Read more about the article Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ
Daily English Lessons

Actual နဲ့ Actually ကို ဘယ်လိုသုံးမလဲ

Actual က အမှန် (real) လို့ အဓိပ္ပါယ် ရပါတယ်။ Actually ကတော့ "တကယ်က"၊ အမှန်ကတော့လို့ အဓိပ္ပါယ် ရပါတယ်။ ဒီနှစ်ခုလုံးကို (၁) မှားယွင်းတဲ့ အချက်အလက်တွေကို အမှန်ပြင်တဲ့ နေရာမှာ သုံးပါတယ်။ ဥပမာ။ The book says he was 47 when he died, but his actual age was 43."Hello John. Nice to see you again". "Actually, my name is Richard". (၂) မထင်မှတ်တဲ့ အချက်အလက်၊ ကိစ္စ၊ အကြောင်းအရာ တစ်ခုခုကို ပြောဆိုရင်လဲ သုံးပါတယ်။ဥပမာ။"Have you seen the last Spider-Man movie?". "Actually, I've got two tickets." She was so angry that she actually tore up the letter.

Continue ReadingActual နဲ့ Actually ကို ဘယ်လိုသုံးမလဲ
Read more about the article Across နဲ့ Through ဘယ်လိုသုံးမလဲ
Across and Through usage

Across နဲ့ Through ဘယ်လိုသုံးမလဲ

Across နဲ့ through နဲ့ ဘယ်လိုကွာသလဲ ဆိုတော့ on နဲ့ in ကွာသလို ကွာပါတယ်။ Across ကို မျက်နှာပြင် ပေါ်မှာ တစ်နေရာက တစ်နေရာကို ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။ We walk across the ice. (ရေခဲပြင်ပေါ် လမ်းလျောက်သွားတာ ဖြစ်လို့ across ကိုသုံးပါတယ်။)I walk across the square to the tea shop. (ရင်ပြင်ပေါ်က ဖြတ်လျှောက်သွားတာမို့ across ကို သုံးပါတယ်)We drove across the desert.(သဲကန္တာရ ပေါ်က ဖြတ်ပြီး ကားမောင်းသွားတာမို့လို့ across ကိုသုံးပါတယ်) Through ကိုကျတော့ ဘေးပါတ်လည်မှာ အရာဝတ္ထု၊ ပစ္စည်း၊ လူ အစရှိတာတွေ ကြားကနေ ဖြတ်သွားတဲ့ အခါမျိုးမှာ သုံးပါတယ်။ I walk through the wood. (သစ်တောထဲက ဖြတ်သွားတဲ့ အခါ ဘေးပါတ်လည်မှာ သစ်ပင်တွေ ရှိနေတာမို့ through ကိုသုံးတာပါ)We drove through several towns.(မြို့တွေကြားက ဖြတ်မောင်းတဲ့ အခါမှာ ဘေးပါတ်ခြာလည်မှာ တိုက်တာ အိမ်ခြေတွေ ရှိနေတာကြောင့် through ကိုသုံးတာပါ။)I walk through the crowd.(လူတွေကြားက ဖြတ်လျှောက်သွားတဲ့ အခါမှာ ပါတ်ခြာလည်မှာ လူတွေရှိနေတာကြောင့် through ကို သုံးပါတယ်။)

Continue ReadingAcross နဲ့ Through ဘယ်လိုသုံးမလဲ
Read more about the article BC & AD
BC က Before Christ ဆိုရင် AD ကရော ဘာရဲ့ အတိုကောက် ဖြစ်မလဲ။

