Read more about the article Rivet: Free English Books For Kids
Rivet: Better Reading Practice

Rivet: Free English Books For Kids

ဒီတစ်ခေါက်တော့ အင်တာနက် ပေါ်မှာ English children books တွေကို free ရနိုင်တဲ့ App လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကလေး စာအုပ် လေးတွေကို တရားဝင် (ခိုးကူးမဟုတ်ပဲ) ကလေးတွေ ဖတ်ရှုနိုင်မယ့် App လေးပါ။ ဒီ App လေးကို Google ကနေ ငွေကြေးထောက်ပံ့မှုနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကလေး စာအုပ်ပေါင်း ၃၅၀၀ ကျော် ရှိပြီး နေ့စဉ် စာအုပ် အသစ်တွေ တိုးပွားလာနေပါတယ်။ App ရော စာအုပ် အားလုံးရောက FREE ပါ။ Non-profit ဖြစ်တဲ့အတွက် App မှာ မျက်စေ့နောက်စရာ ကြော်ငြာတွေလဲ မပါပါဘူး။ Google က ဖန်တီးတာ ဖြစ်လို့ ကွာလတီကလဲ ရှယ်ကောင်းပါတယ်။ ဒီ App လေးရဲ့ အမည်ကတော့ Rivet ပါ။ နာမည် အပြည့်အစုံကတော့ Rivet: Better Reading Practice ဖြစ်ပါတယ်။ ဒီ App ကို iOS အတွက် App Store ပေါ်ကနေ အခမဲ့ ဒေါင်းနိုင်ပြီး Android ဖုန်းတွေ အတွက်တော့ Google Play Store ကနေ ဒေါင်းနိုင်ပါတယ်။  App ကို အသုံးပြုဖို့ register မှတ်ပုံတင်စရာ မလိုပေမယ့် မှတ်ပုံတင် ထားခြင်းဖြင့် ကလေး တစ်ယောက်ထက်ပိုရင် profile ခွဲထားနိုင် သလို မိမိကလေးရဲ့  progress ကိုလဲ မှတ်သားထားနိုင်မှာ ဖြစ်လို့ မှတ်ပုံတင်ထားတာက ကလေးအတွက် ပိုအကြိုးဖြစ်ထွန်းစေပါတယ်။ Reading level ကို ၈ ပိုင်း ခွဲခြားထားပါတယ်။ Level 1 က စာစဖတ်ကာစ ကလေးတွေအတွက် ဖြစ်ပြီး Level 8 ကတော့ Intermediate level လောက် ရှိမယ်ထင်ပါတယ်။ မြန်မာပြည် ကျောင်းတွေက ကလေးတွေ အတွက်ကတော့ ၁ တန်းကနေ ၈ တန်းလောက် level ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အထက်တန်း ကျောင်းသားတွေ အတွက်လဲ English စာ လေ့ကျင့်ဖို့ အသုံးဝင်ပါတယ်။ အသံထွက် မသိတဲ့…

Continue ReadingRivet: Free English Books For Kids
Read more about the article Tips for Reading together with kids
Tips for Reading together with kids

