Read more about the article အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်
ကိုယ်ဟာ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကို အောက်ပါအချက်တွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်

  • Post author:
  • Post category:Parenting

အောင်မြင်တဲ့ မိဘတွေဖြစ်ဖို့ အချက်တွေကို သင်သိပါသလား။ သိတာမခက်ပါဘူး။ အင်တာနက်ထဲမှာ မိမိကလေးကို အောင်အေင်မြင်မြင် ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင် ပေးရမလဲဆိုတာ ရေးထားတဲ့ ဆောင်းပါးတွေ အများကြီးပါ။ ဒါပေမယ့် ဒီအတိုင်း တကယ်လိုက်လုပ်ရတာကော လွယ်ကူပါရဲ့လား။ ဒီအကြံဉာဏ်တွေအတိုင်း လိုက်လုပ်ပါပြီတဲ့၊ တကယ်ရော သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တဲ့ မိဘတွေ ဖြစ်သွားရောလား။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့ မိဘဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ အောက်ပါ အချက် (၆) ချက်ဟာ အောင်မြင်တဲ့ မိဘတွေ ဖြစ်ကြောင်း ညွှန်ပြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) သင့်ကလေးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူ့ရဲ့ အနာဂါတ် အိမ်မက်တွေကို သင်နဲ့အတူ မျှဝေ ရင်ဖွင့်မယ် ကလေးတိုင်းဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ အနာဂါတ် စိတ်ကူးတွေ၊ အနာဂါတ်အတွက် အိမ်မက်တွေကို လူတိုင်းနဲ့ မျှဝေတာ မဟုတ်ပါဘူး။ သူတို့ ယုံကြည်တဲ့၊ သူတို့အပေါ် တကယ်နားလည်မှု ပေးနိုင်မယ့်၊ သူတို့အပေါ် ပျက်ရယ်ပြုတာမျိုး မလုပ်မယ့်သူမျိုးကိုသာ မျှဝေတာပါ။ အကယ်လို့ မိဘလုပ်တဲ့သူက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးမစိုက်ဘူး၊ နားလည်မှု မပေးနိုင်ဘူးလို့ သူတို့ထင်ရင်၊ သူတို့ရဲ့ အနာဂါတ်အိမ်မက်တွေကို နားလည်လက်ခံ နိုင်မှု မရှိဘူးလို့ သူတို့ထင်ရင် သူတို့ဟာ သူတို့မိဘတွေနဲ့ ဒီစိုးရိမ်မှုတွေ၊ အနာဂါတ်အိမ်မက်တွေကို မျှဝေမှာ မဟုတ်ပါဘူး။ သားသမီးလုပ်တဲ့သူက သူတို့ရဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ခံစားမှု၊ အနာဂါတ် စိတ်ကူအိမ်မက်တွေ အစရှိတာတွေကို သင့်ကိုမျှဝေပြောပြတယ်ဆိုရင် သင်ဟာ သူတို့ရဲ့ ယုံကြည်မှုကို ခံရတဲ့ အောင်မြင်တဲ့ မိဘတစ်ယောက် ဖြစ်လို့ပါပဲ။ (၂) သင့်ကလေးဟာ သင်နဲ့နှစ်ယောက်ထဲရှိတဲ့ အချိန်တွေကို လိုလားတယ်ဆိုရင် မိဘကို ချစ်တဲ့၊ အားကိုးတဲ့၊ ယုံကြည်တဲ့ ကလေးဟာ မိဘနဲ့ အတူနှစ်ယောက်ထဲ ရှိတဲ့ အချိန်တွေကို တန်ဖိုးထား လိုလားတောင့်တ ကြပါတယ်။ ဒီအချိန်မှာ သူဟာမိဘရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရတာကိုး။ မိဘအပေါ် ယုံကြည်အားကိုးမှု အပြည့်အဝ မရှိတဲ့ ကလေးတွေကတော့ မိဘနဲ့ နှစ်ကိုယ်ထဲ ရှိဖို့ထက် အခြားသူတွေနဲ့ ရှိမယ့်အချိန်တွေကိုပဲ လိုလားပါတယ်။ အကယ်လို့ သင့်ကလေးဟာ သင်နဲ့ နှစ်ယောက်ထဲ ရှိချိန်တွေကို တောင်ဆိုတယ်ဆိုရင် သင်ဟာအောင်မြင်တဲ့ မိဘဖြစ်လို့ ဝမ်းသာဂုဏ်ယူသင့်ပါတယ်။ ကလေးတိုင်းကို တစ်ယောက်ချင်းစီအတွက် အနည်းဆုံး…

