစ်တင်တာ၊ ဒါမှမဟုတ် ဒါလေးတောင် မလုပ်နိုင်ရကောင်းလားဆိုတာကို ကိုယ်အမူအရာနဲ့ ပြတာတွေ ရှောင်ကျဉ်ဖို့ လိုပါတယ်။ ၄။ အနှစ်မပါတဲ့ ချီးမွမ်းမှုတွေကို ရှောင်ကျဉ်ပါ အနှစ်မပါတဲ့၊ မမှန်တဲ့…

Continue Readingမိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်
Read more about the article သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ
လွတ်လပ်စွာ ကစားခုန်စား ပြုလုပ်ခွင့် ရတဲ့ ကလေးတွေဟာ ဉာဏ်ရည် ပိုပြီး ထက်သန်ကြပါတယ်။

သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ

အချို့မိဘတွေက ကလေးတွေကို အောင်မြင်စေချင်တော့ ကျောင်းစာကို ဖိပြီး လုပ်ခိုင်းတတ်ပါတယ်။ ကလေးကို ကစားခွင့်မပေးပဲ၊ ဒါမှမမဟုတ် အချိန်နဲနဲပဲ ကစားခွင့်ပေးပြီး ကျောင်းစာကိုပဲ အချိန်ပြည့်နီးပါး လုပ်ခိုင်းတတ်ကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး သုတေသနပြု တွေ့ရှိချက်တွေအရ ဒါဟာမှားယွင်းတဲ့ အမူအကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပါတ်သက်တဲ့ သုတေသနပြုချက် အများအပြားက ကလေးတွေ ငယ်စဉ်မှာ ကစားခုန်စားပြုတာဟာ အသက်ကြီးလာချိန်မှာ ကလေးရဲ့ လူမှုရေး ပေါင်းသင်းဆက်ဆံမှုစွမ်းရည်၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှု စွမ်းရည်နဲ့ ကျောင်းပညာရေးအောင်မြင်မှု စွမ်းရည်တွေကို အများကြီး အထောက်အကူ ပြုတယ်ဆိုတာ တွေ့ရှိလာလို့ပါပဲ။ Spiderman လို၊ Batman လို ဝတ်စားပြီး ကစားတာမျိုး၊ Lego လို အိမ်ဆောက်တဲ့ ဘလောက်တုံးတွေနဲ့ ကစားတာမျိုးတွေဟာ ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည် (creativity) ကိုဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် ကလေးရဲ့ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း (emotional intelligence) ကိုလဲ မြင့်တက်လာစေပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို လေ့လာတဲ့ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ ကလေးရဲ့ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်နဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စွမ်းရည်တွေ တိုးတက်လာစေဖို့ဆိုရင် ကစားတဲ့ ကစားနည်းတွေဟာ အောက်ပါအချက်နဲ့ ပြည့်စုံဖို့ လိုပါတယ်တဲ့။ အဲ့ဒါတွေကတော့ မိဘက အတင်းဖိအားပေး ကစားခိုင်းတဲ့ ကစားနည်းမျိုး မဟုတ်ပဲ ကလေးကိုယ်တိုင်က လိုလိုချင်ချင် ကစားချင်တဲ့ ကစားနည်းမျိုး ဖြစ်ရပါ့မယ်။ကစားတဲ့အခါ ကလေးကို ပျော်ရွှင်မှု ဖြစ်စေရပါ့မယ်။ ပျင်းရိညည်းငွေ့ဖွယ် ကစားနည်းမျိုး မဖြစ်စေရပါဘူး။ကစားနည်းဟာ ကလေးရဲ့ စိတ်အာရုံကို ကြာရှည်စွဲဆောင်နိုင်တဲ့ ကစားနည်းမျိုး ဖြစ်ရပါမယ်။ပုံမှန်နေ့တဒူဝ အဖြစ်အပျက်တွေကနေ သွေဖယ်တဲ့ ကစားနည်းမျိုး (စိတ်အာရုံကွန့်မြူးပြီး ကစားရတဲ့ ကစားနည်းမျိုး၊ ဥပမာ - အာကသထဲ ခရီးသွားတာမျိုး) ဘယ်လိုကစားနည်းမျိုးတွေက အထက်ပါအချက်တွေကို ဖြည့်ဆည်းပေးမလဲ အောက်ပါကစားနည်းတွေဟာ ကလေးရဲ့ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်နဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စွမ်းရည်တွေကို တိုးတက်မြင့်မား လာစေပါတယ်တဲ့။ စိတ်အာရုံကွန်းမြူးစေတဲ့၊ စဉ်းစားတွေးတောရတဲ့၊ စိတ်ကူးယာဉ်ရတဲ့ ကစားနည်းမျိုးတွေ၊ ဥပမာ - ပုံဆွဲတာ၊ သဲအိမ်ဆောက်တာ၊ ကခုန်တာ၊ စတာတွေဟာ ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကိုအားပေးပါတယ်။ဘလောက်တုန်းတွေ၊ ကတ်ထူပြားတွေနဲ့ အိမ်ဆောက်တမ်း ကစားတာ။ ဒီကစားနည်းတွေဟာ ကလေးရဲ့ လက်တွေထိန်းချုပ်စွမ်းအားကို တိုးတက်လာစေတဲ့ အပြင်၊ စိတ်ရှည်မှု၊ စိတ်ခံစားမှုကို…

Continue Readingသင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