Read more about the article ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
Executive function for children

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။ ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် ဘယ်လို လေ့ကျင့် ပေးလို့ ရမလဲ အစရှိတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Executive Function ဆိုတာဘာလဲ Executive function ဆိုတာ လူတစ်ယောက် နေ့စဉ် လုပ်ကိုင်ဆောင်ရွက် နေမှုတွေကို ထိန်းချုပ်တဲ့ တွေးခေါ်မှု စွမ်းရည် (congnitive abilities that control and regulate most of what we do day-to-day) ပဲ ဖြစ်ပါတယ်။ ဒီ Executive Function (EF) မှာ  အလုပ်တွေကို အစပြုနိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာကို ဘယ်သူမှ အတင်းခိုင်းလို့ မဟုတ်ပဲ ကိုယ့်အသိနဲ့ ကိုယ် စလုပ်တာ)လုပ်ရမယ့် အလုပ်တွေကို ဘယ်လို လုပ်မလဲ ဆိုတာ plan လုပ်နိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာ လုပ်ရာမှာ ဘယ်ဘာသာကို စလုပ်မလဲ၊ ပြီးရင် ဘယ်ဘာသာတွေ ဆက်လုပ်မလဲ plan ချနိုင်တာ)အလုပ်တွေကို အစီအစဉ်တကျ လုပ်နိုင်တဲ့ (organization) စွမ်းရည် (ဥပမာ အိမ်စာ မလုပ်မီ လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာ၊ အစရှိတာတွေ ကြိုတင် ပြင်ဆင် ထားတာမျိုး)သင့်တော်တဲ့ ရည်မှန်းချက် (goal) သတ်မှတ်နိုင်တဲ့ စွမ်းရည် - အိမ်စာ အားလုံးကို ည ၈ နာရီ မတိုင်မီ အကုန် ပြီးအောင်…

Continue Readingကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
Read more about the article ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့
Raising a confident daughter

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့

  • Post author:
  • Post category:Parenting

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ယှဉ်ရင် ငယ်စဉ်မှာ ပိုပြီး အစကောင်းကြပါတယ်။ သူတို့ဟာ စကားစပြောတာ စောသလို၊ ပေါင်းသင်းဆက်ဆံရေးမှာလဲ ပိုကောင်းကြပါတယ်။ အတန်းထဲမှာ ဆိုရင်လဲ ထိပ်ဆုံးက နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်လောက်က စလို့ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က ပေးလာတဲ့ ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးလာ နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် - "မိန်းကလေး တစ်ယောက်မှာ ရုပ်လှဖို့က စာတော်ဖို့ထက် ပိုအရေးကြီးတယ်" ဆိုတာမျိုးတွေ၊ "မိန်းကလေးက လင်ကောင်းသားကောင်းရဖို့ အရေးကြီးတယ်" တို့၊ နောက်ပြီး ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ ပြောဆိုမှုတွေ၊ စာတော်တဲ့ မိန်းကလေးတွေမို့ ယောကျ်ားလေးတွေရဲ့ သတိထား ခံရမှုတွေ၊ အစရှိ တာတွေအားလုံးဟာ သမီးမိန်းကလေးတွေကို စိတ်ရှုပ်ထွေးလာစေနိုင်ပြီး ပညာရေးပိုင်းမှာ ထိခိုက်လာတာ၊ မိမိကိုယ်ကကို ယုံကြည်ချက် (confidence) နဲလာတာ မျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်မှာ သမီးမိန်းကလေး ရှိမယ်ဆိုရင် သမီးမိန်းကလေးရဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှု (self confidence) ကောင်းမွန်အောင် ဘယ်လို အားပေး ကူညီ နိုင်မလဲ ဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ (၁) မိမိလိုလားချက်တွေ၊ မိမိဖြစ်ချင်တာတွေကို ရဲရဲရင့်ရင့် ထုတ်ဖော်ပြောရဲအောင် ငယ်ငယ်ကတဲက သင်ကြားပေးပါ သင့်သမီးကို ငယ်ငယ်ကတဲက သူလိုချင်တာတွေ၊ သူဖြစ်ချင်တာတွေကို မိဘတွေ၊ ဆရာသမားတွေ၊ လူကြီးတွေကို ဖွင့်ဟပြောရဲအောင် လေ့ကျင့်ပေးပါ။ လိုချင်တာကို ဖွင့်မပြောရဲပဲ အုံ့ပုံး နေတာမျိုးကို အားမပေးပါနဲ့။ သူလိုချင်တာ ရတာမရတာက တပိုင်း၊ ဘာလိုချင်လဲ ဆိုတာကို ဖွင့်ပြောတာက တပိုင်းဆိုတာ သူနားလည်အောင် ပြောပြပါ။ ကိုယ်လိုချင်တာကို ဖွင့်မပြောရင် ဘယ်သူမှ မသိနိုင်ဘူး ဆိုတာလဲ သူနားလည်ပါစေ။ ဒီလိုပြောရဲဖို့ဆို မိဘက သူလိုချင်တာ လုပ်မပေးနိုင်ရင်တောင် ဘာ့ကြောင့် မပေးနိုင်ရတာလဲ သူနားလည်အောင် ရှင်းပြပါ။ နောက်တခါ ကလေးကို လုပ်ပေးမယ်လို့ ပြောပြီးရင်လဲ ဖြစ်အောင် လုပ်ပေးပါ။ နို့မဟုတ်ရင် သမီးလုပ်သူက ပြောလဲ လေကုန်တာပဲ အဖတ်တင်တယ်လို့ မြင်သွားရင် နောက်ပြောတာ့မှာ မဟုတ်ပါဘူး။ ကြာလာရင် ကိုယ်လိုချင်တာ ရဖို့ ဝန်လေးသွား တတ်ပါတယ်။ (၂) ကိုယ်နဲ့ ရွယ်တူတွေက ဖိအားပေးတာ၊ အနိုင်ကျင့်တာတွေကို ရင်ဆိုင်နိုင်အောင် သင်ပေးပါ သမီးမိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်ပြားစေတဲ့…

