Read more about the article ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Teach counting to toddlers

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ ဒါဆို ဘယ်လို သင်ကြမလဲ။  ကလေး တစ်နှစ်ကျော် လောက်ကစပြီး ကလေးကို သင်္ချာနဲ့ ပါတ်သက်တဲ့ အခြခံတွေ စပြီး သင်ပေးပါ။ ကလေးရဲ့ အသက်ကနေ စပြီး သင်ပေးပါ။ ဥပမာ ကလေး အသက် ၁ နှစ်ဆိုရင် လက်တစ်ချောင်း ထောင်ပြီး ကလေးကို သားသား (မီးမီး) အသက်က တစ်နှစ် ဆိုပြီး သင်ပေးပါ။ ပြီးရင် ကလေးကို ပြန်ပြီး မီးမီး အသက်က ဘယ်နှစ်နှစ်လဲ ဆိုပြန်မေးပါ။ ပထမတော့ ကလေးက ပြန်ပြီး လက်ချောင်းလေးတွေ ထောင်ပြတတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ် ထပ်ခါထပ်ခါ သင်ပေးရင် မကြာမီ ကလေးက သူ့ အသက် မေးရင် လက်ချောင်းလေး ထောင်ပြီး ပြန်ဖြေတတ်လာ ပါလိမ့်မယ်။ ဒီလို ကလေးက ပြန်ဖြေနိုင်တဲ့ အခါမျိုးမှာ “သားသားမှန်တယ်” ဆိုပြီး ပြောဖို့လဲ မမေ့ပါနဲ့။ ဒီလို သင်တဲ့ အခါ အရေးကြီးတာကတော့ ကလေးကို ပျော်ရွှင်စေဖို့ ဆိုတာပါပဲ၊ ကလေးက အမှန် မဖြေနိုင်လို့ ဆူတာမျိုး မပြုလုပ်ပါနဲ့။ ကလေးအတွက် စိတ်ဖီစီးမှု မဖြစ်ဖို့ အရေးကြီးပါတယ်။ သင်ပေးလို့ နေ့ချင်းညချင်း ၁၂၃၄ ရေတတ်ဖို့က အဓိက မဟုတ်ပါဘူး။ ဂဏန်းတွေရဲ့ သဘောသဘာဝကို ကလေးနားလည် သွားဖို့က အဓိက ဖြစ်ပါတယ်။ အခြားရောဘယ်လိုနည်းလမ်းတွေနဲ့သင်ပေးလို့ရသေးလဲ အခြားနည်းလမ်းတွေနဲ့လဲ သင်ပေးနိုင်ပါတယ်။ ဥပမာ…

Continue Readingကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ
Read more about the article Tips for Reading together with kids
Tips for Reading together with kids

Tips for Reading together with kids

ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ကလေးက ပုံပြင်ကို ဖတ်နိုင်ရင် ကလေးကို ချီးကျူးပါ။ မဖတ်နိုင်ပေမယ့် ကြိုးစားပြီး ရသလောက် ဖတ်ရင်လဲ ကလေးရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ချီးကျုးပါ။စကားလုံးတွေရဲ့ အသံထွက်တွေကို ကလေးက မထွက်နိုင်တဲ့ အခါမျိုးမှာ စကားလုံးရဲ့ ပထမဆုံး အသံထွက်ကို ပြောပြပြီး ကလေးကို Hint ပေးပါ။ ဒါမှမဟုတ် စကားလုံးရဲ့ အသံထွက် တစ်ခုချင်းစီကို ကလေးကို ပေါင်းခိုင်းပါ။ အဓိပ္ပါယ်ကို ပြောပြဖို့လဲ မမေ့ပါနဲ့။နောက်နေ့မှာလဲ ဒီပုံပြင်ကို ပြန်ဖတ်ပါ။ အနည်းဆုံး ပုံပြင်တစ်ပုဒ်ကို နှစ်ခေါက်တော့ ရအောင် ဖတ်ပါ။ များများဖတ်လေ စကားလုံးတွေကို ကလေးက များများ စွဲလေ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် စာဖတ်နိုင်တယ် ဆိုတာ အလွန်ဂုဏ်ယူဖွယ်ရာ ဖြစ်လို့ စာဖတ်နိုင်တာကို သူသိရင် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်မှု စွမ်းအားလဲ တိုးတက်လာပါလိမ့်မယ်။

