Read more about the article ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
Executive function for children

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။ ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် ဘယ်လို လေ့ကျင့် ပေးလို့ ရမလဲ အစရှိတာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Executive Function ဆိုတာဘာလဲ Executive function ဆိုတာ လူတစ်ယောက် နေ့စဉ် လုပ်ကိုင်ဆောင်ရွက် နေမှုတွေကို ထိန်းချုပ်တဲ့ တွေးခေါ်မှု စွမ်းရည် (congnitive abilities that control and regulate most of what we do day-to-day) ပဲ ဖြစ်ပါတယ်။ ဒီ Executive Function (EF) မှာ  အလုပ်တွေကို အစပြုနိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာကို ဘယ်သူမှ အတင်းခိုင်းလို့ မဟုတ်ပဲ ကိုယ့်အသိနဲ့ ကိုယ် စလုပ်တာ)လုပ်ရမယ့် အလုပ်တွေကို ဘယ်လို လုပ်မလဲ ဆိုတာ plan လုပ်နိုင်တဲ့ စွမ်းရည် (ဥပမာ အိမ်စာ လုပ်ရာမှာ ဘယ်ဘာသာကို စလုပ်မလဲ၊ ပြီးရင် ဘယ်ဘာသာတွေ ဆက်လုပ်မလဲ plan ချနိုင်တာ)အလုပ်တွေကို အစီအစဉ်တကျ လုပ်နိုင်တဲ့ (organization) စွမ်းရည် (ဥပမာ အိမ်စာ မလုပ်မီ လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာ၊ အစရှိတာတွေ ကြိုတင် ပြင်ဆင် ထားတာမျိုး)သင့်တော်တဲ့ ရည်မှန်းချက် (goal) သတ်မှတ်နိုင်တဲ့ စွမ်းရည် - အိမ်စာ အားလုံးကို ည ၈ နာရီ မတိုင်မီ အကုန် ပြီးအောင်…

Continue Readingကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function
Read more about the article ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Teach counting to toddlers

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ ဒါဆို ဘယ်လို သင်ကြမလဲ။  ကလေး တစ်နှစ်ကျော် လောက်ကစပြီး ကလေးကို သင်္ချာနဲ့ ပါတ်သက်တဲ့ အခြခံတွေ စပြီး သင်ပေးပါ။ ကလေးရဲ့ အသက်ကနေ စပြီး သင်ပေးပါ။ ဥပမာ ကလေး အသက် ၁ နှစ်ဆိုရင် လက်တစ်ချောင်း ထောင်ပြီး ကလေးကို သားသား (မီးမီး) အသက်က တစ်နှစ် ဆိုပြီး သင်ပေးပါ။ ပြီးရင် ကလေးကို ပြန်ပြီး မီးမီး အသက်က ဘယ်နှစ်နှစ်လဲ ဆိုပြန်မေးပါ။ ပထမတော့ ကလေးက ပြန်ပြီး လက်ချောင်းလေးတွေ ထောင်ပြတတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ် ထပ်ခါထပ်ခါ သင်ပေးရင် မကြာမီ ကလေးက သူ့ အသက် မေးရင် လက်ချောင်းလေး ထောင်ပြီး ပြန်ဖြေတတ်လာ ပါလိမ့်မယ်။ ဒီလို ကလေးက ပြန်ဖြေနိုင်တဲ့ အခါမျိုးမှာ “သားသားမှန်တယ်” ဆိုပြီး ပြောဖို့လဲ မမေ့ပါနဲ့။ ဒီလို သင်တဲ့ အခါ အရေးကြီးတာကတော့ ကလေးကို ပျော်ရွှင်စေဖို့ ဆိုတာပါပဲ၊ ကလေးက အမှန် မဖြေနိုင်လို့ ဆူတာမျိုး မပြုလုပ်ပါနဲ့။ ကလေးအတွက် စိတ်ဖီစီးမှု မဖြစ်ဖို့ အရေးကြီးပါတယ်။ သင်ပေးလို့ နေ့ချင်းညချင်း ၁၂၃၄ ရေတတ်ဖို့က အဓိက မဟုတ်ပါဘူး။ ဂဏန်းတွေရဲ့ သဘောသဘာဝကို ကလေးနားလည် သွားဖို့က အဓိက ဖြစ်ပါတယ်။ အခြားရောဘယ်လိုနည်းလမ်းတွေနဲ့သင်ပေးလို့ရသေးလဲ အခြားနည်းလမ်းတွေနဲ့လဲ သင်ပေးနိုင်ပါတယ်။ ဥပမာ…