Continue Readingကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့
Read more about the article Toddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ
Toddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ

Toddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ

  • Post author:
  • Post category:Parenting

တိုးတိုးလေးဟာ အသက် ၂ နှစ်အရွယ် ယောက်ျားလေးပါ။ သူကဓါးခုတ်တမ်း ကစားရတာ ဝါသနာ ပါပါတယ်။ ကစားတဲ့ အခါမှာလဲ တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ကစားတတ်ပါတယ်။ သူ့အမနဲ့ ကစားတဲ့အခါ သူ့အမကို ရိုက်မိလို့ ထိခိုက်ဓါဏ်ရာရပေါင်းလဲ မနဲတော့ပါဘူး။ သူ့အမေက သူ့ကို ကြမ်းကြမ်းတမ်းတမ်း မကစားဖို့၊ ကစားတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေး ကစားဖို့ ဆုံမလဲ နားမဝင်ပါဘူး။ ရိုက်ဆုံးမလဲ မထူးပါဘူး။ သူ့အမေက ဘယ်လိုဆုံးမရမှန်း မသိလို့ စိတ်ညစ်နေပါတယ်။  မိခင်တော်တော်များများ အတွက်ကတော့ ဒီအရွယ် ကလေးတွေကို စည်းကမ်းထိန်းသိမ်း ဆိုဆုံးမရတာဟာ မလွယ်ပါဘူး။ ကလေးက ကိုယ်ဆုံးမတာ နားထောင်ရင်တောင် ခနနေ နောက်တမျိုး ထလုပ်လို့ နောက်တမျိုး ဆုံးမရ တာမို့ ဆိုဆုံးမရတာ မဆုံးတော့ပါဘူး။   ဒီနေရာမှာ ကလေးကို ဆုံးမတယ် ဆိုတာကို အချို့က ရိုက်နှက်ဆုံးမ အပြစ်ပေးတာနဲ့ မှားယွင်းယူဆ တတ်ကြပါတယ်။ ပညာရှင်တွေကတော့ ဆုံးမတယ် ဆိုတာကို ကလေးမှာ မသင့်တော်တဲ့ အမူအကျင့်တွေ၊ ကြမ်းတမ်းတဲ့ အလေ့စရိုက်တွေနဲ့ အန္တရာယ် ရှိတဲ့ အပြုအမူတွေ မရှိအောင်၊ မဖြစ်အောင် တားဆီးဖို့ စည်းကမ်းသတ်မှတ်ခြင်းလို့ အဓ္ပါယ် ဖွင့်ဆိုကြပါတယ်။ ဒီလိုဆုံးမရာမှာ စည်းကမ်းဖောက်ဖျက်ရင် ရရှိမယ့် ပြစ်ဒါဏ်တွေကို သတ်မှတ်ပြီး အပြစ်ပေးတာလဲ ပါဝင်ပါတယ်။  အောက်မှာ ကလေးငယ်တွေကို ဆုံးမရာမှာ အောင်မြင်မှုရဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်(၇) ချက်ကို တင်ပြထားပါတယ်။  (၁) ဘယ်အချိန် ဆုံးမရမလဲဆိုတာကို ဆုံးဖြတ်ပါ  ကလေးက ဘာအမှားလုပ်လုပ် ဆုံးမနေမယ်ဆိုရင် ကြာတော့ ကလေးက ကိုယ်ပြောဆိုဆုံးမတာကို နားမဝင်တော့ပါဘူး။ တနည်းအားဖြင့်တော့ ကိုယ့်ဆုံးမစကား အားလုံးဟာ ဒီဖက်နားက ဝင်ပြီး ဟိုဖက်နားက ပြန်ထွက်သွားပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ဆိုရင် ကလေးကို ဘယ်အချိန်မှာ ဆိုဆုံးမပြီး ဘယ်လိုအချိန်မှာ လွှတ်ပေးရ မလဲဆိုတာကို သိဖို့လိုပါတယ်။ ပညာရှင်တွေက အကြံပြုတာကတော့ အရေးကြီးတဲ့ အပြုအမူတွေဆိုရင် ဆိုဆုံးမပြီး အရေးမကြီးတဲ့ အပြုအမူတွေကိုတော့ လွှတ်ပေးလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ အခြားကလေးတွေကို ရိုက်တာမျိုး၊ လူကြီးတွေကို ပြန်ပြောတာမျိုး၊ တီဗီကို မရပ်မနား အကြာကြီး ကြည့်နေတာမျိုးဆို ပြောဆိုဆုံးမပေမယ့် သူကြိုက်တဲ့ အဝတ်အစားကို နေ့စဉ်ရက်ဆက် ဝတ်တာမျိုးလို အရေးမပါတာမျိုးကိုတော့ လွှတ်ပေးလိုက်တာ မျိုးပါ။  (၂) မသင့်တော်တဲ့ အမူအကျင့်တွေကို ဖြစ်ပေါ်စေတဲ့ ဖြစ်စဉ်တွေကို ရှောင်ရှားပါ  ကလေးမှာ မသင့်တော်တဲ့ အမူအကျင့်တွေကို ဖြစ်စေနိုင်တဲ့ ဖြစ်စဉ်တွေကို သတိထား စောင့်ကြည့်ပြီး ဒီဖြစ်စဉ်တွေ မဖြစ်အောင် ရှောင်ရှားခြင်းဖြင့် အဲ့ဒီ အမူအကျင့်တွေ မဖြစ်ပေါ်လာအောင် ရှောင်ရှားနိုင်ပါတယ်။ ဥပမာ ဈေးဝယ်ထွက်တဲ့အခါ စင်ပေါ်က ပစ္စည်းတွေကို…