BC & AD

ယခုနှစ်က AD 2018  ခုနှစ် ဖြစ်ပါတယ်။ မြန်လာလိုတော့ ခရစ်နှစ် ၂၀၁၈ ပေါ့။ ခရစ်တော် ပေါ်ပြီး ၂၀၁၈ ခုနှစ် အကြာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်မီ ကာလကိုတော့ BC လို့ ရေးကြပါတယ်။ ဥပမာ 55 BC (ခရစ်တော် မပေါ်မီ ၅၅ နှစ်)။  ဒီ BC နဲ့ AD ရဲ့ အတိုကောက်ကိုရော သိကြရဲ့လား။ BC ရဲ့ အတိုကောက်ကိုတော့ သိကြတဲ့သူ များပါတယ်။ ဟုတ်ပါတယ်။ BC က Before Christ ရဲ့အတိုကောက်၊ ခရစ်တော် မပေါ်မီ၊ ခရစ်တော် မတိုင်မီ ဖြစ်ပါတယ်။ AD ကရော ဘာရဲ့အတိုကောက်ဆိုတာ သိကြရဲ့လား။ လူအတော်များများက AD ဟာ After Death (ခရစ်တော် ကွယ်လွန်ပြီး) ရဲ့ အတိုကောက်လို့ ထင်ကြပါတယ်။ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတွေ ကိုယ်တိုင်ကို ဒီလို ပြောပြီး သင်နေတာ ကြုံဖူးပါတယ်။ တကယ်က မဟုတ်ပါဘူး။  AD ရဲ့ အရှည်ကတော့ လက်တင် စကားလုံး "Anno Domini" ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့  "the year of our Lord"   ဖြစ်ပါတယ်။ မြန်မာလို ဆိုရင်တော့ "ဘုရားသခင် ၏ နှစ်" ဖြစ်ပါတယ်။ ခရစ်နှစ်လို့ ပြန်ကြပါတယ်။ ခရစ်တော် ဖွားမြင်တဲ့ နှစ်ကနေ စရေတွက်တာ ဖြစ်ပါတယ်။ ခရစ်တော် ကွယ်လွန်တဲ့ နှစ်ကနေ ရေတွက်တာ မဟုတ်ပါဘူး။  AD ခုနှစ်တွေကို ရေးတဲ့ အခါမှာ ခုနှစ်ဂဏန်းကို AD ရဲ့ နောက်မှာ ထားရေးရပါတယ်။ ဥပမာ AD 1900, AD 655 စသဖြင့်ပေါ့။ BC ကို ရေးတဲ့ အခါကျတော့ ခုနှစ် ဂဏန်းကို BC ရဲ့ အရှေ့က အရင်ရေးရပါတယ်။ ဥပမာ 233 BC။  နောက်တစ်ခု သိရမှာက BC နှစ်တွေကို နောက်ပြန်ရေတွက် ရတယ် ဆိုတာပါပဲ။ ဒါ့ကြောင် 45 BC ပြီးရင် နောက်တစ်နှစ်က 44…

Continue ReadingBC & AD

Everyday or Every day

အင်္ဂလိပ်စာ သုံးတဲ့သူ တော်တော်များများ မကြာခန မှားတတ်တာကတော့ everyday နဲ့ every day ဘယ်ဟာကို ဘယ်နေရာမှာ သုံးရမှန်း သေသေချာချာ မသိကြတာပါပဲ။ အချို့က everyday (every နဲ့ day ကြားမှာ ကွက်လပ်မရှိပဲ တဆက်ထဲ ရှိတာ) ကအမှန်။ every day (ကြားမှာ ကွက်ကလပ် ပါတာ) ကအမှားလို့ ပြောကြပါတယ်။ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတချို့ ကပါ ဒီလို သင်နေကြတာ မကြာခန တွေ့ဘူးပါတယ်။ ဒါဆို everyday နဲ့ every dayဘယ်ဟာက အမှန်လဲ။ ဘယ်နေရာမှာ ဘယ်စကားလုံးကို သုံးရမလဲ ဆိုတာ ဘယ်လိုသိနိုင်မလဲ။ တကယ်တော့ everyday ရော every day ရော နှစ်ခုစလုံး မှန်ပါတယ်။ ဒါဆိုရင် အဲ့ဒီနှစ်ခုကို ကြိုက်သလို သုံးလို့ရလား လို့မေးရင်တော့ မရပါဘူးလို့ပဲ ဖြေရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ every day က adverb ဖြစ်ပြီး everyday ကတော့ adjective ဖြစ်လို့ပါပဲ။ Every day ဆိုတာသည် each day (နေ့တိုင်း) ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Everyday ကတော့ နေ့စဉ်/နေ့တဒူဝ လို့ ပြန်လို့ရမယ် ထင်ပါတယ်။ ဒါ့ကြောင့် each day ဆိုတဲ့ အဓိပ္ပါယ် အနေနဲ့ သုံးမယ်ဆိုရင် every day လို့သုံးမှ အမှန်ဖြစ်ပြီး adjective အနေနဲ့ သုံးရင် everyday လို့ သုံးရပါမယ်။ ပိုရှင်းအောင် အောက်မှာ ဥပမာ အချို့ ပေးထားပါတယ်။ "Every day, I spend a lot of time correcting everyday mistakes" Every day, I go to work at 8 AM in the morning. (Adv.)T-shirts are my everyday clothes. (Adjective)These shoes are great for everyday wear. (Adjective)Every day,…