Continue ReadingTips for Reading together with kids
Read more about the article ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ
ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ကူးဉါဏ် ကွန့်မြူးမှုကို အထောက်အကူ ပြုပါတယ်။

ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု အသက်တွေကြီးလို့ ကျွန်မကိုယ်တိုင် အဖွားဖြစ်လာ တာတောင်မှပဲ အဲ့ဒီတုန်းက အဖိုးပြောပြခဲ့တဲ့ ပုံပြင်တွေကို မှတ်မိနေတုန်းပါပဲ။ ကလေးဘဝတုန်းက ပုံပြင်တွေ နားထောင်ရင်းနဲ့ ကျွန်မဟာ စကားလုံး အသစ်တွေကို သင်ယူခဲ့ရတာကို အဲ့ဒီတုန်းကတော့ သတိမထား မိခဲ့ပါဘူး။ ဒီလို စကားလုံး အသစ်တွေ သင်ယူရင်နဲ့ ဒီစကားလုံးတွေရဲ့ အသုံးပြုပုံတွေကိုလဲ ကျွန်မကိုယ်တိုင် သတိမပြုမိပဲ သင်ယူခဲ့ ရပါတယ်။ ဒီပုံပြင်တွေကနေ အတွေးအမြင်သစ်တွေ ရရှိခဲ့တာ၊ ဘဝသင်ခန်းစာတွေ ရရှိခဲ့တာကိုလဲ အဲ့ဒီတုန်းကတော့ သတိမထား မိခဲ့ပါဘူး။ ပုံပြင်စာအုပ်ကောင်း တစ်အုပ်ဟာဆိုရင် ဖတ်နေရင်း လက်ကမချချင်အောင်၊ တစ်မျက်နှာ ဖတ်ပြီးသွားရင် နောက်တစ်မျက်နှာ ဆက်ဖတ်ချင်အောင် ကလေးတွေကို ဆွဲဆောင်နိင်စွမ်း ရှိပါတယ်။ ကျွန်မတို့ စာဖတ်သူတွေဟာ ပုံပြင်ထဲက ဇါတ်လိုက်က နောက်ဘာဆက်ဖြစ်မလဲ၊ ဒီဇါတ်ကောင်တွေ ဘာတွေလုပ်မလဲ၊ ဘာတွေပြောသလဲ ဆိုတာတွေကို သိချင်အောင် စွဲဆောင်နိုင်စွမ်း ရှိကြပါတယ်။ စာဖတ်သူတွေမှာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသထွက်ခြင်း၊​ကြောက်ရွှံ့ခြင်း အစရှိတဲ့ စိတ်ခံစားမှု တွေကိုလဲ​ပုံပြင်ဖတ်နရင်း ခံစားရပါတယ်။ ဒါဘာကြောင့်လဲ ဆိုတော့ ပုံပြင်ကောင်းတွေဟာ စာဖတ်သူတွေကို ပုံပြင်စာအုပ်ထဲကို ဆွဲခေါ်သွား နိုင်လို့ပါပဲ။ လက်တွေ့ ပြင်ပလောကထဲကလိုပဲ ပုံပြင်ထဲက ဇါတ်ကောင်တွေကို နှစ်သက်မှု၊ မနှစ်သက်မှု အစရှိတဲ့ ခံစားမှုတွေလဲ ဖြစ်ပေါ်လာစေပါတယ်။ တစ်ခါတစ်လေလဲ ကိုယ့်ကိုယ်ကိုယ် ပုံပြင်ထဲက ဇါတ်ကောင်နေရာမှာ ထားပြီး ခံစားဖတ်ရှု မိပါတယ်။ ပုံပြင်ထဲက ဇါတ်ကောင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးနဲ့…