Continue ReadingToddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ
Read more about the article သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း
သင့်ကလေးကို မပြောသင့်တဲ့ စကား (၅) ခွန်း

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း

  • Post author:
  • Post category:Parenting

ကလေးတွေရဲ့ ဦးဏှောက်ဟာ အလွန်ကို နုနယ်ပါတယ်။​ ဒီလိုပဲ ကလေးတွေရဲ့ စိတ်ဟာလဲ အလွန်နုနယ်တဲ့ အတွက် လူကြီးတွေက သူတို့ကို ပြောတဲ့ စကားတွေကို လက်လွတ်စပယ် မပြောပဲ ဆင်ခြင်သင့်ပါတယ်။ လူကြီးမိဘရဲ့ စကားအမှား တစ်ခုကြောင့် ကလေးရဲ့ စိတ်ခံစားမှုကို ထိခိုက်သွားနိုင်ပါတယ်။ အောက်မှာ ကလေးစိတ်ပညာရှင်တွေက ကလေးတွေကို မိဘလုပ်သူတွေအနေနဲ့ မပြောသင့်ဘူးလို့ ထောက်ပြထားတဲ့ စကားငါးခွန်းအကြောင်းကို ဆွေးနွေထားပါတယ်။ တိတ်စမ်းမငိုနဲ့ တစ်ခါတစ်ရံမှာ ကလေးတွေဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငိုနေတတ်ကြပါတယ်။ တစ်ခါတစ်လေ အကြာကြီး ငိုတဲ့ အခါကြတော့ မိဘလုပ်သူက စိတ်တိုပြီး “တိတ်စမ်း၊ မငိုနဲ့၊ အခုတိတ်” ဆိုပြီး ဆူမိငေါက်မိ တတ်ပါတယ်။ ဒါမျိုး ကလေးရှိတဲ့ မဘတိုင်း ကြုံဘူးမှာပါ။ ဒီလိုဆူငေါက်လိုက်လို့ ကလေးက ကြောက်ပြီး ချက်ချင်း အငိုတိတ်သွား သလား။ တစ်ခါတစ်လေ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် အများအားဖြင့်တော့ အငိုမရပ်တာ များပါတယ်။ မိဘတွေ အနေနဲ့တော့ ကလေးက ဘာအကြောင်းမှ မယ်မယ်ရရ မရှိပဲ ဒီလိုငိုနေတာမျိုး ကြုံရတာ တော်တော်လေး စိတ်ပျက်စရာပါ။ မိဘလုပ်သူ အနေနဲ့ ဘာ့ကြောင့် ကိုယ့်ကလေး ဒီလိုငိုနေရတာလဲ ဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ဒါပေမယ့် ကလေးလုပ်သူ အတွက်ကတော့ ဒါဟာ သူ့ရဲ့ စိတ်တွင်းခံစားမှုရဲ့ ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။ ကလေးတွက်က ငိုတာကလွဲလို့ သူ့စိတ်ခံစားမှုကို ထုတ်ဖေါ်ပြဖို့ အခြားနည်းလမ်းမှု သူမသိတာကိုး။ သူဘာခံစားနေရလဲ ဆိုတာကို မိဘလုပသူက နားလည်အောင် ပြောပြဖို့လဲ သူ့မှာ စကားလုံး ကြွယ်ဝမှု မရှိသေးပါဘူး။ ဒီလို စိတ်ခံစားမှုကို ထုတ်ဖေါ်ပြသတာကို “မငိုနဲ့ တတ်စမ်း၊ အခုတိတ်” ဆိုပြီး အတင်းအကြပ် တားဆီးတာဟာ ကလေးရဲ့ စိတ်ဖွံဖြိုးမှုအတွက် အများကြီး အန္တရာယ် ရှိပါတယ်။ ကလေးဟာ အရိုက်ခံရမှာ၊ အပြစ်ပေးခံရမှာကို ကြောက်တဲ့အတွက် သူ့ရဲ့ စိတ်ခံစားမှုကို ချိုးနှိမ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို စိတ်ခံစားမှုကို ချိုးနှိမ်ဖို့ ကြိုးစားတဲ့အတွက် ကလေးမှာ စိတ်ဒါဏ်ရာရနိုင်ပါတယ်။ “တိတ်စမ်း၊ မငိုနဲ့တော့” လို့ ပြောတာဟာ ကလေးရဲ့ ခံစားနေ ရမှုကို လျော့နည်းသွားစေခြင်း မရှိတဲ့အပြင် ကလေးကို “သူ့ရဲ့ စိတ်ခံစားမှုတွေဟာ အကြောင်းခိုင်လုံမှု မရှိဘူး” ဆိုတဲ့ မှားယွင်းတဲ့ အတွေးအမြင်ကို…