Continue ReadingEveryday or Every day
Read more about the article ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ
ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ကူးဉါဏ် ကွန့်မြူးမှုကို အထောက်အကူ ပြုပါတယ်။

ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု အသက်တွေကြီးလို့ ကျွန်မကိုယ်တိုင် အဖွားဖြစ်လာ တာတောင်မှပဲ အဲ့ဒီတုန်းက အဖိုးပြောပြခဲ့တဲ့ ပုံပြင်တွေကို မှတ်မိနေတုန်းပါပဲ။ ကလေးဘဝတုန်းက ပုံပြင်တွေ နားထောင်ရင်းနဲ့ ကျွန်မဟာ စကားလုံး အသစ်တွေကို သင်ယူခဲ့ရတာကို အဲ့ဒီတုန်းကတော့ သတိမထား မိခဲ့ပါဘူး။ ဒီလို စကားလုံး အသစ်တွေ သင်ယူရင်နဲ့ ဒီစကားလုံးတွေရဲ့ အသုံးပြုပုံတွေကိုလဲ ကျွန်မကိုယ်တိုင် သတိမပြုမိပဲ သင်ယူခဲ့ ရပါတယ်။ ဒီပုံပြင်တွေကနေ အတွေးအမြင်သစ်တွေ ရရှိခဲ့တာ၊ ဘဝသင်ခန်းစာတွေ ရရှိခဲ့တာကိုလဲ အဲ့ဒီတုန်းကတော့ သတိမထား မိခဲ့ပါဘူး။ ပုံပြင်စာအုပ်ကောင်း တစ်အုပ်ဟာဆိုရင် ဖတ်နေရင်း လက်ကမချချင်အောင်၊ တစ်မျက်နှာ ဖတ်ပြီးသွားရင် နောက်တစ်မျက်နှာ ဆက်ဖတ်ချင်အောင် ကလေးတွေကို ဆွဲဆောင်နိင်စွမ်း ရှိပါတယ်။ ကျွန်မတို့ စာဖတ်သူတွေဟာ ပုံပြင်ထဲက ဇါတ်လိုက်က နောက်ဘာဆက်ဖြစ်မလဲ၊ ဒီဇါတ်ကောင်တွေ ဘာတွေလုပ်မလဲ၊ ဘာတွေပြောသလဲ ဆိုတာတွေကို သိချင်အောင် စွဲဆောင်နိုင်စွမ်း ရှိကြပါတယ်။ စာဖတ်သူတွေမှာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသထွက်ခြင်း၊​ကြောက်ရွှံ့ခြင်း အစရှိတဲ့ စိတ်ခံစားမှု တွေကိုလဲ​ပုံပြင်ဖတ်နရင်း ခံစားရပါတယ်။ ဒါဘာကြောင့်လဲ ဆိုတော့ ပုံပြင်ကောင်းတွေဟာ စာဖတ်သူတွေကို ပုံပြင်စာအုပ်ထဲကို ဆွဲခေါ်သွား နိုင်လို့ပါပဲ။ လက်တွေ့ ပြင်ပလောကထဲကလိုပဲ ပုံပြင်ထဲက ဇါတ်ကောင်တွေကို နှစ်သက်မှု၊ မနှစ်သက်မှု အစရှိတဲ့ ခံစားမှုတွေလဲ ဖြစ်ပေါ်လာစေပါတယ်။ တစ်ခါတစ်လေလဲ ကိုယ့်ကိုယ်ကိုယ် ပုံပြင်ထဲက ဇါတ်ကောင်နေရာမှာ ထားပြီး ခံစားဖတ်ရှု မိပါတယ်။ ပုံပြင်ထဲက ဇါတ်ကောင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးနဲ့…

Continue Readingပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ
Read more about the article ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ
ကလေးတွေကို အင်္ဂလိပ်လို ပြောဖို့ အားပေးရာမှာ မိဘတွေဟာ အရေးပါတဲ့ အခန်းက ပါဝင်ပါတယ်။