Continue Readingပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ
Read more about the article ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ
ကလေးတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အကြား စာဖတ်သင့်ပါတယ်။

ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ - ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ - ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ ထောက်ပြပါတယ်။ အကယ်လို့ ဖတ်ရခက်တဲ့ (သူ့စာဖတ်နိုင်တဲ့ အဆင့်ထက် အများကြီး မြင့်တဲ့) စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ကြိုးစားဖတ်တာဟာ လွယ်ကူတဲ့ စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ဖတ်သလောက် စာလုံးရေ များများ ဖတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီ ၁၅ - ၂၀ မိနစ်ဆိုတာ ပညာရှင်တွေက ဖတ်သင့်တယ်လို့ အကြံပြုထားတဲ့ ပြင်ပစာပေ ဖတ်ရှုချိန် ဖြစ်ပေမယ့်လို့ အကယ်လို့ သင့်ကလေးက စာဖတ်ရတာ ဝါသနာ ပါတယ်ဆိုရင် ဒီထက်ပိုပြီး အချိန်ကြာကြာ ဖတ်ရှုဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကလေးကို အရမ်း စိတ်ပင်ပန်းအောင်တော့ အတင်းအကြပ် အချိန်အကြာကြီး စာဖတ်အောင် တွန်းအားပေးတာမျိုး မလုပ်ဖို့လဲ ထောက်ပြကြပါတယ်။ စာစဖတ်စ ကလေးတွေအနေနဲ့ စာကို အကြာကြီး ဖတ်နိုင်ဖို့ဆိုတာ အလေ့အကျင့် လိုအပ်ပါတယ်။ စာစဖတ်စ ကလေးတွေဟာ တစ်ယောက်ထဲ စာဖတ်ရတာထက် အခြားတစ်ယောက်ကို ဖတ်ပြရတာမျိုးကို ပိုပြီး စိတ်ဝင်စားကြတယ်လို့ ကလေးပညာရှင်တွေက ထောက်ပြပါတယ်။ ဒါကြောင့် သင့်ကလေး စာဖတ်တာကို နေ့စဉ် အချိန်ပေးပြီး နားထောင်ပေးဖို့ အကြံပြုကြပါတယ်။ ဒီလိုနားထောင်တဲ့အတွက် ကလေးကိုလဲ အားပေးရာ ရောက်ပါတယ်။ နောက်တစ်ခုကတော့ စာစဖတ်စ ကလေးတွေအတွက် စာဖတ်ရတယ်ဆိုတာ တကယ့်အားထုတ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစာဖတ်တဲ့ အချိန်မှာ ကလေးကို အနှောက်အယှက် ဖြစ်စေမယ့် စကားအကျယ်ကြီး ပြောတာမျိုး၊…

Continue Readingကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ
Read more about the article ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ
ကလေးတွေကို အင်္ဂလိပ်လို ပြောဖို့ အားပေးရာမှာ မိဘတွေဟာ အရေးပါတဲ့ အခန်းက ပါဝင်ပါတယ်။

