Read more about the article Oxford Reading Tree
အင်္ဂလိပ်စာဖတ် စသင်ခါစ ကလေးတွေအတွက် Oxford Reading Tree က အထူးသင့်လျော်ပါတယ်။

Oxford Reading Tree

ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာသင်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးဖို့ လိုပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တဲ့ နေရာမှာ တွေရာစာအုပ်တွေ လျှောက်ပေးဖတ်နေမယ့်အစား ကလေးရဲ့ အသက်၊ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို တဆင့်ချင်း ပေးဖတ်သွားတာဟာ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်တိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလို အဆင့်အလိုက် အင်္ဂလိပ်စာ စာအုပ်တွေ အဆင့်သတ်မှတ်ရာမှာ Oxford Reading Tree ဟာ နံမည်ကျော်ပါတယ်။ အင်္ဂလန်က အစိုးရ မူလတန်းကျောင်း ၈၀% လောက်ဟာ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ ဒီ Oxford Readig Tree Grading System ကို အသုံးပြုကြပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာလဲ ဒီ Oxford Reading Tree စနစ်ကို အသုံးပြုပြီး ကလေးတွေအတွက် အင်္ဂလိပ်စာ စာအုပ်တွေ ကို အဆင့်သတ်မှတ်ကြပါတယ်။ ဒီ Oxford Reading Tree စနစ်နဲ့ တိုက်ပြီး ထုတ်ဝေတဲ့ ကလေးအင်္ဂလိပ်စာအုပ်ပေါင်း စုစုပေါင်း အုပ်ရေ ၈၀၀ ကျော်ရှိပါတယ်။ စာအုပ်အားလုံးလိုလိုဟာ အုပ်ရေသိန်းချီရိုက်နှိပ်ထုတ်ဝေရအောင် နံမည်ကျော် လူကြိုက်များတဲ့ စာအုပ်တွေ ဖြစ်ကြပါတယ်။ ဒီစနစ်နဲ့ ထုတ်ဝေတဲ့ နာမည်ကျော် ကလေးစာအုပ်တွဲတွေကတော့ Floppy's Phonics Biff, Chip and Kipper Traditional Tales Songbirds Phonics inFact နဲ့ Story Sparks တို့ပဲဖြစ်ကြပါတယ်။ Oxford Reading Tree ကို အသက် ၄ နှစ်ကနေ ၇ နှစ်ထိ ကလေးတွေအတွက် ရည်ရွယ်တာဖြစ်ပြီး အဆင့် ၃ ဆင့် သတ်မှတ်ထားပါတယ်။ အဲ့ဒီအဆင့်တွေကတော့ အသက် ၄ နှစ်ကနေ ၅ နှစ်ကြား Year: Reception အင်္ဂလိပ်စာ စတင်သင်ကြားစ ကလေးတွေအတွက် ရည်ရွယ်ပါတယ်။ ဒီ အဆင့်မှာ အဆင့် ၄ ဆင့် ထပ်ခွဲထားပါတယ်။ အဆင့်တိုင်းကို အရောင်တွေနဲ့ ခွဲခြားပြီး သတ်မှတ်ထားပါတယ်။ Band: Lilac (ခရမ်းနုရောင်) | Oxford Level: 1 Band:…

Continue ReadingOxford Reading Tree