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြီး ပြောခိုင်းပါလို့ ကိန်းဘရစ် တက္ကသိုလ်က ကလေးစာပေ သင်ကြားရေး ပညာရှင်တွေက အကြံပြုပါတယ်။ ဥပမာ ကလးကို ဝမ်းနည်းတဲ့ မျက်နှာပေးနဲ့ ပြောခိုင်းတာ၊ ပြီးဝမ်းသာတဲ့ မျက်နှာပေးနဲ့ ပြောခိုင်းတာ၊ သီချင်းဆိုတဲ့ ပုံနဲ့ ပြောခိုင်းတာ၊ အိပ်ငိုက်နေ သလိုမျိုး ပုံနဲ့ ပြောခိုင်းတာ အစရှိ သဖြင့်ပေါ့။ ကလေးက ဒီလိုအမူအရာ အက်တင်တွေ လုပ်ဖို့ အာရုံစိုက်နေတဲ့အတွက် သူအင်္ဂလိပ်လို ပြောရမှာ စိုးရိမ်နေတာကို မေ့လျော့သွားနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီနည်းကို လက်တွေ့စမ်းသပ်ပြီး အောင်မြင်မှုရတဲ့အတွက် စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။ကလေးက အင်္ဂလိပ်လို ပြောတဲ့အခါ စပြောစမှာ အမှားပါမှာပဲ။ ဒီအခါ မိဘလုပ်သူက အမှားတွေ့တိုင်း ပြင်ပေးချင်စိတ် ဖြစ်လာပါတယ်။ သင်ကြားရေး ပညာရှင်တွေကတော့ ကလေးပြောတဲ့ အမှားတိုင်းကို ပြင်မပေးပါနဲ့လို့ အကြံပြုပါတယ်။ အထူးသဖြင့် ကလေးက အင်္ဂလိပ်လို ပြောနေတုန်းမှာ မှားရင် သူပြောတာကို ဖြတ်ပြီး မပြင်ပေးပါနဲ့တဲ့။ ကလေးပြောပြီးတဲ့ အထိ ပြီးအောင်စောင့်ပါ။ ပြီးတော့မှ ဝါကအမှန်ကို ပြန်ပြင်ပြောပြပြီး ကလေးကို လိုက်ဆိုပါစေတဲ့။ “ဒီလိုမဟုတ်ဘူး (Not like that)” တို့ “ဒါမှားနေတယ် (this is wrong)” တို့ဆိုတာမျိုးတွေကို ဘယ်တော့မှ မပြောပါနဲ့တဲ့။ ဒီအစား “ဒီလိုပြန်ပြော ကြည့်ရအောင် (Let’s try it again)” ဆိုတာမျိုး ပြောပြီး ပြင်ပေးပါတဲ့။ ဘာသာစကား…

Continue Readingကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ
Read more about the article အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ
ကလေးအသက် ၃ နှစ်လောက်က စပြီး စာဖတ်ဖို့ သပြီး သင်ပေးလို့ ရပါပြီ။