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြီး ပြောခိုင်းပါလို့ ကိန်းဘရစ် တက္ကသိုလ်က ကလေးစာပေ သင်ကြားရေး ပညာရှင်တွေက အကြံပြုပါတယ်။ ဥပမာ ကလးကို ဝမ်းနည်းတဲ့ မျက်နှာပေးနဲ့ ပြောခိုင်းတာ၊ ပြီးဝမ်းသာတဲ့ မျက်နှာပေးနဲ့ ပြောခိုင်းတာ၊ သီချင်းဆိုတဲ့ ပုံနဲ့ ပြောခိုင်းတာ၊ အိပ်ငိုက်နေ သလိုမျိုး ပုံနဲ့ ပြောခိုင်းတာ အစရှိ သဖြင့်ပေါ့။ ကလေးက ဒီလိုအမူအရာ အက်တင်တွေ လုပ်ဖို့ အာရုံစိုက်နေတဲ့အတွက် သူအင်္ဂလိပ်လို ပြောရမှာ စိုးရိမ်နေတာကို မေ့လျော့သွားနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီနည်းကို လက်တွေ့စမ်းသပ်ပြီး အောင်မြင်မှုရတဲ့အတွက် စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။ကလေးက အင်္ဂလိပ်လို ပြောတဲ့အခါ စပြောစမှာ အမှားပါမှာပဲ။ ဒီအခါ မိဘလုပ်သူက အမှားတွေ့တိုင်း ပြင်ပေးချင်စိတ် ဖြစ်လာပါတယ်။ သင်ကြားရေး ပညာရှင်တွေကတော့ ကလေးပြောတဲ့ အမှားတိုင်းကို ပြင်မပေးပါနဲ့လို့ အကြံပြုပါတယ်။ အထူးသဖြင့် ကလေးက အင်္ဂလိပ်လို ပြောနေတုန်းမှာ မှားရင် သူပြောတာကို ဖြတ်ပြီး မပြင်ပေးပါနဲ့တဲ့။ ကလေးပြောပြီးတဲ့ အထိ ပြီးအောင်စောင့်ပါ။ ပြီးတော့မှ ဝါကအမှန်ကို ပြန်ပြင်ပြောပြပြီး ကလေးကို လိုက်ဆိုပါစေတဲ့။ “ဒီလိုမဟုတ်ဘူး (Not like that)” တို့ “ဒါမှားနေတယ် (this is wrong)” တို့ဆိုတာမျိုးတွေကို ဘယ်တော့မှ မပြောပါနဲ့တဲ့။ ဒီအစား “ဒီလိုပြန်ပြော ကြည့်ရအောင် (Let’s try it again)” ဆိုတာမျိုး ပြောပြီး ပြင်ပေးပါတဲ့။ ဘာသာစကား…

Continue Readingကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ
Read more about the article ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ
ပုံပြင်တွေဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးရေး အတွက် အရေးပါပါတယ်။

ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ် ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ ငါစာကောင်းကောင်း ဖတ်နိုင်တယ်ဆိုပြီး ကိုယ့်အစွမ်းအစကို ယုံကြည်မှု ရလာပါတယ်။ ကျောင်းစာမှာလဲ စာဖတ်အားကောင်းတဲ့အတွက် အလွယ်တကူ လိုက်နိုင်ပါတယ်။ နောက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ယုံကြည်မှု ရှိဖို့ အထောက်အကူ ပြုတဲ့ အချက်တစ်ချက်ကတော့ ဒီလူ့ပတ်ဝန်းကျင်မှာ ကိုယ်ကဘယ်အခန်းက ပါဝင်လဲ ဆိုတဲ့ သိနားလည်မှုပဲ ဖြစ်ပါတယ်။ ဒီလိုကိုယ့်ရဲ့ အခန်းကို ရှာဖွေတွေ့ရှိ အောင်လို့ ပုံပြင်စာအုပ်တွေက ကလေးတွေကို အခြားသူတွေရဲ့ အကြောင်းအရာတွေနဲ့ အခြားနိုင်ငံတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မိတ်ဆက်ပေးခြင်းအားဖြင့် ကူညီပေးပါတယ်။ ဘာသာစကားကို ကျွမ်းကျင်လာစေတယ်၊ ကလေးတွေကိုလဲ ဘဝသင်ခန်းစာတွေ သင်ကြားပေးနိုင်တယ် ပုံပြင်တွေဟာ ကလေးတွေကို စကားလုံးအသစ်တွေနဲ့ မိတ်ဆက်ပေးသလို စကားလုံးတွေ၊​ ဝါကျတွေ ဖွဲ့စည်းတည်ဆောက်ပုံ၊ သုံးစွဲပုံတွေကိုလဲ သင်ကြားပေး နိုင်ပါတယ်။ ကလေးငယ်ငယ်မှာ ရုပ်ပုံစာအုပ်တွေကစလို့ ဆယ်ကျော်သက်မှာ ဝတ္ထုစာအုပ်တွေနဲ့ ထိတွေ့တဲ့ အချိန်အထိ ကလေးတွေကို စကားလုံးတွေ၊ စာအရေးအသားတွေနဲ့ တဆင့်ချင်း မိတ်ဆက်ပေး သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေကို ပုံပန်းတွေ၊ အရွယ်အစား၊ အကြီးအသေး အနိမ့်အမြင့် နှိုင်းယှဉ်မှု၊ အရောင်တွေ၊ ဂဏန်းတွေ၊ အရာဝတ္ထုတွေရဲ့ အမည်တွေ၊ ကြိယာ (verb) တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါဟာ အင်္ဂလိပ်စာလို မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကားတစ်ခုကို လေ့လာရာမှာ အလွန်အရေးပါပါတယ်။ ကလေးတွေကို နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုလဲ သင်ပေးနိုင်ပါတယ်။ ဥပမာ သွားတိုက်တာ၊ ရေချိုးသန့်စင်တာ၊…