Continue Readingအောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်
Read more about the article ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
ကလေးတွေဖတ် ဖို့ စာအုပ်တွေ ရွေးချယ်ရာမှာ အသက်အရွယ်အလိုက် သင့်တော်တဲ့ စာအုပ်တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး ကဗျာလေးတွေ ရွတ်ဆိုရတာ၊ နားထောင်ရတာကိုလဲ နှစ်သက်ကြပါတယ်။ ရှုပ်ထွေးတဲ့ ဝါကျတွေကို နားလည်နိုင်စွမ်း မရှိသေးတဲ့အတွက် သူတို့ကို ဖတ်ပြမယ့် စာကြောင်းတွေဟာ ရှင်းလင်းလွယ်ကူတဲ့ စာကြောင်းတွေ၊ စကားလုံးတွေ ဖြစ်ဖို့လိုပါတယ်။ စာတွေကို ဖတ်ပြတာထက် စာမပါတဲ့၊ ဒါမှမဟုတ် စာလုံးနဲနဲပဲ ပါတဲ့ ရုပ်ပုံစာအုပ်တွေကို နှစ်သက်ကြပါတယ်။ ဒီလို စာမဲ့ရုပ်ပုံ စာအုပ်တွေဟာ ကလေးတွေရဲ့ ပုံပြောစွမ်းအားနဲ့ စိတ်ကူးကွန့်မြူးမှုစွမ်းအားတွေကိုလဲ အားပေးပါတယ်။ ဒါ့ကြောင့် ဒီအရွယ် ကလေးတွေအတွက် အရောင်အသွေး စိုပြည်တဲ့ ကတ်ထူစာအုပ် (Board Books) တွေနဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ စာအုပ်တွေဟာ ကလေးတွေအတွက် အထူးသင့်လျှော်ပါတယ်။ Board Books မူကြိုအရွယ် (၃ နှစ်က ၅ နှစ်အကြား) ဒီအရွယ်ကလေးတွေဟာ ပိုမိုခက်ခဲတဲ့ စကားလုံးနဲ့ ဝါကျတွေကို စတင်နားလည်နိုင်ပါပြီ။ Activity လေးတွေလုပ်ရတာ၊ ဟန်လုပ်ကစားရတာတွေကိုလဲ နှစ်သက်ကြပါတယ်။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေနဲ့ ပုံထဲက ရုပ်ပုံတွေကို ဆက်စပ်ကြည့်ရတာလဲ ပျော်ရွှင်ကြပါတယ်။ ကလေးကဗျာတွေရွတ်ဆိုရတာ ပျော်ရွှင်ကြပါတယ်။ သူတို့အတွက် လွယ်ကူတဲ့ ပုံပြင်စာအုပ်လေးတွေ၊ Pop Up စာအုပ်တွေ၊ activity တွေပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။ Picture Story Books မူလတန်းအရွယ် (၅ နှစ်က ၈ နှစ်အကြား) ဒီအရွယ် ကလေးတွေဟာ စာဖတ်စသင်တဲ့ အရွယ်တွေ ဖြစ်ပါတယ်။ အစပိုင်းမှာ လွယ်ကူတဲ့ ဝါ…

Continue Readingကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
Read more about the article The 5 Love Languages of Children
ကလေးတွေကို သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာစာစကားနဲ့ ပြောဆိုဖို့ လိုအပ်ပါတယ်။