Tips for Reading together with kids

ကလေးတွေအတွက် စာဖတ်ရတာကို ပျော်ရင် ဘာသာစကား သင်ရတာလဲ ပိုပြီး လွယ်ကူလာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို စာဖတ်ဖို့ အားပေးတဲ့ အခါမှာဖြစ်ဖြစ်၊ အတူတူ စာဖတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကလေးအတွက် စာဖတ်ရတာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးအတွက် စာဖတ်ရတာ စိတ်ဝင်စား စရာဖြစ်အောင် ဖန်တီးဖို့ အောက်မှာ tips လေးတွေကို အကြံပြု ထားပါတယ်။ မျက်နှာဖုံးက ပုံပြင်စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ရုပ်ပုံတွေကို အတူကြည့်ပြီး ပုံပြင်က ဘာအကြောင်း ဖြစ်မလဲ ဆိုတာ အတူစဉ်းစားပါ။ပုံပြင်ကို အတူဖတ်ပါ။ ကလေးက ကောင်းကောင်း မဖတ်နိုင်ခင်မှာ သူဖတ်နိုင်သလောက် ဖတ်ခိုင်းပြီး သူမဖတ်နိုင်တဲ့အခါ ကိုယ်က ဝင်ကူပြီး ဖတ်ပေးပါ။ကလေးက ပုံပြင်ကို ဖတ်နိုင်ရင် ကလေးကို ချီးကျူးပါ။ မဖတ်နိုင်ပေမယ့် ကြိုးစားပြီး ရသလောက် ဖတ်ရင်လဲ ကလေးရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ချီးကျုးပါ။စကားလုံးတွေရဲ့ အသံထွက်တွေကို ကလေးက မထွက်နိုင်တဲ့ အခါမျိုးမှာ စကားလုံးရဲ့ ပထမဆုံး အသံထွက်ကို ပြောပြပြီး ကလေးကို Hint ပေးပါ။ ဒါမှမဟုတ် စကားလုံးရဲ့ အသံထွက် တစ်ခုချင်းစီကို ကလေးကို ပေါင်းခိုင်းပါ။ အဓိပ္ပါယ်ကို ပြောပြဖို့လဲ မမေ့ပါနဲ့။နောက်နေ့မှာလဲ ဒီပုံပြင်ကို ပြန်ဖတ်ပါ။ အနည်းဆုံး ပုံပြင်တစ်ပုဒ်ကို နှစ်ခေါက်တော့ ရအောင် ဖတ်ပါ။ များများဖတ်လေ စကားလုံးတွေကို ကလေးက များများ စွဲလေ ဖြစ်ပါတယ်။ ကလေးတစ်ယောက်အတွက် စာဖတ်နိုင်တယ် ဆိုတာ အလွန်ဂုဏ်ယူဖွယ်ရာ ဖြစ်လို့ စာဖတ်နိုင်တာကို သူသိရင် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်မှု စွမ်းအားလဲ တိုးတက်လာပါလိမ့်မယ်။

Continue ReadingTips for Reading together with kids
Read more about the article ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ
ကလေးတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အကြား စာဖတ်သင့်ပါတယ်။

ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ - ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ - ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ ထောက်ပြပါတယ်။ အကယ်လို့ ဖတ်ရခက်တဲ့ (သူ့စာဖတ်နိုင်တဲ့ အဆင့်ထက် အများကြီး မြင့်တဲ့) စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ကြိုးစားဖတ်တာဟာ လွယ်ကူတဲ့ စာအုပ်တစ်အုပ်ကို မိနစ် ၂၀ လောက် ဖတ်သလောက် စာလုံးရေ များများ ဖတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီ ၁၅ - ၂၀ မိနစ်ဆိုတာ ပညာရှင်တွေက ဖတ်သင့်တယ်လို့ အကြံပြုထားတဲ့ ပြင်ပစာပေ ဖတ်ရှုချိန် ဖြစ်ပေမယ့်လို့ အကယ်လို့ သင့်ကလေးက စာဖတ်ရတာ ဝါသနာ ပါတယ်ဆိုရင် ဒီထက်ပိုပြီး အချိန်ကြာကြာ ဖတ်ရှုဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကလေးကို အရမ်း စိတ်ပင်ပန်းအောင်တော့ အတင်းအကြပ် အချိန်အကြာကြီး စာဖတ်အောင် တွန်းအားပေးတာမျိုး မလုပ်ဖို့လဲ ထောက်ပြကြပါတယ်။ စာစဖတ်စ ကလေးတွေအနေနဲ့ စာကို အကြာကြီး ဖတ်နိုင်ဖို့ဆိုတာ အလေ့အကျင့် လိုအပ်ပါတယ်။ စာစဖတ်စ ကလေးတွေဟာ တစ်ယောက်ထဲ စာဖတ်ရတာထက် အခြားတစ်ယောက်ကို ဖတ်ပြရတာမျိုးကို ပိုပြီး စိတ်ဝင်စားကြတယ်လို့ ကလေးပညာရှင်တွေက ထောက်ပြပါတယ်။ ဒါကြောင့် သင့်ကလေး စာဖတ်တာကို နေ့စဉ် အချိန်ပေးပြီး နားထောင်ပေးဖို့ အကြံပြုကြပါတယ်။ ဒီလိုနားထောင်တဲ့အတွက် ကလေးကိုလဲ အားပေးရာ ရောက်ပါတယ်။ နောက်တစ်ခုကတော့ စာစဖတ်စ ကလေးတွေအတွက် စာဖတ်ရတယ်ဆိုတာ တကယ့်အားထုတ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစာဖတ်တဲ့ အချိန်မှာ ကလေးကို အနှောက်အယှက် ဖြစ်စေမယ့် စကားအကျယ်ကြီး ပြောတာမျိုး၊…