Continue Readingကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Read more about the article ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်
Tips to help your baby remember

ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

သင့်ကလေးရဲ့ အတွေ့အကြုံတွေ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေဟာ သူ့ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ သင့်ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှုကို အားကောင်းအောင် အောက်ပါနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ သင့်ကလေး ငယ်စဉ်က ကစားခဲ့တဲ့ အကြိုက်ဆုံး အရုပ်ကလေးတွေ၊ မိသားစုနဲ့ အတူထွက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အမှတ်တရ အဖြစ်အပျက်တွေ အားလုံးကို ကလေးကြီးလာသည်အထိ အကုန်လုံးတော့ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ဒီအမှတ်ရစရာ အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လို့ပါ။ ဒီလို အမှတ်တရ အဖြစ်အပျက် တွေကနေ တဆင့် ကလေးတွေဟာ သူတို့ရဲ့ ပါတ်ဝန်းကျင် လောကကို နားလည်သဘောပေါက် လာကြတာပါ။ သင့်ကလေးရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံဟာ လူကြီးတစ်ယောက်ရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံနဲတော့ မတူပါဘူး။ ကလေးငယ်တွေဟာ အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနိုင်စွမ်း မရှိကြ သေးပါဘူး။ ဒါပေမယ့် ကလေးရဲ့ ဦးဏှောက် သေးသေးလေးဟာ ဒီအရွယ် ကတဲက အစွမ်းကုန် စပြီး အလုပ်လုပ် နေပါပြီ။ မွေးကင်းစမှာ ကလေးတွေဟာ နို့စို့ခြင်း၊ အစာမျိုခြင်း၊ အသံထွက်ခြင်း၊ လှုပ်ရှားခြင်း အစရှိတဲ့ ပြုမူဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ မှတ်ဉာဏ်တွေက စပြီး ဖွံ့ဖြိုးလာပါတယ်။ အသက် ၆ ပါတ်လောက်ကစလို့ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို စပြီး မှတ်မိလာကြပါတယ်။ ဖေဖေ မေမေ ကို စသိလာတယ်။ ပါတ်ဝန်းကျင်က အသံတွေကို စပြီး မှတ်မိလာတယ်။ သူတို့အမည်ကို သိလာတယ်။ အမှတ်ရစရာ ခရီးထွက်တာကို မှတ်မိတာမျိုး အစရှိတဲ့ မှတ်ဉာဏ်ကတော့ ကလေး အသက် ၃ နှစ်လောက် ရောက်တော့မှ စပြီး ဖွံ့ဖြိုး လာတာပါ။ ဒီ မှတ်ဉာဏ် ဖွံ့ဖြိုးမှု အဆင့်ဆင့်ဟာ သူ့အလိုလို သဘာဝအတိုင်း ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေ အနေနဲ့ ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှု တိုးတက်တာကို အားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အတွေ့အကြုံအသစ်တွေပေးပါ အတွေ့အကြုံ အသစ်တွေကို ကလေးက ကြုံတွေ့ရတိုင်း ကလေးရဲ့ ဦးဏှောက်ထဲက မှတ်ဉာဏ်ကို…

Continue Readingဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်
Read more about the article ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ
Toys can aid child's development

ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ

ကလေးတစ်ယောက် သူ့ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူ့ကို ထိန်းကျောင်းတဲ့ မိခင် (သို့) ကလေးထိန်းရဲ့ လက်ပါ်မှာ အစပြုပြီး တဖြည်းဖြည်း ဖွံ့ဖြိုး လာတာပါ။ သူတို့လေးတွေ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူတို့ရဲ့ အရှေ့မှာ ဘာတွေမြင်ရ တွေ့ရလဲ ဆိုတာက အများကြီး လွမ်းမိုးနေပါတယ်။ သူတို့တွေ မိခင်ရဲ့ ဝမ်းထဲမှာ ရှိနေချိန်ကစလို့ ဆယ်ကျော်သက် အရွယ် ဝင်သည့်အချိန်အထိ သူတို့ဟာ ရေမြှုပ်လိုပါပဲ။ သူတို့ပါတ်ဝန်းကျင်က မြင်သမျှ၊ ကြားသမျှကို စုပ်ယူပြီး ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့ အမြင်ကို ပုံဖော်ကြတာပါ။ ဒီအချက်ဟာ အခြေအနေပေါ်မူတည်ပြီး ကောင်းကျိုးရော၊ ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကို အကြိုးရှိစွာ အသုံးချ တတ်မယ် ဆိုရင်ိတော့ ကလေးရဲ့ အနာဂါတ်အတွက် အခြေခံကောင်းတွေကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ ရင်သွေးကို ကျန်မာသန်စွမ်းပြီး တာဝန်သိတတ်တဲ့ လူချွန်လူကောင်းလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင် ပေးလိုတာဟာ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ ကလေးတွေကို ကာယ၊ ဉာဏ ဖွံ့ဖြိုးတဲ့ လူချွန်လူကောင်းလေးတွေ ဖြစ်လာအောင် ကစားစရာ တွေက ဘယ်လိုအထောက်အကူ ပြုနိုင်မလဲ ဆိုတာကို ဆက်လက် အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးတွေဟာ စာသင်တာထက် ကစားရာကနေ ပိုပြီး သင်ယူနိုင်ကြတယ် ဒါ့ကြောင့်မို့လို့လဲ မူလတန်းကြို ကျောင်းတွေမှာ ကလေးတွေကို ကစားနည်းတွေနဲ့ တွဲဖက်ပြီး သင်ကြားခြင်းတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ ဥပမာ ကလေးကဗျာလေးတွေနဲ့ စာသင်တာမျိုးပေါ့။ သူတို့လုပ်ကိုင်နေတာကို ပျော်ရွှင်တဲ့ ကလေးတွေဟာ သင်ကြားတတ်မြောက်မှုလဲ ပိုကောင်းပါတယ်။ ဒီလို စိတ်ဝင်စားစရာ လုပ်ဆောင်မှု (activity) တွေကနေ သင်ကြားတာဟာ စာအုပ်ကြီး ထိုးပေးပြီး အတင်း စာဖတ်ခိုင်းတာထက် ပိုပြီး ထိရောက်ပါတယ်။ ရုပ်ပုံတွေဟာ စာလုံးတွေထက် ပိုပြီးထီရောက်တယ် သင့်ကလေးဟာ စာဖတ်တာကို ဝါသနာ ပါတယ်ဆိုရင်တောင် ကလေးတွေဟာ ရုပ်ပုံတွေကို ပိုပြီးနှစ်သက်တယ် ဆိုတာကို သတိမမေ့သင့်ပါ။ စာအုပ်ထဲက ဆေးရောင်တောက်တောက်လေးနဲ့ ရုပ်ပုံတွေကို ဖြစ်စေ၊ ဗီဒီယို ကြည့်ရတာပဲဖြစ်စေ၊ အရောင်လှလှနဲ့ အရုပ်ကလေးတွေကို ဖြစ်စေ မျက်မြင် ဆွဲဆောင်မှုရှိတဲ့ အရာတွေကို သူဟာပိုနှစ်သက်ပါလိမ့်မယ်။ ဒါ့ကြောင့်လဲ ကလေးကစားစရာ အများစုဟာ ဆေးရောင်တောက်တောက် လှလှ…

Continue Readingကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ
Read more about the article ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
ကိုယ့်သားသမီးကို တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

