ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ
ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ် ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ ငါစာကောင်းကောင်း ဖတ်နိုင်တယ်ဆိုပြီး ကိုယ့်အစွမ်းအစကို ယုံကြည်မှု ရလာပါတယ်။ ကျောင်းစာမှာလဲ စာဖတ်အားကောင်းတဲ့အတွက် အလွယ်တကူ လိုက်နိုင်ပါတယ်။ နောက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ယုံကြည်မှု ရှိဖို့ အထောက်အကူ ပြုတဲ့ အချက်တစ်ချက်ကတော့ ဒီလူ့ပတ်ဝန်းကျင်မှာ ကိုယ်ကဘယ်အခန်းက ပါဝင်လဲ ဆိုတဲ့ သိနားလည်မှုပဲ ဖြစ်ပါတယ်။ ဒီလိုကိုယ့်ရဲ့ အခန်းကို ရှာဖွေတွေ့ရှိ အောင်လို့ ပုံပြင်စာအုပ်တွေက ကလေးတွေကို အခြားသူတွေရဲ့ အကြောင်းအရာတွေနဲ့ အခြားနိုင်ငံတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မိတ်ဆက်ပေးခြင်းအားဖြင့် ကူညီပေးပါတယ်။ ဘာသာစကားကို ကျွမ်းကျင်လာစေတယ်၊ ကလေးတွေကိုလဲ ဘဝသင်ခန်းစာတွေ သင်ကြားပေးနိုင်တယ် ပုံပြင်တွေဟာ ကလေးတွေကို စကားလုံးအသစ်တွေနဲ့ မိတ်ဆက်ပေးသလို စကားလုံးတွေ၊ ဝါကျတွေ ဖွဲ့စည်းတည်ဆောက်ပုံ၊ သုံးစွဲပုံတွေကိုလဲ သင်ကြားပေး နိုင်ပါတယ်။ ကလေးငယ်ငယ်မှာ ရုပ်ပုံစာအုပ်တွေကစလို့ ဆယ်ကျော်သက်မှာ ဝတ္ထုစာအုပ်တွေနဲ့ ထိတွေ့တဲ့ အချိန်အထိ ကလေးတွေကို စကားလုံးတွေ၊ စာအရေးအသားတွေနဲ့ တဆင့်ချင်း မိတ်ဆက်ပေး သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေကို ပုံပန်းတွေ၊ အရွယ်အစား၊ အကြီးအသေး အနိမ့်အမြင့် နှိုင်းယှဉ်မှု၊ အရောင်တွေ၊ ဂဏန်းတွေ၊ အရာဝတ္ထုတွေရဲ့ အမည်တွေ၊ ကြိယာ (verb) တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါဟာ အင်္ဂလိပ်စာလို မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကားတစ်ခုကို လေ့လာရာမှာ အလွန်အရေးပါပါတယ်။ ကလေးတွေကို နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုလဲ သင်ပေးနိုင်ပါတယ်။ ဥပမာ သွားတိုက်တာ၊ ရေချိုးသန့်စင်တာ၊…