Continue Readingကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ
Read more about the article ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
ကလေးတွေဖတ် ဖို့ စာအုပ်တွေ ရွေးချယ်ရာမှာ အသက်အရွယ်အလိုက် သင့်တော်တဲ့ စာအုပ်တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး ကဗျာလေးတွေ ရွတ်ဆိုရတာ၊ နားထောင်ရတာကိုလဲ နှစ်သက်ကြပါတယ်။ ရှုပ်ထွေးတဲ့ ဝါကျတွေကို နားလည်နိုင်စွမ်း မရှိသေးတဲ့အတွက် သူတို့ကို ဖတ်ပြမယ့် စာကြောင်းတွေဟာ ရှင်းလင်းလွယ်ကူတဲ့ စာကြောင်းတွေ၊ စကားလုံးတွေ ဖြစ်ဖို့လိုပါတယ်။ စာတွေကို ဖတ်ပြတာထက် စာမပါတဲ့၊ ဒါမှမဟုတ် စာလုံးနဲနဲပဲ ပါတဲ့ ရုပ်ပုံစာအုပ်တွေကို နှစ်သက်ကြပါတယ်။ ဒီလို စာမဲ့ရုပ်ပုံ စာအုပ်တွေဟာ ကလေးတွေရဲ့ ပုံပြောစွမ်းအားနဲ့ စိတ်ကူးကွန့်မြူးမှုစွမ်းအားတွေကိုလဲ အားပေးပါတယ်။ ဒါ့ကြောင့် ဒီအရွယ် ကလေးတွေအတွက် အရောင်အသွေး စိုပြည်တဲ့ ကတ်ထူစာအုပ် (Board Books) တွေနဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ စာအုပ်တွေဟာ ကလေးတွေအတွက် အထူးသင့်လျှော်ပါတယ်။ Board Books မူကြိုအရွယ် (၃ နှစ်က ၅ နှစ်အကြား) ဒီအရွယ်ကလေးတွေဟာ ပိုမိုခက်ခဲတဲ့ စကားလုံးနဲ့ ဝါကျတွေကို စတင်နားလည်နိုင်ပါပြီ။ Activity လေးတွေလုပ်ရတာ၊ ဟန်လုပ်ကစားရတာတွေကိုလဲ နှစ်သက်ကြပါတယ်။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေနဲ့ ပုံထဲက ရုပ်ပုံတွေကို ဆက်စပ်ကြည့်ရတာလဲ ပျော်ရွှင်ကြပါတယ်။ ကလေးကဗျာတွေရွတ်ဆိုရတာ ပျော်ရွှင်ကြပါတယ်။ သူတို့အတွက် လွယ်ကူတဲ့ ပုံပြင်စာအုပ်လေးတွေ၊ Pop Up စာအုပ်တွေ၊ activity တွေပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။ Picture Story Books မူလတန်းအရွယ် (၅ နှစ်က ၈ နှစ်အကြား) ဒီအရွယ် ကလေးတွေဟာ စာဖတ်စသင်တဲ့ အရွယ်တွေ ဖြစ်ပါတယ်။ အစပိုင်းမှာ လွယ်ကူတဲ့ ဝါ…