“အန်တီနု သားလေးက တော်လိုက်တာ” “သူများသားသမီးတွေ တော်လိုက်ကြတာ၊ ငါ့သမီးကျတော့ ...” “သမီးသူငယ်ချင်း မွန်မွန်က ဆုရပြီး ဘာလို့ သမီးက မရရတာလဲ” “ဘာလို့ ငါ့သားက အောင်အောင့်လို မတော်ရတာလဲ” သင်ဟာ ကလေးမိဘ တစ်ယောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ကလေးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုး ပြုလုပ်ဖူးပါသလား။ ကလေးမိဘတိုင်းလိုလို အနည်းနဲ့ အများတော့ ဒီလိုမျိုး ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်ဖူးကြမှာပါ။ အနည်းဆုံးတော့ စိတ်ထဲက နှိုင်းယှဉ်မိတာမျိုးတော့ ဖြစ်ဖူးမှာပါ။ ဒါပေမယ့် ဒီလို ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ အဓိက ကတော့ ကိုယ့်သားသမီးကို သူများသားသမီးတွေလို တော်စေချင်၊ တတ်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုး ဖြစ်တတ်ပါတယ်။​ ဒါပေမယ့် တကယ်တမ်းမှာ ဒီလိုနှိုင်းယှဉ်ပြောတာမျိုးဟာ သားသမီးကို အကျိုးမဖြစ်စေပဲ ရေရှည်မှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အတွက် မပြုလုပ် သင့်ပါဘူး။ နှိုင်းယှဉ်တယ်ဆိုတာ အသက်အရွယ်မရွေး မလိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။​ အထူးသဖြင့် စိတ်ဓါတ် နုနယ်တဲ့ ကလေးတွေမှာ ပိုလို့ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ဟာ နုနယ်တဲ့ အတွက် သူတို့အပေါ်မှာ အဆိုးမြင်တဲ့ (Negative criticism) ဝဖတ်မှုကို ခံနိုင်ရည်စွမ်းအား မရှိကြပါဘူး။ အထူးသဖြင့် အခြားကလေးတွေ သူတို့ထက် သာတဲ့ အချက်တွေကို ထောက်ပြတာကို သူတို့ဟာ ခံနိုင်စွမ်း မရှိပါဘူး။ ဒီလိုပြောလို့ ကိုယ့်ကလေးက မှားယွင်းနေတာကို ဆိုဆုံးမ ထောက်ပြတာမျိုး မလုပ်ရဘူးလို့ ပြောတ မဟုတ်ပါဘူး။ ကိုယ့်ကလေးကို ကောင်းစချင်လို့ ဆုံးမတဲ့ အခါမျိုးမှား အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ဆိုဆုံးမတာမျိုး မလုပ်ပဲ သူတို့ရဲ့ အမှားတွေကို ထောက်ပြပြီး ဆုံးမတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အောက်မှာ ဘာ့ကြောင့် ကိုယ့်သားသမီးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းကို ကလေးစိတ်ပညာရှင်တွေက ထောက်ပြထားတာတွေကို စုစည်း တင်ပြပေးထားပါတယ်။ (၁) ကလေးက သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ပါတ်သက်လို့ သံသယ ဝင်သွားမယ် ကလေးကို မိဘလုပ်သူက သူဟာ ညံ့ဖြင်းတယ်၊ အခြားကလေးတွေက သူ့ထက် ပိုသာတယ်၊ ပိုစွမ်းဆောင်နိုင်တယ်၊ ပိုပြီး…

Continue Readingကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
Read more about the article ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ
ပုံပြင်တွေဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးရေး အတွက် အရေးပါပါတယ်။

ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ် ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ ငါစာကောင်းကောင်း ဖတ်နိုင်တယ်ဆိုပြီး ကိုယ့်အစွမ်းအစကို ယုံကြည်မှု ရလာပါတယ်။ ကျောင်းစာမှာလဲ စာဖတ်အားကောင်းတဲ့အတွက် အလွယ်တကူ လိုက်နိုင်ပါတယ်။ နောက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ယုံကြည်မှု ရှိဖို့ အထောက်အကူ ပြုတဲ့ အချက်တစ်ချက်ကတော့ ဒီလူ့ပတ်ဝန်းကျင်မှာ ကိုယ်ကဘယ်အခန်းက ပါဝင်လဲ ဆိုတဲ့ သိနားလည်မှုပဲ ဖြစ်ပါတယ်။ ဒီလိုကိုယ့်ရဲ့ အခန်းကို ရှာဖွေတွေ့ရှိ အောင်လို့ ပုံပြင်စာအုပ်တွေက ကလေးတွေကို အခြားသူတွေရဲ့ အကြောင်းအရာတွေနဲ့ အခြားနိုင်ငံတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မိတ်ဆက်ပေးခြင်းအားဖြင့် ကူညီပေးပါတယ်။ ဘာသာစကားကို ကျွမ်းကျင်လာစေတယ်၊ ကလေးတွေကိုလဲ ဘဝသင်ခန်းစာတွေ သင်ကြားပေးနိုင်တယ် ပုံပြင်တွေဟာ ကလေးတွေကို စကားလုံးအသစ်တွေနဲ့ မိတ်ဆက်ပေးသလို စကားလုံးတွေ၊​ ဝါကျတွေ ဖွဲ့စည်းတည်ဆောက်ပုံ၊ သုံးစွဲပုံတွေကိုလဲ သင်ကြားပေး နိုင်ပါတယ်။ ကလေးငယ်ငယ်မှာ ရုပ်ပုံစာအုပ်တွေကစလို့ ဆယ်ကျော်သက်မှာ ဝတ္ထုစာအုပ်တွေနဲ့ ထိတွေ့တဲ့ အချိန်အထိ ကလေးတွေကို စကားလုံးတွေ၊ စာအရေးအသားတွေနဲ့ တဆင့်ချင်း မိတ်ဆက်ပေး သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေကို ပုံပန်းတွေ၊ အရွယ်အစား၊ အကြီးအသေး အနိမ့်အမြင့် နှိုင်းယှဉ်မှု၊ အရောင်တွေ၊ ဂဏန်းတွေ၊ အရာဝတ္ထုတွေရဲ့ အမည်တွေ၊ ကြိယာ (verb) တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါဟာ အင်္ဂလိပ်စာလို မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကားတစ်ခုကို လေ့လာရာမှာ အလွန်အရေးပါပါတယ်။ ကလေးတွေကို နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုလဲ သင်ပေးနိုင်ပါတယ်။ ဥပမာ သွားတိုက်တာ၊ ရေချိုးသန့်စင်တာ၊…

Continue Readingဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ
Read more about the article ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ
ကလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးရေး အတွက် ကလေးတွေကို ငယ်ငယ်ကတဲက စလို့ ပုံမှန် စာဖတ်ပြသင့်ပါတယ်။

ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် ကလေးတွေကို စာကျယ်ကျယ် ဖတ်ပြခြင်းအားဖြင့် သူတို့ရဲ့ ဦးဏှောက်ထဲက စကားလုံးတွေ နားလည်နိုင်မှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းနဲ့ စိတ်ကူးဉာဏ် ကွန်းမြူးမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေဟာ ပိုမိုအလုပ်လုပ် ပြီး အားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒီလို စာဖတ်ပြခြင်း ခံရတဲ့ ကလေးတွေ ကျောင်းတက်လို့ စာစသင်တဲ့ အခါမှာ စကားလုံးတွေကို နားလည်နိုင်စွမ်းနဲ့ စာကြောင်းတွေ နားလည်နိုင်စွမ်း အားကောင်းလို့ စာဖတ်သင်ရတာ ပိုလွယ်တယ်လို့ ဆိုကြပါတယ်။ ကလေးတွေကို စာဖတ်ပြရာမှာ ဘယ်အရွယ်ကမဆို စတင်ဖတ်ပြ နိုင်ပါတယ်။ ကလေးမွေးကင်းစ လသားအရွယ်ကတဲက စတင်ဖတ်ပြခြင်းအားဖြင့် ကလေးရဲ့ စကားလုံးတွေ နားလည်နိုင်စွမ်းအား ကောင်းလာနိုင်တယ်လို့တောင် အချို့ကလေး ဖွံ့ဖြိုးမှု ပညာရှင်တွေက ဆိုကြပါတယ်။ အထူးသဖြင့် ကလေးကို ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကား တစ်ခုခုမှာ ထူးချွန်စေချင်ရင် (ဥပမာ အင်္ဂလိပ်စာ ထူးချွန်စေချင်ရင်) ဒီဘာသာစကားနဲ့ ရေးသားထားတဲ့ ပုံပြင်နဲ့ အခြားစာအုပ်တွေကို ကလေးစ စကားမပြောတတ်မီ အချိန်ကတဲက ပုံမှန်ဖတ်ပြနေရင် ဒီဘာသာစကားကို သင်တဲ့အခါမှာ ပိုမိုလွယ်ကူနိုင်တယ်လို့ ဆိုကြပါတယ်။ အောက်မှာ ကလေးကို အသံကျယ်ကျယ်နဲ့ စာဖတ်ပြသင့်တဲ့ အကြောင်း (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) စာဖတ်နိုင်အားကို ကောင်းစေတယ် စာဖတ်ခြင်းကြောင့် စာဖတ်နှုန်း မြန်လာစေသလို စကားလုံးတွေကို မှတ်မိမှု၊ စကားလုံးတွေကို နားလည်မှုလဲ တိုးတက်လာပါတယ်။ ဒါ့အပြင် ဒီစကားလုံးတွေရဲ့ အသုံးအနှုံး (usage) လဲ နားလည်သဘောပေါက်လာစေပါတယ်။…