The 5 Love Languages of Children

သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ ကောင်းစွာ အခံစားရတတ် ကြပါဘူး။ ကလေးငယ်တစ်ယောက်ကို မိဘက ချစ်တယ်လို့ ပါးစပ်က ပြောရုံနဲ့ ကလေးက နားလည်မယ်၊ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရမယ်လို့ တစ်ထစ်ချ မှတ်ယူလို့ မရပါဘူး။ ကလေးကို သူလိုချင်တာတွေ အကုန်လုပ်ပေးရုံ၊ သူလိုချင်တာအားလုံး ဝယ်ပေးရုံနဲ့လဲ ကလေးက မိဘရဲ့ ချစ်ြခင်းမေတ္တာကို ခံစားရချင်မှ ခံစားရမှာပါ။ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ကလေးက ခံစားနားလည် သိရှိဖို့ဆိုရင် သူတို့နားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောမှ ကလေးက နားလည်မှာပါ။ ကလေးနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကား ငါးမျိုးရှိပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့ ဘာသာစကား မတူညီတဲ့ အတွက် ကလေးတစ်ယောက်ချင်းစီကို သူနားလည်တဲ့ ချစ်ခြင်းမေတ္တာ ဘာသာစကားနဲ့ ပြောဖို့လိုပါတယ်။ ချစ်ခြင်းမေတ္တာ ဘာသာစကား (၁)။ ထိတွေ့မှု ကလေးအများစု နားလည်တဲ့ ချစ်မေတ္တာ ဘာသာစကားကတော့ ထိတွေ့မှုပါ။ ထိတွေ့မှုဆိုတာမှာ ကလေးကို မိဘက ယုယထွေးပွေ့တာ၊ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ အစရှိတာတွေ အကုန်ပါပါတယ်။ ကလေးငယ်ငယ်မှာ မိဘက ကလေးကို ယုယုယယ ချီပိုးတာ၊ မွှေးမွှေးပေးတာတွေဟာ ချစ်မေတ္တာကို ကလေးနားလည်တဲ့ ဘာသာစကားနဲ့ ပြဆိုတာပါပဲ။ မိဘ အတော်များများဟာ ကလေးနည်းနည်း ကြီးလာရင် ကိုယ့်ကလေးကို ယုယုယယ ထွေးပွေ့ဖို့ မေ့လျှော့ သွားကြပါတယ်။ အချို့မိဘတွေကလဲ ငွေရှာတဲ့ အလုပ်ပဲ လုပ်နေတော့ ကလေးကို ပွေ့ဖက်နမ်းရှုံ့ဖို့ အချိန်မရ ကြပါဘူး။ ဒီအခါ ကလေးက သူ့ကို…

Continue ReadingThe 5 Love Languages of Children
Read more about the article ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ
ကလေးက tantrum ဝင်နေချိန်မှာ လူကြီးလုပ်သူက စိတ်အေးအေးထားဖို့ အရေးကြီးပါတယ်။

ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ

  • Post author:
  • Post category:Parenting

မှတ်ချက်။ အင်္ဂလိပ်စကားလုံး Temper Tantrum ကိုဒီဆောင်းပါးမှာ “ဝုန်းဒိုင်းကြဲ” တယ်လို့ ဘာသာပြန်ထားတာပါ။ အကယ်လို့ ဒီ့ထက်ကောင်းတဲ့ စကားလုံး ရှိမယ်ဆိုရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။ ဘာ့ကြောင့်ကလေးတွေ ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာလဲ ဝုန်းဒိုင်းကြဲ ပေါက်ကွဲတယ်ဆိုတာ လေဆင်နှာမောင်း တိုက်သလိုပါပဲ။ အခုနကအကောင်း၊ ခနနေတော့ ထပြီး ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲတော့ တာပါပဲ။ အခုနလေးတင်ပင် သင်နဲ့ သင့်ကလေးနဲ့ စားသောက်ဆိုင်မှာ ထိုင်စားနေတာ၊ အကောင်းကြီး။ ခဏနေတော့ သူ့သောက်ရခွက်က စုပ်တံလေး ကောက်သွားလို့ဆိုပြီး ထဝုန်းဒိုင်းကြဲတော့ တာပါပဲ။ ဒါမျိုးကြုံဖူးကြတယ် မဟုတ်လား။ အထူးသဖြင့် ကလေးအသက် ၁ နှစ်နဲ့ ၃ နှစ်ကြားတွေဟာ ပိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲတတ်ကြပါတယ်။ ဒါမျိုးတွေ မကြာခန ကြုံရရင် ငါ့ကလေးတော့ ကြီးလာရင် ဒုက္ခပဲ ဆိုပြီး မစိုးရိမ်ပါနဲ့။ ဒီလို ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာဟာ ကလေးက သူ့ရဲ့ စိတ်ခံစားမှုကို မထိန်းနိုင်လို့ ဖြစ်ရတာပါ။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဒီအရွယ်ကလေးတွေရဲ့ ဘာသာစကား ပြောကြားနိုင်စွမ်းဟာ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ နားလည်နိုင်စွမ်းကို မှီအောင် မလိုက်နိုင်လို့ပါတဲ့။ ဆိုလိုတာက သူတို့ရဲ့ စိတ်ခံစားမှုနဲ့ သူတို့ ပြောချင်တာ၊ ဆိုလိုချင်တာကို အခြားသူတွေ နားလည်အောင် ပြောပြနိုင်လောက်တဲ့ အထိ သူတို့ရဲ့ စကားပြောစွမ်းရည်က မဖွံ့ဖြိုး သေးလို့ပါ။ ဒီလိုသူများ နားလည်အောင် မပြောပြနိုင်တော့ သူတို့ဟာ စိတ်ရှုပ်၊ စိတ်ပျက်ပြီး စိတ်ပေါက်ကွဲ ဝုန်းဒိုင်းကြဲ တော့တာပါပဲ။ ဝုန်းဒိုင်းကြဲ ပေါက်ကွဲတာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ (၁) စိတ်အေးအေးထားပါ ဒီလိုဝုန်းဒိုင်းကြဲ ပေါက်ကွဲပြီဆိုရင် တော်တော် အကြည့်ရ ဆိုးပါတယ်။ လူကြားသူကြားထဲဆို ပိုတောင်ဆိုးပါတယ်။ ဒီအခါ မိဘလုပ်သူက အရှက်ရ၊ စိတ်မရှည်၊ စိတ်တိုပြီး ကလေးနဲ့ အပြိုင် အော်ဟစ်ရန်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကလေးရဲ့ အခြေအနေကို ပိုပြီး ဆိုးရွားလာစေပါတယ်။ ကလေးတွေ ဝုန်းဒိုင်းကြဲပြီဆို အော်ဟစ်၊ ငိုယို၊ ကန်ကြောက် လုပ်ရုံတင်မကဘူး အနားမှာ ရှိတဲ့ ပစ္စည်းတွေကိုလဲ ပစ်ပေါက်တတ်ကြပါတယ်။ အသက်ကို မရှူပဲ အသက်အောင့်ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မျက်နှာတွေပြာနှမ်းလာတဲ့အထိ အသက်အောင့် ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီအခါမျိုးဆိုရင်လဲ တစ်ခါတလေ မဘလုပ်သူက စိုးရိမ်တကြီး ခြေမကိုင်မိ၊…

Continue Readingကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ
Read more about the article သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ
ကလေးတွေဟာ သူတို့စိတ်ဝင်စားတာ တစ်ခုခု လုပ်နေရင် အာရုံပြောင်းအောင် လုပ်ရ အလွန် ခက်ပါတယ်။

သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ

  • Post author:
  • Post category:Parenting

သင့်ကလေး တီဗွီကြည့်နေတုန်း ထမင်းစားဖို့ ခေါ်ရင် မလာပဲ ပေကပ်နေသလား။ ကျောင်းပို့တဲ့ အခါ မသွားပဲ ငိုယိုနေ သလား။ အရုပ်မဝယ်ပေးလို့ ဆိုပြီး လူကြားသူကြားထဲမှာ အောက်ဟစ်ငိုယို နေသလား။ ဒီလိုအခါမျိုးဟာ ကလေးတိုင်းလိုလို အနဲနဲ့ အများ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုး မကြာခဏ ပုံမှန်ဆိုသလို ဖြစ်နေတဲ့ အခါမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ “ကလေးတွေဟာ ပစ္စုပ္ပန်ကာလမှာပဲ အာရုံရှိကြတာပါ။ အတိတ်နဲ့ အနာဂါတ်ဆိုတာ သူတို့အာရုံမှာ မရှိပါဘူး။ သူတို့ ဘယ်အချိန်ထမင်းစားရမယ်၊ ဘယ်အချိန် ညအိပ်ယာဝင်ရမယ် လို့ ကြိုတင်တွေးတောတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ သူတို့ လက်ရှိ အာရုံဝင်စားနေတဲ့ အရာ တစ်ခုခုကနေ နောက်တစ်ခုကို ပြောင်းဖို့ကြိုးစားရင် သူတို့တွေ မကြိုက်ပဲ အတိုက်အခံ ပြုတတ်ကြပါတယ်။” လို့ နယူးယောက် တက္ကသိုလ်က ကလေးစိတ်ပညာရှင် ဒိုင်လန်ဂိုလ်က ပြောပါတယ်။ ဒီတော့ သူတို့လေးတွေကို လက်ရှိအာရုံစိုက်နေတဲ့ အရာတွေကနေ အာရုံပြောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ ထပေါက်ကွဲတော့မယ်ဆိုတာကို ကြိုတွေးပြီး အသင့်ပြင်ဆင်ထားပါ ဟုတ်ပါတယ်။ သူတို့လုပ်နေတဲ့အလုပ်၊ အာရုံစိုက်နေတဲ့ အရာကနေ အခြားတစ်ခုခုကို လုပ်ဖို့ပြောရင် ပထမ ငြင်းဆန်မယ်။ မရရင် အော်ဟစ် ငိုယိုပြီး ပေါက်ကွဲမယ်။ ဒီတော့ သူတို့ကို အာရုံပြောင်းအောင် လုပ်တော့မယ်ဆိုရင် ဒီလိုဖြစ်လာနိုင်တယ် ဆိုတာကို ကြိုတင်မျှော်မှန်းပြီး ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ ကြိုတွေးထားပါ။ ကလေးတစ်ယောက်နဲ့ တစ်ယောက် တုန့်ပြန်ပုံခြင်းတော့ မတူပါဘူး။ အရင်တုန်းက ဒီလိုအာရုံပြောင်းအောင်လုပ်ရင် သူဘယ်လို တုန့်ပြန်လဲဆိုတာကို ကြည့်ရင် ဒီတစ်ခါလဲ ဘယ်လိုဖြစ်မလဲ ဆိုတာ ကြိုတင်မှန်းဆ နိုင်ပါတယ်။ အရင်တုန်းက ဒီလိုကြုံလာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ သလဲဆိုတာ ပြန်တွေးကြည့်ပါ။ ဘယ်လိုလုပ်ရင် အဆင်ပြေသလဲ၊ ဘယ်လိုကိုင်တွယ်ရင် ပိုဆိုးလာသလဲ ဆိုတာ ကြိုတွေးပြီး ပြင်ဆင်ထားပါ။ ကလေးက ထပေါက်ကွဲတဲ့ အခါကျမှ ဘာလုပ်ရင် ကောင်းမလဲဆိုပြီး မစဉ်းစားပါနဲ့။ ဘာလို့လဲဆို အဲဒီအချိန်ကျတော့ မိဘလုပ်တဲ့ သူကလဲ စိတ်မရှည်တော့ဘူး၊ စိတ်တိုလာမယ်။ ဒါဆိုကလေးရဲ့ ပေါက်ကွဲမှု အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒီအချိန်မှာ အရေးအကြီးဆုံးက စိတ်ရှည်ရှည်ထားပြီး အချိန်ပေး ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ကိုယ်လုပ်စေချင်တာကို ကလေးက ချက်ချင်း ထမလုပ်ရင် ကိုယ်ကိုယ်တိုင်က စိတ်တို ဒေါသ မဖြစ်ပဲ ကလေးအတွက်…

Continue Readingသင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