Continue Readingသင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း
Read more about the article ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
ကိုယ့်သားသမီးကို တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

“အန်တီနု သားလေးက တော်လိုက်တာ” “သူများသားသမီးတွေ တော်လိုက်ကြတာ၊ ငါ့သမီးကျတော့ ...” “သမီးသူငယ်ချင်း မွန်မွန်က ဆုရပြီး ဘာလို့ သမီးက မရရတာလဲ” “ဘာလို့ ငါ့သားက အောင်အောင့်လို မတော်ရတာလဲ” သင်ဟာ ကလေးမိဘ တစ်ယောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ကလေးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုး ပြုလုပ်ဖူးပါသလား။ ကလေးမိဘတိုင်းလိုလို အနည်းနဲ့ အများတော့ ဒီလိုမျိုး ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်ဖူးကြမှာပါ။ အနည်းဆုံးတော့ စိတ်ထဲက နှိုင်းယှဉ်မိတာမျိုးတော့ ဖြစ်ဖူးမှာပါ။ ဒါပေမယ့် ဒီလို ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ အဓိက ကတော့ ကိုယ့်သားသမီးကို သူများသားသမီးတွေလို တော်စေချင်၊ တတ်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုး ဖြစ်တတ်ပါတယ်။​ ဒါပေမယ့် တကယ်တမ်းမှာ ဒီလိုနှိုင်းယှဉ်ပြောတာမျိုးဟာ သားသမီးကို အကျိုးမဖြစ်စေပဲ ရေရှည်မှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အတွက် မပြုလုပ် သင့်ပါဘူး။ နှိုင်းယှဉ်တယ်ဆိုတာ အသက်အရွယ်မရွေး မလိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။​ အထူးသဖြင့် စိတ်ဓါတ် နုနယ်တဲ့ ကလေးတွေမှာ ပိုလို့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ဟာ နုနယ်တဲ့ အတွက် သူတို့အပေါ်မှာ အဆိုးမြင်တဲ့ (Negative criticism) ဝဖတ်မှုကို ခံနိုင်ရည်စွမ်းအား မရှိကြပါဘူး။ အထူးသဖြင့် အခြားကလေးတွေ သူတို့ထက် သာတဲ့ အချက်တွေကို ထောက်ပြတာကို သူတို့ဟာ ခံနိုင်စွမ်း မရှိပါဘူး။ ဒီလိုပြောလို့ ကိုယ့်ကလေးက မှားယွင်းနေတာကို ဆိုဆုံးမ ထောက်ပြတာမျိုး မလုပ်ရဘူးလို့ ပြောတ မဟုတ်ပါဘူး။ ကိုယ့်ကလေးကို ကောင်းစချင်လို့ ဆုံးမတဲ့ အခါမျိုးမှား အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ဆိုဆုံးမတာမျိုး မလုပ်ပဲ သူတို့ရဲ့ အမှားတွေကို ထောက်ပြပြီး ဆုံးမတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အောက်မှာ ဘာ့ကြောင့် ကိုယ့်သားသမီးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းကို ကလေးစိတ်ပညာရှင်တွေက ထောက်ပြထားတာတွေကို စုစည်း တင်ပြပေးထားပါတယ်။ (၁) ကလေးက သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ပါတ်သက်လို့ သံသယ ဝင်သွားမယ် ကလေးကို မိဘလုပ်သူက သူဟာ ညံ့ဖြင်းတယ်၊ အခြားကလေးတွေက သူ့ထက် ပိုသာတယ်၊ ပိုစွမ်းဆောင်နိုင်တယ်၊ ပိုပြီး…