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် ဆိုတာမျိုး မသတ်မှတ်ပဲ ကလေး ပျော်သလောက် ပေးဖတ်ဖို့ လိုပါတယ်။ ကလေးက မဖတ်ချင်တာကို အတင်း ဖတ်ခိုင်း၊ ဖတ်ပြနေရင် ကလေးက စာဖတ်ရမှာ မုန်းသွားပါလိမ့်မယ်။ ကလေးတွေ ကိုယ်တိုင် စာစမဖတ်ခင်မှာ ပထမ အဆင့်အနေနဲ့ ကလေးဟာ သူများဖတ်ပြတာကို နားထောင်တတ်တဲ့ အကျင့်ရဖို့ လိုပါတယ်။ ကလေးကို ပုံပြင်လေးတွေ ပြောပြတာ၊ ကလေး ကဗျာလေးတွေ ဖတ်ပြတာ၊ ကလေးသီချင်းလေးတွေ ဆိုပြတာတွေ ကို ကလေးငယ်စဉ်ကတဲက ပုံမှန်အလေ့အကျင့် လုပ်လာဖို့ လိုပါတယ်။ စာအုပ်လေးတွေနဲ့ ကစားစေတာ၊ စာအုပ်ထဲက ပုံလေးတွေ ပြတာတွေ၊ ဒီ့ထက်နဲနဲ ကြီးလာရင် ပုံလေးတွေ ဆေးရောင်ချယ်တာတွေ စတဲ့ ကစားနည်းတွေကို ကစားစေခြင်းဖြင့် ကလေးတွေကို စာအုပ်နဲ့ ယဉ်ပါးလာအောင် လုပ်ပေးဖို့ လိုပါတယ်။ စာစဖတ်ဖို့ ကလေးတွေမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိဖို့လိုမလဲ ကလေးတွေကို စာစဖတ်ဖို့ လေ့ကျင့်သင်ကြားပေးတော့မယ်ဆိုရင် အောက်ပါစွမ်းဆောင်ရည်တွေ ရှိနေဖို့ လိုပါတယ်။ စာအုပ်တွေနဲ့ ကစားရတာ၊ စာအုပ်တွေကို ကိုင်တွယ်ရတာ ပျော်မယ်။သူတို့နာမည်ကို သူတို့သိမယ်။လွယ်ကူတဲ့ စာလုံးလေးတွေနဲ့ သူတို့ရဲ့ ရုပ်ပုံလေးတွေကို ဆက်နွယ်တတ်မယ် ဥပမာ၊ Mum ဆိုတာကို အမေနဲ့ ဆက်စပ်ပြတတ်မယ်၊ cat ဆိုတာကို ကြောင်နဲ့ ဆက်စပ်ပြတတ်မယ်။သိပ်အများကြီး သိဖို့ မလိုပါဘူး။ အဓိကက ဒီလိုဆက်စပ်တတ်တဲ့ အရည်အချင်း ရှိဖို့ပဲ လိုပါတယ်။အချို့စကားလုံးတွေရဲ့ အသံထွက်တွေကို သိမယ်စာဖတ်လိုတဲ့ စိတ်ရှိမယ်မှတ်နိုင်စွမ်းအား ရှိမယ်။…

Continue Readingအသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ
Read more about the article Oxford Reading Tree
အင်္ဂလိပ်စာဖတ် စသင်ခါစ ကလေးတွေအတွက် Oxford Reading Tree က အထူးသင့်လျော်ပါတယ်။

Oxford Reading Tree

ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာသင်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးဖို့ လိုပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တဲ့ နေရာမှာ တွေရာစာအုပ်တွေ လျှောက်ပေးဖတ်နေမယ့်အစား ကလေးရဲ့ အသက်၊ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို တဆင့်ချင်း ပေးဖတ်သွားတာဟာ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်တိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလို အဆင့်အလိုက် အင်္ဂလိပ်စာ စာအုပ်တွေ အဆင့်သတ်မှတ်ရာမှာ Oxford Reading Tree ဟာ နံမည်ကျော်ပါတယ်။ အင်္ဂလန်က အစိုးရ မူလတန်းကျောင်း ၈၀% လောက်ဟာ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ ဒီ Oxford Readig Tree Grading System ကို အသုံးပြုကြပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာလဲ ဒီ Oxford Reading Tree စနစ်ကို အသုံးပြုပြီး ကလေးတွေအတွက် အင်္ဂလိပ်စာ စာအုပ်တွေ ကို အဆင့်သတ်မှတ်ကြပါတယ်။ ဒီ Oxford Reading Tree စနစ်နဲ့ တိုက်ပြီး ထုတ်ဝေတဲ့ ကလေးအင်္ဂလိပ်စာအုပ်ပေါင်း စုစုပေါင်း အုပ်ရေ ၈၀၀ ကျော်ရှိပါတယ်။ စာအုပ်အားလုံးလိုလိုဟာ အုပ်ရေသိန်းချီရိုက်နှိပ်ထုတ်ဝေရအောင် နံမည်ကျော် လူကြိုက်များတဲ့ စာအုပ်တွေ ဖြစ်ကြပါတယ်။ ဒီစနစ်နဲ့ ထုတ်ဝေတဲ့ နာမည်ကျော် ကလေးစာအုပ်တွဲတွေကတော့ Floppy's Phonics Biff, Chip and Kipper Traditional Tales Songbirds Phonics inFact နဲ့ Story Sparks တို့ပဲဖြစ်ကြပါတယ်။ Oxford Reading Tree ကို အသက် ၄ နှစ်ကနေ ၇ နှစ်ထိ ကလေးတွေအတွက် ရည်ရွယ်တာဖြစ်ပြီး အဆင့် ၃ ဆင့် သတ်မှတ်ထားပါတယ်။ အဲ့ဒီအဆင့်တွေကတော့ အသက် ၄ နှစ်ကနေ ၅ နှစ်ကြား Year: Reception အင်္ဂလိပ်စာ စတင်သင်ကြားစ ကလေးတွေအတွက် ရည်ရွယ်ပါတယ်။ ဒီ အဆင့်မှာ အဆင့် ၄ ဆင့် ထပ်ခွဲထားပါတယ်။ အဆင့်တိုင်းကို အရောင်တွေနဲ့ ခွဲခြားပြီး သတ်မှတ်ထားပါတယ်။ Band: Lilac (ခရမ်းနုရောင်) | Oxford Level: 1 Band:…