Continue Readingဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ
Read more about the article ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ
ကလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးရေး အတွက် ကလေးတွေကို ငယ်ငယ်ကတဲက စလို့ ပုံမှန် စာဖတ်ပြသင့်ပါတယ်။

ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် ကလေးတွေကို စာကျယ်ကျယ် ဖတ်ပြခြင်းအားဖြင့် သူတို့ရဲ့ ဦးဏှောက်ထဲက စကားလုံးတွေ နားလည်နိုင်မှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းနဲ့ စိတ်ကူးဉာဏ် ကွန်းမြူးမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းတွေဟာ ပိုမိုအလုပ်လုပ် ပြီး အားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒီလို စာဖတ်ပြခြင်း ခံရတဲ့ ကလေးတွေ ကျောင်းတက်လို့ စာစသင်တဲ့ အခါမှာ စကားလုံးတွေကို နားလည်နိုင်စွမ်းနဲ့ စာကြောင်းတွေ နားလည်နိုင်စွမ်း အားကောင်းလို့ စာဖတ်သင်ရတာ ပိုလွယ်တယ်လို့ ဆိုကြပါတယ်။ ကလေးတွေကို စာဖတ်ပြရာမှာ ဘယ်အရွယ်ကမဆို စတင်ဖတ်ပြ နိုင်ပါတယ်။ ကလေးမွေးကင်းစ လသားအရွယ်ကတဲက စတင်ဖတ်ပြခြင်းအားဖြင့် ကလေးရဲ့ စကားလုံးတွေ နားလည်နိုင်စွမ်းအား ကောင်းလာနိုင်တယ်လို့တောင် အချို့ကလေး ဖွံ့ဖြိုးမှု ပညာရှင်တွေက ဆိုကြပါတယ်။ အထူးသဖြင့် ကလေးကို ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကား တစ်ခုခုမှာ ထူးချွန်စေချင်ရင် (ဥပမာ အင်္ဂလိပ်စာ ထူးချွန်စေချင်ရင်) ဒီဘာသာစကားနဲ့ ရေးသားထားတဲ့ ပုံပြင်နဲ့ အခြားစာအုပ်တွေကို ကလေးစ စကားမပြောတတ်မီ အချိန်ကတဲက ပုံမှန်ဖတ်ပြနေရင် ဒီဘာသာစကားကို သင်တဲ့အခါမှာ ပိုမိုလွယ်ကူနိုင်တယ်လို့ ဆိုကြပါတယ်။ အောက်မှာ ကလေးကို အသံကျယ်ကျယ်နဲ့ စာဖတ်ပြသင့်တဲ့ အကြောင်း (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) စာဖတ်နိုင်အားကို ကောင်းစေတယ် စာဖတ်ခြင်းကြောင့် စာဖတ်နှုန်း မြန်လာစေသလို စကားလုံးတွေကို မှတ်မိမှု၊ စကားလုံးတွေကို နားလည်မှုလဲ တိုးတက်လာပါတယ်။ ဒါ့အပြင် ဒီစကားလုံးတွေရဲ့ အသုံးအနှုံး (usage) လဲ နားလည်သဘောပေါက်လာစေပါတယ်။…

Continue Readingဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ
Read more about the article အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ
ကလေးအသက် ၃ နှစ်လောက်က စပြီး စာဖတ်ဖို့ သပြီး သင်ပေးလို့ ရပါပြီ။

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် ဆိုတာမျိုး မသတ်မှတ်ပဲ ကလေး ပျော်သလောက် ပေးဖတ်ဖို့ လိုပါတယ်။ ကလေးက မဖတ်ချင်တာကို အတင်း ဖတ်ခိုင်း၊ ဖတ်ပြနေရင် ကလေးက စာဖတ်ရမှာ မုန်းသွားပါလိမ့်မယ်။ ကလေးတွေ ကိုယ်တိုင် စာစမဖတ်ခင်မှာ ပထမ အဆင့်အနေနဲ့ ကလေးဟာ သူများဖတ်ပြတာကို နားထောင်တတ်တဲ့ အကျင့်ရဖို့ လိုပါတယ်။ ကလေးကို ပုံပြင်လေးတွေ ပြောပြတာ၊ ကလေး ကဗျာလေးတွေ ဖတ်ပြတာ၊ ကလေးသီချင်းလေးတွေ ဆိုပြတာတွေ ကို ကလေးငယ်စဉ်ကတဲက ပုံမှန်အလေ့အကျင့် လုပ်လာဖို့ လိုပါတယ်။ စာအုပ်လေးတွေနဲ့ ကစားစေတာ၊ စာအုပ်ထဲက ပုံလေးတွေ ပြတာတွေ၊ ဒီ့ထက်နဲနဲ ကြီးလာရင် ပုံလေးတွေ ဆေးရောင်ချယ်တာတွေ စတဲ့ ကစားနည်းတွေကို ကစားစေခြင်းဖြင့် ကလေးတွေကို စာအုပ်နဲ့ ယဉ်ပါးလာအောင် လုပ်ပေးဖို့ လိုပါတယ်။ စာစဖတ်ဖို့ ကလေးတွေမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိဖို့လိုမလဲ ကလေးတွေကို စာစဖတ်ဖို့ လေ့ကျင့်သင်ကြားပေးတော့မယ်ဆိုရင် အောက်ပါစွမ်းဆောင်ရည်တွေ ရှိနေဖို့ လိုပါတယ်။ စာအုပ်တွေနဲ့ ကစားရတာ၊ စာအုပ်တွေကို ကိုင်တွယ်ရတာ ပျော်မယ်။သူတို့နာမည်ကို သူတို့သိမယ်။လွယ်ကူတဲ့ စာလုံးလေးတွေနဲ့ သူတို့ရဲ့ ရုပ်ပုံလေးတွေကို ဆက်နွယ်တတ်မယ် ဥပမာ၊ Mum ဆိုတာကို အမေနဲ့ ဆက်စပ်ပြတတ်မယ်၊ cat ဆိုတာကို ကြောင်နဲ့ ဆက်စပ်ပြတတ်မယ်။သိပ်အများကြီး သိဖို့ မလိုပါဘူး။ အဓိကက ဒီလိုဆက်စပ်တတ်တဲ့ အရည်အချင်း ရှိဖို့ပဲ လိုပါတယ်။အချို့စကားလုံးတွေရဲ့ အသံထွက်တွေကို သိမယ်စာဖတ်လိုတဲ့ စိတ်ရှိမယ်မှတ်နိုင်စွမ်းအား ရှိမယ်။…