Continue Readingကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
Read more about the article ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ
ကလေးကို မရိုက်ပဲ ဆုံးမနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ

  • Post author:
  • Post category:Parenting

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကလေးတွေကို ဆုံးမတဲ့ နေရာမှာ ဘာ့ကြောင့် မရိုက်သင့်တာလဲ ဆိုတာကို ရေးသားခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ကလေးတွေကို မရိုက်ပဲနဲ့ ဘယ်လိုစည်းကမ်း ထိန်းသိမ်းမလဲ ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို တိုးတက်အောင်မြင် ဖြစ်ထွန်းစေချင်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ သားသမီးတွေ ဖြစ်ဖို့ လိုအပ်သလို သင်ကြားပေးတာ၊ လိုအပ်သလို စည်းကမ်းထိန်းသိမ်းတာတွေ ပြုလုပ်ကြရပါတယ်။ ဒီလိုစည်းကမ်းထိန်းတဲ့ နေရာမှာ၊ သင်ကြားပေးတဲ့ အခါမှာ တစ်ခါတစ်ရံ ပြောရဆိုရ ခက်တဲ့အခါမျိုးမှာ ကလေးကို ရိုက်နှက်ဆုံးမ ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို ရိုက်နှက်ဆုံးမရင် ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများတတ်တာမို့ မရိုက်သင့်ပါဘူး။ ဒါဆိုဘယ်လို ကလေးကို စည်းကမ်းထိန်းမလဲ။ ဘယ်လို ကိုယ်ညွှန်ကြားချက်အတိုင်း လိုက်ပါဆောင်ရွက်အောင် လုပ်မလဲ။ ကလေးတွေကို စည်းကမ်းထိန်းတဲ့နေရာမှာ ပထမဆုံး အောက်ပါအချက်တွေကို သတိပြုဖို့ လိုအပ်ပါတယ်။ စောစောစီးစီး စပါ။ ကလေးငယ်ငယ်လေး ကတဲက စည်းကမ်းကို စထိန်းပါ။ ကလေးငယ်တုန်းမှာ လုပ်ချင်ရာ လုပ်ခွင့်ပေးထားပြီး အသက် ၅ နှစ် ၆ နှစ်လောက် ကျတော့မှ ရုတ်တရက် ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ထလုပ်ရင် ကလေးက ဘာကြောင့် အခုမှ လာပြီး စည်းကမ်းတွေ တင်းကြပ်ရတာလဲ ဆိုတာကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးငယ်စဉ်ကတဲက စည်းကမ်းကို စပြီး ထိန်းပါ။ကလေးတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းရမယ့် အမူအကျင့်တွေကို ကြိုတင်ပြီး ကလေးတွေ နားလည်အောင် ရှင်းပြထားပါ။ ကလေးက သူဘာ့ကြောင့် အပြစ်ပေး ခံရလဲ ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဥပမာ - အခြားကလေးတွေကို မကိုက်ရဘူး ကိုက်ရင် အပြစ်ပေးခံရမယ် ဆိုတာကို ကြိုပြီး ရှင်းပြထားပါ။ ကြိုမရှင်းပြပဲ (ကြိုပြီး စည်းမျဉ်းမထုတ်ထားပဲ) ဖြစ်လာမှ ထပြီး အရေးယူ အပြစ်ပေးရင် ကလေးက ဘာလို့အပြစ်ပေး ခံရမှန်း နားမလည် ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ဥပဒေကို အရင်ထုတ်ပါ။ကလေးနဲ့ လိုက်ဖက်တဲ့ အပြစ်ဒါဏ်ပေးမှုကို ကျင့်သုံးပါ။ ကလေးရဲ့ အသက်အရွယ် အလိုက် အပြစ်ဒါဏ် ပေးသင့်တဲ့ အမူအကျင့်ကို ကြိုတင်သတ်မှတ်ပါ။ ဥပမာ - လသားလေးက အမေကို ကိုက်ရင် သူကိုက်ချင်လို့…