Continue Readingကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ
Read more about the article သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
ကလေးကို ဘယ်လိုစာဖတ်ပြရမလဲ

သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ

ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။ တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက အကြာကြီး အာရုံစိုက်ပြီး အခြား စာမျက်နှာတွေ၊ ပုံတွေကို စိတ်ဝင်စားချင်မှာ ဝင်စားပါလိမ့်မယ်။ တစ်ခါတစ်လေ ကလေးက စာအုပ်ကို ကိုက်တာ၊ စာအုပ်နဲ့ ကစားတာ လုပ်ပါလိမ့်မယ်။ သူလုပ်ချင်တာ လုပ်ပါစေ။ အဓိကက ကလေးနဲ့ စာအုပ် ယဉ်ပါးဖို့ ဖြစ်ပါတယ်။ ပုံလေးတွေအကြောင်း ပြောပြပါ စာတွေအကုန်လုံး ၏၊ သည်၊ ၍ မလွဲ ဖတ်ပြစရာ မလိုပါဘူး။ ရုပ်ပုံလေးတွေပြပြီး သူတို့ကို ပုံထဲက အကြောင်းတွေ ပြောပြပါ။ ဥပမာ ကြောင်ပုံပြပြီး CAT လို့ ပြောပြပါ။ ပြီးရင် အဲ့ဒီ ကြောင်လေး အကြောင်း ပြောပြပါ။ ဘာအရောင်လဲ၊ ဘာလုပ်နေလဲ စသည်ဖြင့်ပေါ့။ တစ်ခါတစ်လေလဲ သီချင်းဆိုပြပါ။ ကလေးကို သူ့ဖာသာ စာမျက်နှာတွေ လှန်ပါစေ ကလေးငယ်လွန်းရင် စာမျက်နှာတွေ သူ့ဟာသူ မလှန်နိုင် သေးပါဘူး။ ဒါပေမယ့် ကလေးအသက် တစ်နှစ်ခွဲလောက်ဆို စာမျက်နှာတွေ လှန်ချင်ပါလိမ့်မယ်။ ၃နှစ် လောက်ဆို ကောင်းကောင်း စာမျက်နှာတွေ လှန်နိုင်ပါပြီ။ ပေးလှန်လိုက်ပါ။ စုတ်သွား ပြဲသွားမှာ သိပ်စိတ်မပူပါနဲ့။ စာမျက်နှာတွေ ကျော်ဖတ်ရင်လဲ ပြဿနာ မရှိပါဘူး။ စာအုပ်အဖုံးကိုအရင်ပြပါ စာအုပ်အဖုံးက ပုံကို ပြပြီး ကလေးကို ဒါဘာပုံပြင်လဲ ပြောပြပါ။ ကလေး ၃-၄ နှစ် လောက်ဆို သူတို့ကို ဘာပုံပြင် ဖြစ်မလဲ အရင်မေးပါ။ စာလုံးလေးတွေကို ထောက်ပြပါ စာဖတ်ရင်…

Continue Readingသင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ
Read more about the article သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ
ကလေးတွေ စာဖတ်ဝါသနာ ပါအောင် ငယ်ငယ် ကတည်းက ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ

စာဖတ်ခြင်းဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒါပေမယ့် အခုခေတ်မှာ ကလေးတွေဟာ စာဖတ်ဖို့ထက် တီဗီကြည့်ဖို့နဲ့ ဗီဒီယိုဂိမ်း ကစားဖို့ကို ပိုပြီး စိတ်အားသန် ကြပါတယ်။ ကလေးတစ်ယောက်ကို စာဖတ်ခြင်စိတ် ပေါ်လာအောင် လုပ်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ကလေးစာအုပ်ကောင်းတွေလဲ ရှိမယ်၊ မိဘကလဲ လိုအပ်တဲ့ အားပေးမှုလုပ်မယ်ဆိုရင်တော့ ကလေးကို စာဖတ်ချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဖို့ မခက်ခဲလှပါဘူး။ အောက်ပါနည်းလမ်းများနဲ့ ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ကို အဆင့်ဆင့် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ (၁) ကလေးငယ်ငယ် ကတဲကစပြီး သူ့ကို စာဖတ်ပြပါ လူတော်တော်များများဟာ ငယ်ငယ်တုန်းက သူတို့မိဘတွေ သူတို့ကို ယုယုယယ ထွေးပွေ့ပြီး စာဖတ်ပြခဲ့တာကို အသက်ကြီးသည်အထိ မှတ်မိနေကြပါတယ်။ သင့်ကလေးကို ငယ်ရွယ်တုန်းမှာ စာဖတ်ပြတာဟာ သူ့ကို သင်ဘယ်လောက် ချစ်လဲဆိုတာ ကလေးရဲ့ နှလုံးသားထဲ စွဲသွားပြီး တစ်သက်လုံး အမှတ်ရနေစေမှာပါ။ ကလေးကို စာဖတ်ပြခြင်းဖြင့် စာအုပ်တစ်အုပ်ကို ဘယ်လိုကိုင်တွယ်ဖတ်ရှုရမလဲ၊ စာမျက်နှာတွေကို ဘယ်လိုလှန်ရမလဲ ဆိုတာတွေကို ကလေးကို သင်ကြားပေးသလို၊ စာလုံးတွေဟာ စကားလုံးတွေနဲ့ အဓါပ္ပါယ်တွေကို သယ်ဆောင်ထားတယ် ဆိုတဲ့ အမြင်ကိုလဲ ရရှိစေမှာ ဖြစ်ပါတယ်။ ကလေးကို စာဖတ်ပြတဲ့အခါ အသံနေ အသံထားနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖတ်ပြပါ။ ဒီလို အသံနေ အသံထားနဲ့ ဖတ်ပြတာဟာ ကလေးကို စာအုပ်နဲ့ ဇာတ်လမ်း အပေါ်မှာ ပိုပြီး စိတ်ဝင်စားစေပါတယ်။ ကလေးကို စာဖတ်ပြနေရင်းနဲ့ စကားလုံးလေးတွေ (ကကြီး၊ ခခွေး၊ A B C) ကို ထောက်ပြပြီး အသံထွက်တွေ သင်ပေးပါ။ နောက်နဲနဲ့ စာဖတ်ရင့်လာရင် သူတို့ကို ထောက်ပြပြီး ဒါဘာလဲလို့ မေးပါ။ ကလေးက တဖြည်းဖြည်း စာလုံးတွေနဲ့ အသံထွက်တွေကို မှတ်မိလာပါလိမ့်မယ်။ ကလေးတွေကို စာဖတ်ပြတဲ့ နေရာမှာ နည်းမှန်လမ်းမှန် ဖတ်ပြဖို့ လိုပါတယ်။ (၂) ကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ ကလေးစာအုပ်တွေ များများ ထားပေးပါ စာအုပ်တွေကြားမှာ နေရတဲ့ ကလေးတွေဟာ စာအုပ်တွေကို သူငယ်ချင်းလို ချစ်မြတ်နိုးတတ်ကြပါတယ်။ ဒီကလေးတွေဟာ စာဖတ်ဖို့၊ စာအုပ်တွေကတဆင့် ဗဟုသုတ ရှာမှီးဖို့ ဝါသနာ ပါကြပါတယ်။ ဒါ့ကြောင့် အိမ်မှာ ကလေးစာအုပ်ကောင်းလေးတွေကို ကလေးအလွယ်တကူ လက်လှမ်းမှီနိုင်တဲ့…

Continue Readingသင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