Continue Readingအသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ
Read more about the article ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်
ကလေးတွေကို ဖလက်ရှ်ကတ် လေးတွေသုံးပြီး အင်္ဂလိပ်စာ သင်ပေးတာဟာ အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

ဒီတစ်ပါတ်တော့ ပထမဆုံး ဖိုးနစ် သင်ခန်းစာအနေနဲ့ ကျောင်းစမနေသေးတဲ့ သင့်ကလေးကို ဖိုးနစ်အသံထွက်တွေနဲ့ နီးစပ်အောင် ဘယ်လိုစ သင်ကြား ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဘာမှ အထူတလယ် ကုန်ကျစရာ မလိုပါဘူး။ ကတ်ထူပြားလေးတွေပေါ်မှာ ရောင်စုံခဲတံ နဲ့ A, B, C ရေးပြီး သင်တာပါ။ ဒီကတ်လေးတွေကို Flash Card ဖလက်ရှ်ကတ် တွေလို့ ခေါ်ပါတယ်။ အိမ်မှာ ငွေမကုန်ပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဖလက်ရှ်ကတ်လေးတွေလုပ်ပါ ပထမဆုံး လိုတာက ဖလက်ရှ်ကတ်တွေပါ။ ဆိုင်က ကတ်ထူစက္ကူပြားတွေ ဝယ်ပြီး ဖဲချပ်အရွယ်လေးတွေ ညှပ်လိုက်ပါ။ ပြီးရင် ရောင်စုံခဲတံနဲ့ အေကနေ ဇက်အထိ (A – Z) တစ်ကတ်ကို စာလုံးတစ်လုံး ချရေးပါ။ ကလေးတွေ စိတ်ဝင်စားအောင် အရောင်စုံ လေးတွေ ကာတွန်းပုံ လေးတွေ ဆွဲပေးနိုင်ရင် ပိုကောင်းပါတယ်။ အိမ်မှာ ပရင်တာရှိရင် အင်တာနက်ကနေ ဖလက်ရှ်ကတ်တွေ ဒေါင်းလုပ်လုပ်ပြီး ကတ်ထူပေါ်မှာ ပရင်လုပ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့်ဟာကိုယ် ဖလက်ရှ်ကတ်လေးတွေ ဆွဲမယ်ဆိုရင် ကလေးနဲ့ အတူ ပံလေးတွေဆွဲ၊ အရောင်လေးတွေ ခြယ်ရင် ကလေးလဲ ပိုစိတ်ဝင်စားပါလိမ့်မယ်။ ABC flash cards လေးတွေ အရင်လုပ်ပါ ဖလက်ရှ်ကတ်တွေကို ရောလိုက်ပြီး ကလေးကို သင်ပေးပါ ဖလက်ရှ်ကတ် လေးတွေကို တစ်ကတ်ချင်းစီ ထောင်ပြပြီး ကလေးကို သင်ပေးပါ။ စကားလုံး အမည်ရော အသံထွက်ရော သင်ပေးပါ။ ဥပမာ B ကို ပြပြီး B – ba လို့ ပြောပြီး သင်ပေးပါ။ သင့်ကလေးကို လိုက်ရွတ်ခိုင်းပါ။ နောက်အခါတွေကျရင် ကလေးကိုဘာလဲ မေးပြီး သူမမှတ်မိရင်၊ မမှန်ရင် ပြန်ပြင်ပေးပါ။ တစ်နေ့ကို စကားလုံး ၄-၅ လုံးလောက်နဲ့ နည်းနည်းစီ သင်ပေးသွားပါ။ အသံထွက်တွေ သေသေချာချာ သိချင်ရင် အောက်က ဗီဒီယိုထဲမှာ လေ့လာကြည့်ပါ။ ဖလက်ရှ်ကတ်တွေကို တစ်ခုချင်းစီ ထောင်ပြပြီး အသံထွက်တွေ သင်ပေးပါ။ https://vimeo.com/43954459 ကလေးတွေကို ABC သင်ဖို့ နည်းလမ်းတွေပါ နှစ်လုံးတွဲ အသံထွက်တွေ သင်ပေးပါ စကားလုံး ၂၆ လုံးကို အသံထွက် နှင့်တကွ သင့်ကလေး ပိုင်ပိုင်နိုင်နိုင်…

