Read more about the article ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်
Tips to help your baby remember

ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

သင့်ကလေးရဲ့ အတွေ့အကြုံတွေ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေဟာ သူ့ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ သင့်ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှုကို အားကောင်းအောင် အောက်ပါနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ သင့်ကလေး ငယ်စဉ်က ကစားခဲ့တဲ့ အကြိုက်ဆုံး အရုပ်ကလေးတွေ၊ မိသားစုနဲ့ အတူထွက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အမှတ်တရ အဖြစ်အပျက်တွေ အားလုံးကို ကလေးကြီးလာသည်အထိ အကုန်လုံးတော့ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ဒီအမှတ်ရစရာ အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လို့ပါ။ ဒီလို အမှတ်တရ အဖြစ်အပျက် တွေကနေ တဆင့် ကလေးတွေဟာ သူတို့ရဲ့ ပါတ်ဝန်းကျင် လောကကို နားလည်သဘောပေါက် လာကြတာပါ။ သင့်ကလေးရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံဟာ လူကြီးတစ်ယောက်ရဲ့ မှတ်ဉာဏ် အလုပ်လုပ်ပုံနဲတော့ မတူပါဘူး။ ကလေးငယ်တွေဟာ အဖြစ်အပျက်တွေကို အသေးစိတ် မှတ်မိနိုင်စွမ်း မရှိကြ သေးပါဘူး။ ဒါပေမယ့် ကလေးရဲ့ ဦးဏှောက် သေးသေးလေးဟာ ဒီအရွယ် ကတဲက အစွမ်းကုန် စပြီး အလုပ်လုပ် နေပါပြီ။ မွေးကင်းစမှာ ကလေးတွေဟာ နို့စို့ခြင်း၊ အစာမျိုခြင်း၊ အသံထွက်ခြင်း၊ လှုပ်ရှားခြင်း အစရှိတဲ့ ပြုမူဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ မှတ်ဉာဏ်တွေက စပြီး ဖွံ့ဖြိုးလာပါတယ်။ အသက် ၆ ပါတ်လောက်ကစလို့ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို စပြီး မှတ်မိလာကြပါတယ်။ ဖေဖေ မေမေ ကို စသိလာတယ်။ ပါတ်ဝန်းကျင်က အသံတွေကို စပြီး မှတ်မိလာတယ်။ သူတို့အမည်ကို သိလာတယ်။ အမှတ်ရစရာ ခရီးထွက်တာကို မှတ်မိတာမျိုး အစရှိတဲ့ မှတ်ဉာဏ်ကတော့ ကလေး အသက် ၃ နှစ်လောက် ရောက်တော့မှ စပြီး ဖွံ့ဖြိုး လာတာပါ။ ဒီ မှတ်ဉာဏ် ဖွံ့ဖြိုးမှု အဆင့်ဆင့်ဟာ သူ့အလိုလို သဘာဝအတိုင်း ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိဘတွေ အနေနဲ့ ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှု တိုးတက်တာကို အားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အတွေ့အကြုံအသစ်တွေပေးပါ အတွေ့အကြုံ အသစ်တွေကို ကလေးက ကြုံတွေ့ရတိုင်း ကလေးရဲ့ ဦးဏှောက်ထဲက မှတ်ဉာဏ်ကို…

Continue Readingဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်
Read more about the article Essential Life Skills for Pre-School Children
ခွက်ကနေ ရေသောက်နိုင်တာဟာလဲ ကလေးတွေအတွက် အလွန်အရေးပါတဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။