Continue Readingကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ
Read more about the article ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ
ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေနိုင်ပါတယ်။

ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ

  • Post author:
  • Post category:Parenting

မိဘတော်တော်များများဟာ ကလေးတွေ ပြောမရ ဆိုမရ ဖြစ်လာရင် စိတ်တိုပြီး ကလေးကို ရိုက်ချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ တချို့မိဘတွေကလဲ စိတ်မထိန်းနိုင်ပဲ ကလေးကို ရိုက်မိတတ်ကြပါတယ်။ အချို့ရှေးဆန်တဲ့ မိဘတွေကတော့ ကလေးကို ရိုက်နှက်ဆုံးမဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ရှိကြပါတယ်။ ဒီခေတ်မှာတော့ မိဘ တော်တော်များများဟာ ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက် နားလည်လာကြပေမယ့် စိတ်ဒေါသအလျှောက် တခါတလေ ရိုက်နှက်မိ တတ်ကြပါတယ်။ ဒါ့ကြောင့် ဘာကြောင့် ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မပြုလုပ်သင့်ဘူးလဲဆိုတဲ့ အကြောင်း (၉) ချက်ကို အောက်မှာ တင်ပြဆွေးနွေးထားပါတယ်။ (၁) ရိုက်နှက်ဆုံးမတာဟာ ကလေးကို “အားကြီးသူက မှန်တယ်” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို သင်ပေးပါတယ် သင့်ကလေး မှားယွင်းမှု တစ်ခုခု လုပ်မိလို့ ကလေးကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် သင်ဟာ ကလေးကို “အားကြီးတဲ့သူ၊ ခွန်အားကြီးတဲ့သူက မှန်တယ်မှားတယ်ဆိုတာ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်” ဆိုတဲ့ အယူအဆကို သင်ကြားပေးသလို ဖြစ်နေပါတယ်။ ဆိုလိုတာက သင့်ကလေး ကြီးလာတဲ့ အခါမှာလဲ သူဟာ သူ့ထက် အားနဲသူတွေအပေါ်မှာ မှန်တယ်မှားတယ် ဆိုတာကို ဆုံးဖြတ်နိုင်ခွင့်ရှိတယ်လို့ သင်ပေးနေ သလိုပါပဲ။ (၂) အသက်ကြီးသူက အသက်ငယ်သူကို ရိုက်နှက်ပိုင်ခွင့် ရှိတယ်လို့ ကလေးက မှတ်ယူသွားမယ် ကလေးကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေဟာ အသက်ငယ်တဲ့ သူတွေကို ရိုက်နှက်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို ကလေးကို သင်ပေးသလို ဖြစ်နေပါတယ်။ အားကြီးသူက အားငယ်သူကို ရိုက်နှက်ခွင့် ရှိတယ်လို့ ကလေးက မှတ်ယူသွားနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ကလေးက အခြားကလေးကို ရိုက်နှက်ထိုးကြိတ်လို့ ကိုယ်က ကိုယ့်ကလေးကို ရိုက်နှက်ဆုံးမတယ်ဆိုရင် ကလေးက ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပါဘူး (ကလေးကို မရိုက်ဖို့၊ မထိုးဖို့လဲ ဆုံးမတယ်၊ မိဘလုပ်သူကကျတော့ ကလေးကို ရိုက်တယ်ဆို ကလေးက ဘယ်လိုနားလည်ရမှန်း မသိဘူး ဖြစ်တတ်ပါတယ်။) (၃) အကြမ်းဖက်ရိုက်နှက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်နိုင်တယ် ဆိုတဲ့အတွေး ကလေးမှာ ဝင်သွားနိုင်တယ် ကလေးက တစ်ခုခု အမှားလုပ်မိလို့ ကလေးကို ရိုက်နှက်ဆုံးမတာ၊ ကလေးက ကိုယ်ပြောတာ နားမထောင်လို့ ကလေးကို ရိုက်နှက်တာဟာ ကလေးကို “အကြမ်းဖက် ရိုက်နှက်ခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းလို့ရတယ်” ဆိုတဲ့ အယူအဆ…

Continue Readingဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ
Read more about the article ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ
ကလေးတွေကို မိဘစကား နားထောင်အောင် ငယ်စဉ်ကတဲက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ

  • Post author:
  • Post category:Parenting

အခုခေတ်လို တီဗီတွေ၊​ ဗီဒီယိုဂိမ်းတွေ၊ လက်ကိုင်ဖုန်းဂိမ်းတွေ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ကလေးတွေရဲ့ မိဘတွေအပေါ် အာရုံစိုက်မှုဟာလဲ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတိုင်းလိုလို ကိုယ့်ကလေးက ကိုယ်ပြောတာကို မကြားတာ၊ ကြားပေမယ့် တစ်ခါထဲနဲ့ ပြန်မဖြေတာ၊ ကိုယ်ပြောတာကို တုန့်ပြန်မှုရဖို့ ၃-၄ ခါ ထပ်ခါထပ်ခါ ပြောရတာတွေ မကြာခန ကြုံကြရ မှာပါ။ ကလေးတွေရဲ့ ဗီဇကိုကလဲ သူတို့ကြားချင်တာကို ကြားပြီး သူတို့မကြားလိုတာကို မကြားပဲ နေတတ်တဲ့ အမူအကျင့် ရှိကြပါတယ်။ ဒီလိုကြုံလာတာ များလာရင် မိဘလုပ်သူကလဲ စိတ်တိုပြီး ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက စကားပြောတဲ့အခါ ကလေးလုပ်သူက ချက်ခြင်း အာရုံစိုက် နားထောင်အောင် ကလေးကို ဘယ်လိုလေ့ကျင့် သင်ကြားပေးမလဲဆိုတာ ဒီအပါတ် ဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ စိတ်အာရုံကို ထွေပြားစေတဲ့ အနှောက်အရှက်တွေကို အရင် ဖယ်ရှားပါ ကလေးက တီဗီကြည့်နေတဲ့ အခါမျိုး၊ ဂိမ်းကစားနေတဲ့ အခါမျိုးတွေ၊ ဖုန်းထဲကနေ ယူကျုဗီဒီယို ကြည့်နေတဲ့ အခါမျိုးတွေမှာ အခန်းရဲ့ တဖက်ခြမ်းကနေ အော်ပြီးပြောတမျိုးဟာ ဘာမှ အကျိုးရလာဒ် မရှိနိုင်ပါဘူး။ ဒီလိုအခါမျိုးမှာ ကလေးကို စကားမပြောမီ၊ မေးခွန်းမမေးမီ၊ ဒါမှမဟုတ် ညွှန်ကြားချက် တစ်ခုခု မပေးမီမှာ အရင်ဆုံး စိတ်အာရုံကို ထွေပြားစေတဲ့ အရာတွေကို အရင် ဖယ်ရှားပါ။ တီဗီကို ပိတ်လိုက်တာ၊ ဒါ မှမဟုတ် အသံတိုးလိုက်တာ၊ ဂိမ်းကို ခနရပ်လိုက်တာ အရင်လုပ်ပြီးမှာ ကလေးကို စကားပြောပါ။ ဖြစ်နိုင်ရင် မျက်လုံးချင်းဆုံပြီး ပြောပါ။ လိုအပ်ရင် ကလေးရဲ့ ပုခုံးကို ကိုင်ပြီး စကားပြောတာမျိုးဟာ ကလေးရဲ့ စိတ်အာရုံ စူးစိုက်မှုကို ပိုရနိုင်ပါတယ်။ ကြိုတင်သတိပေးပါ ကိုယ်လုပ်စေချင်တဲ့ ညွှန်ကြားချက်ကို ၅ မိနစ် ကြိုပေးပါ။ ဥပမာ တီဗီကြည့်နေတဲ့ ကလေးကို နောက် ၅ မိနစ်နေရင် တီဗီပိတ်ပြီး ရေချိုးရတော့မယ်နော်လို့ ကြိုပြောပါ။ ၅ မိနစ် ပြည့်တာနဲ့ တီဗီပိတ်ပြီး ရေချိုးပါစေ။ ဒီလိုပဲ ဖုန်းပွတ်နေတဲ့ ကလေးကို စာလုပ်ချိန် ရောက်ရင် နောက် ၅ မိနစ်နေ ကျောင်းစာစလုပ် ရတော့မယ်နော် ဆိုပြီး ကြိုသတိပေးပါ။ ကလေးအတွက် အပြောင်းအလဲလုပ်ဖို့…

Continue Readingကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ
Read more about the article သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား
သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား ဆိုတာကို အောက်ပါအချက်တွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