Continue Readingဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်

အခုတလော နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်ကြားနည်း အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ ဒီဖိုးနစ်နည်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ စတင်သုံးစွဲ လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃- ၄ နှစ် လောက်ကစလို့ နိုင်ငံတကာ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာ ကြပါတယ်။ ဒီဖိုးနစ်နည်း ဆိုတာဘာလဲ။ ဘယ်လို သင်ရမှာလဲ။ ဘာသင်ကြားရေး ပစ္စည်းတွေ လိုမလဲ။ ဒီနည်းနဲ့ ကိုယ့်ခလေးကို အင်္ဂလိပ်စာ သင်ရင် ဘယ်လောက်ကုန်မှာလဲ။ အိမ်မှာရော သင်လို့ ရမလား။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ရော ကိုယ့်ကျောင်းသားတွေကို သင်ပေးလိုရင် ဘယ်လိုသင်ရမလဲ အစရှိတာတွေကို ရှင်ပြသွားမှာ ဖြစ်ပါတယ်။ ဖိုးနစ်နည်းဆိုတာ ဘာလဲ ဖိုးနစ်နည်းဆိုတာ စာဖတ်စာရေးသင်တဲ့ နေရာမှာ စာလုံးပေါင်းတွေကို မှတ်သားပြီး သင်တာ မဟုတ်ပဲ စာလုံးတွေရဲ့ အသံထွက်တွေကို အဓိက မှတ်သားပြီး သင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရှေးရိုးစဉ်လာ အင်္ဂလိပ်စာ သင်ရာမှာ စာလုံးပေါင်းတွေကို အလွတ်ကျက်မှတ်တဲ့ နည်းလမ်းနဲ့ သင်ကြားခဲ့ ကြပါတယ်။ ဒီဖိုးနစ်နည်းမှာတော့ စာလုံးပေါင်းတွေ အလွတ် ကျက်မှတ်တာကို အားမပေးပါဘူး။ ဒီ့အစား စာလုံး (alphabet) တစ်လုံးချင်းစီရဲ့ အသံထွက်တွေကို နားလည်အောင် သင်ကြားပေးပါတယ်။ ဥပမာ၊ B ကို “ဘီ” လို့ မသင်ပဲ သူ့ရဲ့ အသံထွက် “ဘ” လို့ သင်ပါတယ်။ “C” ဆိုရင် “စီ” လို့မသင်ပါဘူး၊ “Ka” “ခ” လို့ သင်ပါတယ်။ “I” ဆိုရင် “အစ်”၊ “A” ကို “အက်”၊ ဒီလိုသင်တာပါ။ ဒီနည်းနဲ့ သင်ကြားပေးတဲ့ ကလေးတွေဟာ စာလုံးပေါင်းတွေ အလွတ်မရ ပေမယ့်လဲ စကားလုံးတွေကို အသံထွက် ဖတ်နိုင်ကြပါတယ်။ ဖိုးနစ်နည်းနဲ့ စာဖတ်သင်တဲ့ ကလေးတွေဟာ စာတွေကို အလွယ်တကူ ဖတ်နိုင် တဲ့အတွက် အခြားကလေးတွေထက် စာဖတ်အား ပိုကောင်းကြပါတယ်။ ဘာ့ကြောင့် ဖိုးနစ်နည်းနဲ့ စာသင်သင့်သလဲ ဖိုးနစ်နဲ့ သင်တဲ့ အတွက် သင့်ကလေးဟာ စာလုံးပေါင်းတွေကို အသံထွက် မှန်မှန် ထွက်တတ် လာပါတယ်။ ဒါ့အပြင် စာလုံးပေါင်း အလွတ်ကျက်တာ မဟုတ်တဲ့…

Continue ReadingPhonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်