Read more about the article ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Teach counting to toddlers

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ ဒါဆို ဘယ်လို သင်ကြမလဲ။  ကလေး တစ်နှစ်ကျော် လောက်ကစပြီး ကလေးကို သင်္ချာနဲ့ ပါတ်သက်တဲ့ အခြခံတွေ စပြီး သင်ပေးပါ။ ကလေးရဲ့ အသက်ကနေ စပြီး သင်ပေးပါ။ ဥပမာ ကလေး အသက် ၁ နှစ်ဆိုရင် လက်တစ်ချောင်း ထောင်ပြီး ကလေးကို သားသား (မီးမီး) အသက်က တစ်နှစ် ဆိုပြီး သင်ပေးပါ။ ပြီးရင် ကလေးကို ပြန်ပြီး မီးမီး အသက်က ဘယ်နှစ်နှစ်လဲ ဆိုပြန်မေးပါ။ ပထမတော့ ကလေးက ပြန်ပြီး လက်ချောင်းလေးတွေ ထောင်ပြတတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ် ထပ်ခါထပ်ခါ သင်ပေးရင် မကြာမီ ကလေးက သူ့ အသက် မေးရင် လက်ချောင်းလေး ထောင်ပြီး ပြန်ဖြေတတ်လာ ပါလိမ့်မယ်။ ဒီလို ကလေးက ပြန်ဖြေနိုင်တဲ့ အခါမျိုးမှာ “သားသားမှန်တယ်” ဆိုပြီး ပြောဖို့လဲ မမေ့ပါနဲ့။ ဒီလို သင်တဲ့ အခါ အရေးကြီးတာကတော့ ကလေးကို ပျော်ရွှင်စေဖို့ ဆိုတာပါပဲ၊ ကလေးက အမှန် မဖြေနိုင်လို့ ဆူတာမျိုး မပြုလုပ်ပါနဲ့။ ကလေးအတွက် စိတ်ဖီစီးမှု မဖြစ်ဖို့ အရေးကြီးပါတယ်။ သင်ပေးလို့ နေ့ချင်းညချင်း ၁၂၃၄ ရေတတ်ဖို့က အဓိက မဟုတ်ပါဘူး။ ဂဏန်းတွေရဲ့ သဘောသဘာဝကို ကလေးနားလည် သွားဖို့က အဓိက ဖြစ်ပါတယ်။ အခြားရောဘယ်လိုနည်းလမ်းတွေနဲ့သင်ပေးလို့ရသေးလဲ အခြားနည်းလမ်းတွေနဲ့လဲ သင်ပေးနိုင်ပါတယ်။ ဥပမာ…

Continue Readingကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Read more about the article Tips for Reading together with kids
Tips for Reading together with kids

Tips for Reading together with kids

ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ကလေးက ပုံပြင်ကို ဖတ်နိုင်ရင် ကလေးကို ချီးကျူးပါ။ မဖတ်နိုင်ပေမယ့် ကြိုးစားပြီး ရသလောက် ဖတ်ရင်လဲ ကလေးရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ချီးကျုးပါ။စကားလုံးတွေရဲ့ အသံထွက်တွေကို ကလေးက မထွက်နိုင်တဲ့ အခါမျိုးမှာ စကားလုံးရဲ့ ပထမဆုံး အသံထွက်ကို ပြောပြပြီး ကလေးကို Hint ပေးပါ။ ဒါမှမဟုတ် စကားလုံးရဲ့ အသံထွက် တစ်ခုချင်းစီကို ကလေးကို ပေါင်းခိုင်းပါ။ အဓိပ္ပါယ်ကို ပြောပြဖို့လဲ မမေ့ပါနဲ့။နောက်နေ့မှာလဲ ဒီပုံပြင်ကို ပြန်ဖတ်ပါ။ အနည်းဆုံး ပုံပြင်တစ်ပုဒ်ကို နှစ်ခေါက်တော့ ရအောင် ဖတ်ပါ။ များများဖတ်လေ စကားလုံးတွေကို ကလေးက များများ စွဲလေ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် စာဖတ်နိုင်တယ် ဆိုတာ အလွန်ဂုဏ်ယူဖွယ်ရာ ဖြစ်လို့ စာဖတ်နိုင်တာကို သူသိရင် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်မှု စွမ်းအားလဲ တိုးတက်လာပါလိမ့်မယ်။

Continue ReadingTips for Reading together with kids
Read more about the article ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ
ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ကူးဉါဏ် ကွန့်မြူးမှုကို အထောက်အကူ ပြုပါတယ်။

ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု အသက်တွေကြီးလို့ ကျွန်မကိုယ်တိုင် အဖွားဖြစ်လာ တာတောင်မှပဲ အဲ့ဒီတုန်းက အဖိုးပြောပြခဲ့တဲ့ ပုံပြင်တွေကို မှတ်မိနေတုန်းပါပဲ။ ကလေးဘဝတုန်းက ပုံပြင်တွေ နားထောင်ရင်းနဲ့ ကျွန်မဟာ စကားလုံး အသစ်တွေကို သင်ယူခဲ့ရတာကို အဲ့ဒီတုန်းကတော့ သတိမထား မိခဲ့ပါဘူး။ ဒီလို စကားလုံး အသစ်တွေ သင်ယူရင်နဲ့ ဒီစကားလုံးတွေရဲ့ အသုံးပြုပုံတွေကိုလဲ ကျွန်မကိုယ်တိုင် သတိမပြုမိပဲ သင်ယူခဲ့ ရပါတယ်။ ဒီပုံပြင်တွေကနေ အတွေးအမြင်သစ်တွေ ရရှိခဲ့တာ၊ ဘဝသင်ခန်းစာတွေ ရရှိခဲ့တာကိုလဲ အဲ့ဒီတုန်းကတော့ သတိမထား မိခဲ့ပါဘူး။ ပုံပြင်စာအုပ်ကောင်း တစ်အုပ်ဟာဆိုရင် ဖတ်နေရင်း လက်ကမချချင်အောင်၊ တစ်မျက်နှာ ဖတ်ပြီးသွားရင် နောက်တစ်မျက်နှာ ဆက်ဖတ်ချင်အောင် ကလေးတွေကို ဆွဲဆောင်နိင်စွမ်း ရှိပါတယ်။ ကျွန်မတို့ စာဖတ်သူတွေဟာ ပုံပြင်ထဲက ဇါတ်လိုက်က နောက်ဘာဆက်ဖြစ်မလဲ၊ ဒီဇါတ်ကောင်တွေ ဘာတွေလုပ်မလဲ၊ ဘာတွေပြောသလဲ ဆိုတာတွေကို သိချင်အောင် စွဲဆောင်နိုင်စွမ်း ရှိကြပါတယ်။ စာဖတ်သူတွေမှာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသထွက်ခြင်း၊​ကြောက်ရွှံ့ခြင်း အစရှိတဲ့ စိတ်ခံစားမှု တွေကိုလဲ​ပုံပြင်ဖတ်နရင်း ခံစားရပါတယ်။ ဒါဘာကြောင့်လဲ ဆိုတော့ ပုံပြင်ကောင်းတွေဟာ စာဖတ်သူတွေကို ပုံပြင်စာအုပ်ထဲကို ဆွဲခေါ်သွား နိုင်လို့ပါပဲ။ လက်တွေ့ ပြင်ပလောကထဲကလိုပဲ ပုံပြင်ထဲက ဇါတ်ကောင်တွေကို နှစ်သက်မှု၊ မနှစ်သက်မှု အစရှိတဲ့ ခံစားမှုတွေလဲ ဖြစ်ပေါ်လာစေပါတယ်။ တစ်ခါတစ်လေလဲ ကိုယ့်ကိုယ်ကိုယ် ပုံပြင်ထဲက ဇါတ်ကောင်နေရာမှာ ထားပြီး ခံစားဖတ်ရှု မိပါတယ်။ ပုံပြင်ထဲက ဇါတ်ကောင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးနဲ့…

Continue Readingပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ
Read more about the article ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ
ကလေးတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အကြား စာဖတ်သင့်ပါတယ်။

ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ - ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ - ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ ထောက်ပြပါတယ်။ အကယ်လို့ ဖတ်ရခက်တဲ့ (သူ့စာဖတ်နိုင်တဲ့ အဆင့်ထက် အများကြီး မြင့်တဲ့) စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ကြိုးစားဖတ်တာဟာ လွယ်ကူတဲ့ စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ဖတ်သလောက် စာလုံးရေ များများ ဖတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီ ၁၅ - ၂၀ မိနစ်ဆိုတာ ပညာရှင်တွေက ဖတ်သင့်တယ်လို့ အကြံပြုထားတဲ့ ပြင်ပစာပေ ဖတ်ရှုချိန် ဖြစ်ပေမယ့်လို့ အကယ်လို့ သင့်ကလေးက စာဖတ်ရတာ ဝါသနာ ပါတယ်ဆိုရင် ဒီထက်ပိုပြီး အချိန်ကြာကြာ ဖတ်ရှုဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကလေးကို အရမ်း စိတ်ပင်ပန်းအောင်တော့ အတင်းအကြပ် အချိန်အကြာကြီး စာဖတ်အောင် တွန်းအားပေးတာမျိုး မလုပ်ဖို့လဲ ထောက်ပြကြပါတယ်။ စာစဖတ်စ ကလေးတွေအနေနဲ့ စာကို အကြာကြီး ဖတ်နိုင်ဖို့ဆိုတာ အလေ့အကျင့် လိုအပ်ပါတယ်။ စာစဖတ်စ ကလေးတွေဟာ တစ်ယောက်ထဲ စာဖတ်ရတာထက် အခြားတစ်ယောက်ကို ဖတ်ပြရတာမျိုးကို ပိုပြီး စိတ်ဝင်စားကြတယ်လို့ ကလေးပညာရှင်တွေက ထောက်ပြပါတယ်။ ဒါကြောင့် သင့်ကလေး စာဖတ်တာကို နေ့စဉ် အချိန်ပေးပြီး နားထောင်ပေးဖို့ အကြံပြုကြပါတယ်။ ဒီလိုနားထောင်တဲ့အတွက် ကလေးကိုလဲ အားပေးရာ ရောက်ပါတယ်။ နောက်တစ်ခုကတော့ စာစဖတ်စ ကလေးတွေအတွက် စာဖတ်ရတယ်ဆိုတာ တကယ့်အားထုတ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစာဖတ်တဲ့ အချိန်မှာ ကလေးကို အနှောက်အယှက် ဖြစ်စေမယ့် စကားအကျယ်ကြီး ပြောတာမျိုး၊…

Continue Readingကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