  • Post author:
  • Post category:Parenting

မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ် ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ အိမ်မှာ ပြဿနာ မရှိလှပေမယ့် အခြားသူတွေ၊ သူငယ်ချင်းတွေနဲ့ကျတော့ သူလိုချင်တာမှန်သမျှ မရနိုင်၊ သူဖြစ်ချင်တာ မှန်သမျှ မဖြစ်နိုင်တဲ့အတွက် ကလေးက သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေ၊ ကစားနည်းတွေမှာ အဆင်ပြေအောင် မကစားနိုင်ပါဘူး။ ဒီအမူအကျင့်ဟာ အသက်ကြီးတဲ့အထိ ပါသွားရင် အလုပ်ခွင်မှာ အများနဲ့ ပေါင်းသင်ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ သင့်ကလေးဟာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် မပေါင်းနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့ အပေးအယူ မလုပ်တတ်ဘူး၊ သူငယ်ချင်းတွေအကြောင်း တချိန်လုံး၊ မကြာခဏ ညည်းညူတတ်တယ်ဆိုရင် သူတို့ဟာ လိုတာရရမယ်၊ ဖြစ်ရမယ်ဆိုတဲ့စိတ် ဝင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို မိဘက ဂရုပြု စောင့်ကြည့်သင့်ပါတယ်။ (၂) လိုချင်တာရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာကို ကလေးက နားမလည်ဘူး ကလေးက လိုတာအကုန်ရနေတော့ လိုချင်တာရှိရင် ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာ နားမလည်ပါဘူး။ အသက်ကြီးလာတဲ့ အခါကျတော့ ကြိုးစားအားထုတ်ချင်စိတ် လျှော့နည်းသွား တတ်ပါတယ်။ သင့်ကလေးဟာ သူမြင်သမျှကို လက်ညှိုးထိုး တောင်းဆိုတတ်တယ်၊ မိဘက သူတောင်းဆိုတာ ဝယ်မပေးရင် စိတ်ဆိုးပြီး မိဘကို အပြစ်တင်တတ်တယ်၊ ဒါမှမဟုတ် သူလိုချင်တာ မှန်သမျှ မိဘက ဝယ်ပေးရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုရင် သင်အလိုလိုက်တာ နဲနဲ များသွားလို့ ဖြစ်နိုင်ပါတယ်။ (၃) အခက်အခဲ ကြီးကြီးမားမား အကြုံဖူးတဲ့အတွက် အခက်အခဲကြုံလာရင် ဘယ်လိုဖြေရှင်းရမှန်း မသိဘူး ဖြစ်နေတတ်တယ် ကလေးက အခက်အခဲ တစ်ခုခု…

Continue Readingသင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

  • Post author:
  • Post category:Parenting

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ - ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ သိပါလိမ့်မယ်။ ကိုယ့်သားသမီး တစ်ခုခု ဖြစ်နေမှန်းလဲ မိဘလုပ်သူက သိတယ်၊ ဘာဖြစ်နေမှန်းလဲ မသိ၊ သိအောင်မေးတော့လဲ မဖြေဆိုတော့ စိတ်ပူတာရော၊ စိတ်တိုတာရော ပေါင်းပြီး တော်တော် ခံရခက်တဲ့ ခံစားမှုပါ (ကလေးမရှိသေးသူတွေ၊ ကလေးငယ်ငယ်လေးပဲ ရှိသေးတဲ့ မိဘတွေ ရီမနေ ကြပါနဲ့၊ သိပ်မကြာခင် ကြုံရမှာမို့ အားမွေးထားကြပါ)။ ဒီထက်ပိုဆိုးတာကတော့ မိဘလုပ်သူက သတိမထားမိလို့ ကိုယ့်သားသမီး ရင်ထဲမှာ တစ်ခုခု ခံစားနေရတာ မသိလိုက်ပဲ နောက်ကျမှ သိတာမျိုးဆိုရင် မကောင်းပါဘူး။ ဒါ့ကြောင့် မိဘလုပ်သူတွေ အနေနဲ့ ကိုယ့်သားသမီး ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ အကြံဉာဏ်လေးတွေ ပေးလိုက်ပါရစေ။ (၁) ကလေးကို စောင့်ကြည့်ပါ ကျွန်တော်ကျွန်မတို့ မြင်တဲ့ကြားတဲ့ အရာတိုင်းကို ဂရုပြု မှတ်သားမိကြရဲ့လား။ ကိုယ့်ရှေ့မှာ မြင်တာကြားတာကို ဂရုမပြုမိတာမျိုး ဘယ်နှစ်ခါ ကြုံဖူးကြပါသလဲ။ အထူသဖြင့် အခုခေတ်လို အင်တာနက်တွေ၊ Facebook တွေ၊ မိုဘိုင်းဖုန်းပေါ်က ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ခေတ်ကြီးမှာ တစ်ခါတစ်လေ ကိုယ့်ရှေ့တင် ဖြစ်သွားတာကို သတိမထားလိုက်မိတာ၊ တစ်ဖက်သား ကိုယ့်ကိုပြောတဲ့ စကားကို မကြားလိုက်မိတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ဒီလို ကိုယ်ကတစ်ခုခုကို အာရုံစိုက်နေမိတဲ့ အချိန်မျိုးမှာ ကိုယ့်ကလေးက မျက်စေ့မျက်နှာ ပျက်နေတာမျိုး၊ ငေးမှိုင်နေတာမျိုး၊ တိတ်တဆိတ် ငိုယိုနေတာမျိုးတွေကို သတိမထားလိုက်မိရင် ဒီလို သားသမီးက ကိုယ့်ရဲ့ အားပေးမှုကို အလိုအပ်ဆုံးအချိန်မှာ ကိုယ့်က…

Continue Readingသင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား