ကလေးကကိုယ်လိုချင်တာမရလို့ ဝုန်းဒိုင်းကျဲ ပေါက်ကွဲရင် ဘယ်လိုဖြေရှင်းမလဲ
မှတ်ချက်။ အင်္ဂလိပ်စကားလုံး Temper Tantrum ကိုဒီဆောင်းပါးမှာ “ဝုန်းဒိုင်းကြဲ” တယ်လို့ ဘာသာပြန်ထားတာပါ။ အကယ်လို့ ဒီ့ထက်ကောင်းတဲ့ စကားလုံး ရှိမယ်ဆိုရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။ ဘာ့ကြောင့်ကလေးတွေ ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာလဲ ဝုန်းဒိုင်းကြဲ ပေါက်ကွဲတယ်ဆိုတာ လေဆင်နှာမောင်း တိုက်သလိုပါပဲ။ အခုနကအကောင်း၊ ခနနေတော့ ထပြီး ဝုန်းဒိုင်းကြဲပြီး ပေါက်ကွဲတော့ တာပါပဲ။ အခုနလေးတင်ပင် သင်နဲ့ သင့်ကလေးနဲ့ စားသောက်ဆိုင်မှာ ထိုင်စားနေတာ၊ အကောင်းကြီး။ ခဏနေတော့ သူ့သောက်ရခွက်က စုပ်တံလေး ကောက်သွားလို့ဆိုပြီး ထဝုန်းဒိုင်းကြဲတော့ တာပါပဲ။ ဒါမျိုးကြုံဖူးကြတယ် မဟုတ်လား။ အထူးသဖြင့် ကလေးအသက် ၁ နှစ်နဲ့ ၃ နှစ်ကြားတွေဟာ ပိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲတတ်ကြပါတယ်။ ဒါမျိုးတွေ မကြာခန ကြုံရရင် ငါ့ကလေးတော့ ကြီးလာရင် ဒုက္ခပဲ ဆိုပြီး မစိုးရိမ်ပါနဲ့။ ဒီလို ဝုန်းဒိုင်းကြဲ ပေါက်ကွဲရတာဟာ ကလေးက သူ့ရဲ့ စိတ်ခံစားမှုကို မထိန်းနိုင်လို့ ဖြစ်ရတာပါ။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဒီအရွယ်ကလေးတွေရဲ့ ဘာသာစကား ပြောကြားနိုင်စွမ်းဟာ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ နားလည်နိုင်စွမ်းကို မှီအောင် မလိုက်နိုင်လို့ပါတဲ့။ ဆိုလိုတာက သူတို့ရဲ့ စိတ်ခံစားမှုနဲ့ သူတို့ ပြောချင်တာ၊ ဆိုလိုချင်တာကို အခြားသူတွေ နားလည်အောင် ပြောပြနိုင်လောက်တဲ့ အထိ သူတို့ရဲ့ စကားပြောစွမ်းရည်က မဖွံ့ဖြိုး သေးလို့ပါ။ ဒီလိုသူများ နားလည်အောင် မပြောပြနိုင်တော့ သူတို့ဟာ စိတ်ရှုပ်၊ စိတ်ပျက်ပြီး စိတ်ပေါက်ကွဲ ဝုန်းဒိုင်းကြဲ တော့တာပါပဲ။ ဝုန်းဒိုင်းကြဲ ပေါက်ကွဲတာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ (၁) စိတ်အေးအေးထားပါ ဒီလိုဝုန်းဒိုင်းကြဲ ပေါက်ကွဲပြီဆိုရင် တော်တော် အကြည့်ရ ဆိုးပါတယ်။ လူကြားသူကြားထဲဆို ပိုတောင်ဆိုးပါတယ်။ ဒီအခါ မိဘလုပ်သူက အရှက်ရ၊ စိတ်မရှည်၊ စိတ်တိုပြီး ကလေးနဲ့ အပြိုင် အော်ဟစ်ရန်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကလေးရဲ့ အခြေအနေကို ပိုပြီး ဆိုးရွားလာစေပါတယ်။ ကလေးတွေ ဝုန်းဒိုင်းကြဲပြီဆို အော်ဟစ်၊ ငိုယို၊ ကန်ကြောက် လုပ်ရုံတင်မကဘူး အနားမှာ ရှိတဲ့ ပစ္စည်းတွေကိုလဲ ပစ်ပေါက်တတ်ကြပါတယ်။ အသက်ကို မရှူပဲ အသက်အောင့်ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မျက်နှာတွေပြာနှမ်းလာတဲ့အထိ အသက်အောင့် ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီအခါမျိုးဆိုရင်လဲ တစ်ခါတလေ မဘလုပ်သူက စိုးရိမ်တကြီး ခြေမကိုင်မိ၊…