Continue ReadingOxford Reading Tree
Read more about the article ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်
ကလေးတွေကို ဖလက်ရှ်ကတ် လေးတွေသုံးပြီး အင်္ဂလိပ်စာ သင်ပေးတာဟာ အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

ဒီတစ်ပါတ်တော့ ပထမဆုံး ဖိုးနစ် သင်ခန်းစာအနေနဲ့ ကျောင်းစမနေသေးတဲ့ သင့်ကလေးကို ဖိုးနစ်အသံထွက်တွေနဲ့ နီးစပ်အောင် ဘယ်လိုစ သင်ကြား ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဘာမှ အထူတလယ် ကုန်ကျစရာ မလိုပါဘူး။ ကတ်ထူပြားလေးတွေပေါ်မှာ ရောင်စုံခဲတံ နဲ့ A, B, C ရေးပြီး သင်တာပါ။ ဒီကတ်လေးတွေကို Flash Card ဖလက်ရှ်ကတ် တွေလို့ ခေါ်ပါတယ်။ အိမ်မှာ ငွေမကုန်ပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဖလက်ရှ်ကတ်လေးတွေလုပ်ပါ ပထမဆုံး လိုတာက ဖလက်ရှ်ကတ်တွေပါ။ ဆိုင်က ကတ်ထူစက္ကူပြားတွေ ဝယ်ပြီး ဖဲချပ်အရွယ်လေးတွေ ညှပ်လိုက်ပါ။ ပြီးရင် ရောင်စုံခဲတံနဲ့ အေကနေ ဇက်အထိ (A – Z) တစ်ကတ်ကို စာလုံးတစ်လုံး ချရေးပါ။ ကလေးတွေ စိတ်ဝင်စားအောင် အရောင်စုံ လေးတွေ ကာတွန်းပုံ လေးတွေ ဆွဲပေးနိုင်ရင် ပိုကောင်းပါတယ်။ အိမ်မှာ ပရင်တာရှိရင် အင်တာနက်ကနေ ဖလက်ရှ်ကတ်တွေ ဒေါင်းလုပ်လုပ်ပြီး ကတ်ထူပေါ်မှာ ပရင်လုပ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်ဟာကိုယ် ဖလက်ရှ်ကတ်လေးတွေ ဆွဲမယ်ဆိုရင် ကလေးနဲ့ အတူ ပံလေးတွေဆွဲ၊ အရောင်လေးတွေ ခြယ်ရင် ကလေးလဲ ပိုစိတ်ဝင်စားပါလိမ့်မယ်။ ABC flash cards လေးတွေ အရင်လုပ်ပါ ဖလက်ရှ်ကတ်တွေကို ရောလိုက်ပြီး ကလေးကို သင်ပေးပါ ဖလက်ရှ်ကတ် လေးတွေကို တစ်ကတ်ချင်းစီ ထောင်ပြပြီး ကလေးကို သင်ပေးပါ။ စကားလုံး အမည်ရော အသံထွက်ရော သင်ပေးပါ။ ဥပမာ B ကို ပြပြီး B – ba လို့ ပြောပြီး သင်ပေးပါ။ သင့်ကလေးကို လိုက်ရွတ်ခိုင်းပါ။ နောက်အခါတွေကျရင် ကလေးကိုဘာလဲ မေးပြီး သူမမှတ်မိရင်၊ မမှန်ရင် ပြန်ပြင်ပေးပါ။ တစ်နေ့ကို စကားလုံး ၄-၅ လုံးလောက်နဲ့ နည်းနည်းစီ သင်ပေးသွားပါ။ အသံထွက်တွေ သေသေချာချာ သိချင်ရင် အောက်က ဗီဒီယိုထဲမှာ လေ့လာကြည့်ပါ။ ဖလက်ရှ်ကတ်တွေကို တစ်ခုချင်းစီ ထောင်ပြပြီး အသံထွက်တွေ သင်ပေးပါ။ https://vimeo.com/43954459 ကလေးတွေကို ABC သင်ဖို့ နည်းလမ်းတွေပါ နှစ်လုံးတွဲ အသံထွက်တွေ သင်ပေးပါ စကားလုံး ၂၆ လုံးကို အသံထွက် နှင့်တကွ သင့်ကလေး ပိုင်ပိုင်နိုင်နိုင်…

Continue Readingဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်

အခုတလော နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်ကြားနည်း အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ ဒီဖိုးနစ်နည်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ စတင်သုံးစွဲ လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃- ၄ နှစ် လောက်ကစလို့ နိုင်ငံတကာ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာ ကြပါတယ်။ ဒီဖိုးနစ်နည်း ဆိုတာဘာလဲ။ ဘယ်လို သင်ရမှာလဲ။ ဘာသင်ကြားရေး ပစ္စည်းတွေ လိုမလဲ။ ဒီနည်းနဲ့ ကိုယ့်ခလေးကို အင်္ဂလိပ်စာ သင်ရင် ဘယ်လောက်ကုန်မှာလဲ။ အိမ်မှာရော သင်လို့ ရမလား။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ရော ကိုယ့်ကျောင်းသားတွေကို သင်ပေးလိုရင် ဘယ်လိုသင်ရမလဲ အစရှိတာတွေကို ရှင်ပြသွားမှာ ဖြစ်ပါတယ်။ ဖိုးနစ်နည်းဆိုတာ ဘာလဲ ဖိုးနစ်နည်းဆိုတာ စာဖတ်စာရေးသင်တဲ့ နေရာမှာ စာလုံးပေါင်းတွေကို မှတ်သားပြီး သင်တာ မဟုတ်ပဲ စာလုံးတွေရဲ့ အသံထွက်တွေကို အဓိက မှတ်သားပြီး သင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရှေးရိုးစဉ်လာ အင်္ဂလိပ်စာ သင်ရာမှာ စာလုံးပေါင်းတွေကို အလွတ်ကျက်မှတ်တဲ့ နည်းလမ်းနဲ့ သင်ကြားခဲ့ ကြပါတယ်။ ဒီဖိုးနစ်နည်းမှာတော့ စာလုံးပေါင်းတွေ အလွတ် ကျက်မှတ်တာကို အားမပေးပါဘူး။ ဒီ့အစား စာလုံး (alphabet) တစ်လုံးချင်းစီရဲ့ အသံထွက်တွေကို နားလည်အောင် သင်ကြားပေးပါတယ်။ ဥပမာ၊ B ကို “ဘီ” လို့ မသင်ပဲ သူ့ရဲ့ အသံထွက် “ဘ” လို့ သင်ပါတယ်။ “C” ဆိုရင် “စီ” လို့မသင်ပါဘူး၊ “Ka” “ခ” လို့ သင်ပါတယ်။ “I” ဆိုရင် “အစ်”၊ “A” ကို “အက်”၊ ဒီလိုသင်တာပါ။ ဒီနည်းနဲ့ သင်ကြားပေးတဲ့ ကလေးတွေဟာ စာလုံးပေါင်းတွေ အလွတ်မရ ပေမယ့်လဲ စကားလုံးတွေကို အသံထွက် ဖတ်နိုင်ကြပါတယ်။ ဖိုးနစ်နည်းနဲ့ စာဖတ်သင်တဲ့ ကလေးတွေဟာ စာတွေကို အလွယ်တကူ ဖတ်နိုင် တဲ့အတွက် အခြားကလေးတွေထက် စာဖတ်အား ပိုကောင်းကြပါတယ်။ ဘာ့ကြောင့် ဖိုးနစ်နည်းနဲ့ စာသင်သင့်သလဲ ဖိုးနစ်နဲ့ သင်တဲ့ အတွက် သင့်ကလေးဟာ စာလုံးပေါင်းတွေကို အသံထွက် မှန်မှန် ထွက်တတ် လာပါတယ်။ ဒါ့အပြင် စာလုံးပေါင်း အလွတ်ကျက်တာ မဟုတ်တဲ့…

Continue ReadingPhonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်