Continue Readingဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ
Read more about the article ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment  ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ
Marshmallow experiment က ကလေးတွေဘဝ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်ကိုအချို့ကို ထောက်ပြခဲ့ပါတယ်။

ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ

၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ စတင်းဖို့ တက္ကသိုလ်က စိတ်ပညာပါမေက္ခ ဝေါ်လ်တာမစ်ချဲ (Walter Mischel) ဟာ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီစမ်းသပ်မှုကို ဘယ်သူမှ အရေးတယူ မရှိကြပါဘူး။ ဒါပေမယ့် နောက်နှစ် ၄၀ လောက်အကြာမှာတော့ ဒီစမ်းသပ်မှုရဲ့ ရလာဒ်တွေဟာ ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်လို့သွားပါတော့တယ်။ Marshmallow Experiment ဆိုတာဘာလဲ ဒီစမ်းသပ်မှုက တကယ့်ကို ရိုးရိုးလေးပါ။ အခန်းတစ်ခန်းထဲမှာ စားပွဲတစ်လုံးနဲ့ ကုလားထိုင် တစ်လုံးရှိတယ်။ စားပွဲပေါ်မှာ ပန်းကန်တစ်ချပ်နဲ့ marshmallow တစ်ခုထည့်ထားတယ်။ Marshmallow ဆိုတာ အနောက်တိုင်းက ကလေးတိုင်းကြိုက်တဲ့ အချိုမုန့် တစ်မျိုးပါ။ (အောက်ကပုံမှာ ကြည့်ပါ)။ စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးကို သုတေသန ပညာရှင်က အခန်းထဲ ခေါ်လာတယ်။ ပြီးတော့ ကလေးကို ပြောပြတယ်။ ကလေးကို အခန်းထဲမှာ တစ်ယောက်ထဲ ထားခဲ့မယ်။ တစ်ယောက်ထဲ ကျန်တဲ့ အချိန်မှာ ဒီစားပွဲပေါ်က မုန့်ကို စားနိုင်တယ်။ ဒါပေမယ့် သုတေသန ပညာရှင် ပြန်လာတဲ့ အချိန်အထိ ကလေးက မုန့်ကို မစားသေးပဲ စောင့်နေနိုင်မယ်ဆိုရင် ကလေးကို နောက်ထပ် မုန်တစ်ခု ထပ်ပေးမယ်။ ကလေးက မုန့်ကိုစားလိုက်ပြီးပြီ ဆိုရင်တော့ နောက်မုန့်တစ်ခု မရတော့ဘူး။ ပြီးတော့ သုတေသန ပညာရှင်က ကလေးကို အခန်းထဲမှာ ထားခဲ့ပြီး ၁၅ မိနစ်နေတော့ ပြန်လာကြည့်တယ်။ မုန့်မစားရသေးရင် ကလေးကို ကတိအတိုင်း နောက်မုန့်တစ်ခု ထပ်ပေးတယ်။ ကလေးတွေ အခန်းထဲမှာ တစ်ယောက်ထဲ ရှိချိန်မှာ ရုပ်ရှင်ရိုက်ထားပါတယ် (အဲဒီတုန်းက ဗီဒီယို မပေါ်သေးဘူးလေ)။ တချို့ကလေးတွေက တစ်ယောက်ထဲ ရှိတာနဲ့ မုန့်ကို ကောက်စားတော့တာပဲ။ တချို့ကလေးတွေက မိနစ်အနည်းငယ် တောင့်ခံနိုင်ပေမယ့် နောက်ဆုံးတော့ တောင့်မခံ နိုင်တော့ပဲ မုန့်ကို စားမိပါတယ်။ ကလေးအချို့ကသာ ၁၅ မိနစ်ပြည့်အောင် မုန့်ကို မစားပဲ တောင့်ခံနိုင် ကြပါတယ်။ စမ်းသပ်မှုက ဒါပါပဲ။ ဒါဆို ဘာ့ကြောင့် ဒီစမ်းသပ်မှုရဲ့ ရလာဒ်က ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်သွားရတာလဲ။ ဒီစမ်းသပ်မှုရဲ့ တကဲ့အဖြေက နောက် နှစ် ၄၀ အကြာမှာမှ ထွက်ပေါ်လာလို့ပါ။ စိတ်အလို ဆန္ဒနောက် မလိုက်ခြင်းရဲ့…