Essential Life Skills for Pre-School Children

ကျောင်းမနေမီမှာ ကလေးငယ်တွေကို သူတို့ရဲ့ ဘဝအတွက် အရေးပါတဲ့ Life Skills တွေ တတ်ကျွမ်းအောင် သင်ကြားပေးဖို့ အရေးကြီးပါတယ်။ ကလေးဟာ အရာအားလုံးကို မိဘကိုချည်း မှီခိုနေတာမျိုး မဖြစ်စေပဲ သူတို့တတ်နိုင်တဲ့ အရာတွေကို သူတို့ဟာ သူတို့ လုပ်နိုင်အောင် ငယ်ငယ်ကတဲက လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အောက်မှာ ကျောင်းမနေမီ ကလေးငယ်တွေ တတ်ကျွမ်းသင့်တဲ့ Life Skill ၁၆ မျိုးကို တစ်ခုချင်း ရှင်းပြပေးထားပါတယ်။ ကလေး ကျောင်းမသွားမီ ဒါတွေအားလုံး တတ်ကျွမ်းအောင် သင်ကြားပေးထားခြင်းဖြင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ တန်ဖိုးထားစိတ်လဲ မြင့်တက်လာ စေမှာပါ။ ၁။ ကလေးအသက် ၈ လ လောက်ဆို ပိုက်နဲ့ စုပ်ပြီး သောက်တတ်အောင် သင်ပေးလို့ ရပါပြီ. အသက် ၁ နှစ်ခွဲ လောက်မှာ ခွက်ကနေ သောက်တတ် အောင် သင်ပေးပါ။ ၂။ ကလေး အသက် ၁ နှစ်ခွဲလောက်ဆို ဇွန်းနဲ့ ကိုယ့်ဟာကိုယ် စားတတ်အောင် သင်ပေးပါ။ အသက် ၁ နှစ်ခွဲလောက်ကစပြီး ကလေးကို ဇွန်းနဲ့ စားတတ်အောင် လေ့ကျင့်ပေးပါ။ ၃။ ကလေးအသက် ၁ နှစ်ခွဲလောက်ဆို စာအုပ်တွေ မဆုတ်ပြဲစေပဲ စာမျက်နှာတွေ တစ်ရွက်ချင်း လှန်တတ်အောင် သင်ပေးပါ။ ၄။ လက်ကို သေချာဆေးတတ်အောင် အသက် ၁ နှစ်လောက်က စပြီး သင်ပေးပါ။ အသက် ၅ နှစ် ကျောင်းစနေချိန်ဆို လက်ကို ဆပ်ပြာနဲ့ သေချာ စင်ကျယ်အောင် ဆေးတတ်အောင် သင်ပေးဖို့ လိုပါတယ်။ ၅။ အသက် ၁ နှစ်ခွဲနဲ့ ၂ နှစ် ကြားလောက်ကစလို့ သူတို့ကစားလို့ ဖိတ်စင်ကျတောတွေကို သူတို့ဖာသူတို့ အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းတတ်အောင် စသင်ပေးပါ။ ၆။ အသက် ၁ နှစ်ခွဲလောက်က စလို့ သွားတိုက်တတ်အောင် စသင်ပေးပါ။ ကျောင်းစနေတဲ့ အချိန်မှာ ကိုယ့်သွားကို ကိုယ်ကိုယ်တိုင် စင်ကျယ်အောင် တိုက်တတ်သင့်ပါပြီ။ အသက် ၁ နှစ်ခွဲလောက်ကစပြီး သွားတိုက်တတ်အောင် စသင်ပေးပါ။ ၇။ အသက် ၂ နှစ်လောက်ကစလို့ ကိုယ်ဝတ်ပြီးသား အဝတ်ဟောင်းတွေကို အဝတ်ဟောင်းခြင်းထဲ ထည့်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ ၈။…

Continue ReadingEssential Life Skills for Pre-School Children
Read more about the article သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
ကလေးကို ဘယ်လိုစာဖတ်ပြရမလဲ

သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ

ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။ တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက အကြာကြီး အာရုံစိုက်ပြီး အခြား စာမျက်နှာတွေ၊ ပုံတွေကို စိတ်ဝင်စားချင်မှာ ဝင်စားပါလိမ့်မယ်။ တစ်ခါတစ်လေ ကလေးက စာအုပ်ကို ကိုက်တာ၊ စာအုပ်နဲ့ ကစားတာ လုပ်ပါလိမ့်မယ်။ သူလုပ်ချင်တာ လုပ်ပါစေ။ အဓိကက ကလေးနဲ့ စာအုပ် ယဉ်ပါးဖို့ ဖြစ်ပါတယ်။ ပုံလေးတွေအကြောင်း ပြောပြပါ စာတွေအကုန်လုံး ၏၊ သည်၊ ၍ မလွဲ ဖတ်ပြစရာ မလိုပါဘူး။ ရုပ်ပုံလေးတွေပြပြီး သူတို့ကို ပုံထဲက အကြောင်းတွေ ပြောပြပါ။ ဥပမာ ကြောင်ပုံပြပြီး CAT လို့ ပြောပြပါ။ ပြီးရင် အဲ့ဒီ ကြောင်လေး အကြောင်း ပြောပြပါ။ ဘာအရောင်လဲ၊ ဘာလုပ်နေလဲ စသည်ဖြင့်ပေါ့။ တစ်ခါတစ်လေလဲ သီချင်းဆိုပြပါ။ ကလေးကို သူ့ဖာသာ စာမျက်နှာတွေ လှန်ပါစေ ကလေးငယ်လွန်းရင် စာမျက်နှာတွေ သူ့ဟာသူ မလှန်နိုင် သေးပါဘူး။ ဒါပေမယ့် ကလေးအသက် တစ်နှစ်ခွဲလောက်ဆို စာမျက်နှာတွေ လှန်ချင်ပါလိမ့်မယ်။ ၃နှစ် လောက်ဆို ကောင်းကောင်း စာမျက်နှာတွေ လှန်နိုင်ပါပြီ။ ပေးလှန်လိုက်ပါ။ စုတ်သွား ပြဲသွားမှာ သိပ်စိတ်မပူပါနဲ့။ စာမျက်နှာတွေ ကျော်ဖတ်ရင်လဲ ပြဿနာ မရှိပါဘူး။ စာအုပ်အဖုံးကိုအရင်ပြပါ စာအုပ်အဖုံးက ပုံကို ပြပြီး ကလေးကို ဒါဘာပုံပြင်လဲ ပြောပြပါ။ ကလေး ၃-၄ နှစ် လောက်ဆို သူတို့ကို ဘာပုံပြင် ဖြစ်မလဲ အရင်မေးပါ။ စာလုံးလေးတွေကို ထောက်ပြပါ စာဖတ်ရင်…

Continue Readingသင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
Read more about the article သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ
ကလေးတွေ စာဖတ်ဝါသနာ ပါအောင် ငယ်ငယ် ကတည်းက ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ

စာဖတ်ခြင်းဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒါပေမယ့် အခုခေတ်မှာ ကလေးတွေဟာ စာဖတ်ဖို့ထက် တီဗီကြည့်ဖို့နဲ့ ဗီဒီယိုဂိမ်း ကစားဖို့ကို ပိုပြီး စိတ်အားသန် ကြပါတယ်။ ကလေးတစ်ယောက်ကို စာဖတ်ခြင်စိတ် ပေါ်လာအောင် လုပ်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ကလေးစာအုပ်ကောင်းတွေလဲ ရှိမယ်၊ မိဘကလဲ လိုအပ်တဲ့ အားပေးမှုလုပ်မယ်ဆိုရင်တော့ ကလေးကို စာဖတ်ချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဖို့ မခက်ခဲလှပါဘူး။ အောက်ပါနည်းလမ်းများနဲ့ ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ကို အဆင့်ဆင့် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ (၁) ကလေးငယ်ငယ် ကတဲကစပြီး သူ့ကို စာဖတ်ပြပါ လူတော်တော်များများဟာ ငယ်ငယ်တုန်းက သူတို့မိဘတွေ သူတို့ကို ယုယုယယ ထွေးပွေ့ပြီး စာဖတ်ပြခဲ့တာကို အသက်ကြီးသည်အထိ မှတ်မိနေကြပါတယ်။ သင့်ကလေးကို ငယ်ရွယ်တုန်းမှာ စာဖတ်ပြတာဟာ သူ့ကို သင်ဘယ်လောက် ချစ်လဲဆိုတာ ကလေးရဲ့ နှလုံးသားထဲ စွဲသွားပြီး တစ်သက်လုံး အမှတ်ရနေစေမှာပါ။ ကလေးကို စာဖတ်ပြခြင်းဖြင့် စာအုပ်တစ်အုပ်ကို ဘယ်လိုကိုင်တွယ်ဖတ်ရှုရမလဲ၊ စာမျက်နှာတွေကို ဘယ်လိုလှန်ရမလဲ ဆိုတာတွေကို ကလေးကို သင်ကြားပေးသလို၊ စာလုံးတွေဟာ စကားလုံးတွေနဲ့ အဓါပ္ပါယ်တွေကို သယ်ဆောင်ထားတယ် ဆိုတဲ့ အမြင်ကိုလဲ ရရှိစေမှာ ဖြစ်ပါတယ်။ ကလေးကို စာဖတ်ပြတဲ့အခါ အသံနေ အသံထားနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖတ်ပြပါ။ ဒီလို အသံနေ အသံထားနဲ့ ဖတ်ပြတာဟာ ကလေးကို စာအုပ်နဲ့ ဇာတ်လမ်း အပေါ်မှာ ပိုပြီး စိတ်ဝင်စားစေပါတယ်။ ကလေးကို စာဖတ်ပြနေရင်းနဲ့ စကားလုံးလေးတွေ (ကကြီး၊ ခခွေး၊ A B C) ကို ထောက်ပြပြီး အသံထွက်တွေ သင်ပေးပါ။ နောက်နဲနဲ့ စာဖတ်ရင့်လာရင် သူတို့ကို ထောက်ပြပြီး ဒါဘာလဲလို့ မေးပါ။ ကလေးက တဖြည်းဖြည်း စာလုံးတွေနဲ့ အသံထွက်တွေကို မှတ်မိလာပါလိမ့်မယ်။ ကလေးတွေကို စာဖတ်ပြတဲ့ နေရာမှာ နည်းမှန်လမ်းမှန် ဖတ်ပြဖို့ လိုပါတယ်။ (၂) ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ ကလေးစာအုပ်တွေ များများ ထားပေးပါ စာအုပ်တွေကြားမှာ နေရတဲ့ ကလေးတွေဟာ စာအုပ်တွေကို သူငယ်ချင်းလို ချစ်မြတ်နိုးတတ်ကြပါတယ်။ ဒီကလေးတွေဟာ စာဖတ်ဖို့၊ စာအုပ်တွေကတဆင့် ဗဟုသုတ ရှာမှီးဖို့ ဝါသနာ ပါကြပါတယ်။ ဒါ့ကြောင့် အိမ်မှာ ကလေးစာအုပ်ကောင်းလေးတွေကို ကလေးအလွယ်တကူ လက်လှမ်းမှီနိုင်တဲ့…

Continue Readingသင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ
Read more about the article သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ
ကလေးတွေရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။

သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ

ကလေးတစ်ယောက် ကိုယ့်လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိတယ် မရှိဘူးဆိုတာကို သတိထား ကြည့်ရင် သိနိုင်ပါတယ်။ တချို့ကလေးတွေဟာ ကိုယ့်လုပ်ဆောင်မှု တစ်ခုခုကို ကျေနပ်ဂုဏ်ယူပေမယ့် တချို့ကလေးတွေကတော့ မိမိရဲ့ လုပ်ဆောင်မှုနဲ့ ပါတ်သက်လို့ ကျေနပ်အားရမှု မရှိပါဘူး။ ဒီလိုမိမိရဲ့ လုပ်ဆောင်မှုကိုဖြစ်ဖြစ်၊ မိမိကိုယ်ကို ဖြစ်ဖြစ် ကျေနပ်တာ၊ အားရတာ၊ ဂုဏ်ယူတာဟာ ကလေးတစ်ယောက် မိမိကိုယ်ကို တန်ဖိုးထားမှု (self-esteem) လို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားတဲ့ ကလေးတွေဟာဆိုရင် မိမိကို မိဘ၊ဆရာမ၊ သူငယ်ချင်းတွေနဲ့ ပါတ်ဝန်းကျင်က တန်ဖိုးထားတယ် လက်ခံတယ်လို့ ခံစားရတယ်သူတို့ဟာ သူများတွေက သူတို့အပေါ် မျှော်လင့်သလိုမျိုး လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်စိတ်ရှိတယ်သူတို့လုပ်ဆောင်လိုက်တဲ့ အောင်မြင်မှု တစ်ခုခုအတွက် ဂုဏ်ယူတယ်သူတို့ကိုယ် သူတို့ အကောင်းဖက်ကမြင်တယ်နေ့စဉ်ကြုံတွေ့ရမယ့် စိန်ခေါ်မှု (challenge) တွေအတွက် အသင့်ရှိနေတယ် မိမိကိုယ်ကို တန်ဖိုးမထားတဲ့ ကလေးတွေကတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဝေဖန်နေလေ့ရှိတယ်ကိုယ့်ကိုယ်ကို လုံခြုံမှု ကင်းမဲ့နေမယ်၊ အခြားအကလေးတွေနဲ့ ယှဉ်ပြီး ငါသူတို့လောက် အကောင်းဘူး၊ မတော်ဘူး၊ မတတ်ဘူးလို့ ခံစားရတယ်သူတို့မအောင်မြင်တဲ့ လုပ်ဆောင်မှုတွေကိုပဲ အာရုံစိုက်ပြီး သူတို့အောင်မြင်အောင် လုပ်ဆောင်နိုင် တာတွေကိုကျတော့ အလေးမထားဘူးကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေမယ်တစ်ခုခု လုပ်မယ်ဆိုရင် ကောင်းမွန်အောင် လုပ်နိုင်မယ်ပါ့မလား ဆိုပြီး အမြဲ သံသယ ဖြစ်နေမယ် ဘာ့ကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုဟာ အရေးပါရတာလဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေ ရတတ်ပါတယ်။ ကျောင်းစာမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရာမှာပဲ ဖြစ်ဖြစ်ပေါ့။ ကိုယ့်ကိုယ်ကို လက်ခံယုံကြည်မှုရှိတဲ့ ကလေးတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ ဝန်မလေးသလို၊ ကိုယ်အရင် မလုပ်ဘူးတဲ့ လုပ်ဆောင်မှု အသစ်တွေကို စမ်းသပ်ကြည့်ဖို့လဲ ဝန်မလေးကြပါဘူး။ အမှားတွေကြုံလာရင်လဲ စိတ်ဓါတ်မကျတတ်သလို၊ ထပ်ပြီးအောင်မြင်အောင် ကြိုးစားဖို့လဲ ဝန်မလေးပါဘူး။ သူတို့ရဲ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူကြတဲ့ အတွက် ဒီကလေးတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တိုင်းကို အေကောင်းဆုံးဖြစ်အောင် လုပ်ဆောင် နိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ ကလေးတွေကတော့ သူတို့ရဲ လုပ်ဆောင်နိုင်စွမ်းနဲ့ ပါတ်သက်ပြီး အမြဲပဲ သံသယ ဝင်နေလေ့ရှိပါတယ်။ သူတို့ကို အခြားသူတွေက လက်ခံမယ်လို့ မထင်ရင် ဝင်ပါဖို့ ရှောင်ရှားကြပါတယ်။ သူတို့ကို သူများက အနိုင်ကျင့်လာရင်လဲ ငုံ့ခံနေလေ့ရှိပြီး ဒီလို…

Continue Readingသင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