Continue Readingကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ
Read more about the article သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား
သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား ဆိုတာကို အောက်ပါအချက်တွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

  • Post author:
  • Post category:Parenting

မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ် ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ အိမ်မှာ ပြဿနာ မရှိလှပေမယ့် အခြားသူတွေ၊ သူငယ်ချင်းတွေနဲ့ကျတော့ သူလိုချင်တာမှန်သမျှ မရနိုင်၊ သူဖြစ်ချင်တာ မှန်သမျှ မဖြစ်နိုင်တဲ့အတွက် ကလေးက သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေ၊ ကစားနည်းတွေမှာ အဆင်ပြေအောင် မကစားနိုင်ပါဘူး။ ဒီအမူအကျင့်ဟာ အသက်ကြီးတဲ့အထိ ပါသွားရင် အလုပ်ခွင်မှာ အများနဲ့ ပေါင်းသင်ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ သင့်ကလေးဟာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် မပေါင်းနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့ အပေးအယူ မလုပ်တတ်ဘူး၊ သူငယ်ချင်းတွေအကြောင်း တချိန်လုံး၊ မကြာခဏ ညည်းညူတတ်တယ်ဆိုရင် သူတို့ဟာ လိုတာရရမယ်၊ ဖြစ်ရမယ်ဆိုတဲ့စိတ် ဝင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို မိဘက ဂရုပြု စောင့်ကြည့်သင့်ပါတယ်။ (၂) လိုချင်တာရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာကို ကလေးက နားမလည်ဘူး ကလေးက လိုတာအကုန်ရနေတော့ လိုချင်တာရှိရင် ကြိုးစားအားထုတ်မှု လိုအပ်တယ်ဆိုတာ နားမလည်ပါဘူး။ အသက်ကြီးလာတဲ့ အခါကျတော့ ကြိုးစားအားထုတ်ချင်စိတ် လျှော့နည်းသွား တတ်ပါတယ်။ သင့်ကလေးဟာ သူမြင်သမျှကို လက်ညှိုးထိုး တောင်းဆိုတတ်တယ်၊ မိဘက သူတောင်းဆိုတာ ဝယ်မပေးရင် စိတ်ဆိုးပြီး မိဘကို အပြစ်တင်တတ်တယ်၊ ဒါမှမဟုတ် သူလိုချင်တာ မှန်သမျှ မိဘက ဝယ်ပေးရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုရင် သင်အလိုလိုက်တာ နဲနဲ များသွားလို့ ဖြစ်နိုင်ပါတယ်။ (၃) အခက်အခဲ ကြီးကြီးမားမား အကြုံဖူးတဲ့အတွက် အခက်အခဲကြုံလာရင် ဘယ်လိုဖြေရှင်းရမှန်း မသိဘူး ဖြစ်နေတတ်တယ် ကလေးက အခက်အခဲ တစ်ခုခု…

Continue Readingသင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား
Read more about the article လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)
ကလေးတွေ လူမှုဆက်ဆံရေးမှာ ကျွမ်းကျင် လိမ္မာအောင် လူကဲခတ်နည်းတွေကို ငယ်ငယ်ကတဲက သင်ပေးသင့်ပါတယ်။

လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

ကလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင် သူတို့တွေဟာ လူတဖက်သားရဲ့ အရိပ်သုံးပါးကို နားလည်တဲ့ ကလေးတွေ ဖြစ်ဖို့လိုပါတယ်။ တဖက်သားက ကိုယ်ပြောတဲ့ စကားကို စိတ်ဝင်စားမှု ရှိတယ် မရှိဘူး၊ တဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်၊ ကိုယ်ပြောတာကို သူလက်ခံတယ် အစရှိတာတွေကို သိဖို့ဆိုတာ တဖက်သူရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာ စကားပြောတဲ့ လေယူလေသိမ်း အစရှိတာတွေကနေ အတွေ့အကြုံအရ မှန်းဆယူရတာ တွေပါ။ ကလေးတွေကို လူကြီးမိဘတွေက ဒီအတွေ့အကြုံတွေကို သင်ကြားပို့ချ ပေးမယ်ဆိုရင် သူတို့တွေဟာ အရွယ်နဲ့ မလိုက်အောင် လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ လူအချင်းချင်း ဆက်ဆံရေးမှာ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို ခွဲခြားသိခြင်းဟာ ဆက်ဆံရေး အောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ဒီလို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေကို ခွဲခြားသိနိုင်အောင် ကလေးကို ငယ်ငယ်ကတဲက ဒီအမူအရာတွေ တွေ့ရင် သင်ပြပေးပါ။ အိမ်ကမိသားစုဝင်တွေရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို သင်ပေးနိုင်သလို တီဗီကြည့်ရင်လဲ သရုပ်ဆောင်တွေမှာ တွေ့ရတဲ့ မျက်လုံးအမူအရာ၊ မျက်နှာအမူအယာ၊ လေယူလေသိမ်း စတာတွေကို ပြပြီး ဒါတွေဟာ ဘာကိုဆိုလိုတာလဲ ဆိုတာကလေးကို သင်ပေးပါ။ ပထမ အဆင့်မှာ ကလေးက ဒီအမူအရာတွေရဲ့ အဓိပ္ပါယ်နဲ့ ဆိုလိုရင်းကို သိစရာ မလိုသေးပါဘူး။ ဒီအမူအရာတွေကို ခွဲခြားသိတတ်ရင် လုံလောက်ပါတယ်။ မျက်လုံးချင်း ဆုံတတ်အောင် (Eye contact) လေ့ကျင့်သင်ကြားပေးပါ လူအချင်းချင်း ဆက်ဆံတဲ့ နေရာမှာ မျက်လုံးချင်းဆုံမှု (Eye contact) ဟာ အလွန်အရေးကြီးပါတယ်။ လူလူချင်း မျက်လုံးချင်းဆုံဖို့ ဝန်လေးတာဟာ လူတစ်ယောက်ရဲ့ ရှက်ရွှံ့မှု၊ စိတ်မလုံခြုံမှု၊ လူမှုဆက်ဆံရေးမှာ သက်တောင့်သက်သာ မရှိမှုတွေကို ပြနေပါတယ်။ မျက်လုံးချင်းဆုံတာ များလွန်းတဲ့ အခါကျတော့လဲ တဖက်သားကို ခြိမ်းချောက်နေသလိုမျိုး ဖြစ်နေတတ်ပါတယ်။ စကားပြောနေတုန်း မျက်လုံးချင်း မဆုံပဲ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေရင် သင်ပြောနေတာကို တဖက်သား စိတ်မဝင်စားဘူး ဆိုတာပြနေပါတယ်။ စကားပြောနေတုန်း မျက်လုံးချင်း မကြာခနဆုံမယ်ဆိုရင် (တချိန်လုံး မျက်လုံးကိုချည်း ကြည့်နေတာမျိုး မဟုတ်ပါဘူး) တဖက်သားဟာ သင်ပြောနေတာကို စိတ်ဝင်တစား နားထောင်နေတယ်လို့ ညွှန်ပြနေပါတယ်။ သင်ကလေးကို ဒီမျက်လုံးအမူအကျင့်တွေ သင်ပေးပြီး တဖက်သားနဲ့ ဘယ်လိုဆက်ဆံရမယ် ဆိုတာ သင်ပြပေးပါ။…

Continue Readingလူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)